Calapro and Hirudoid ဆေးဆိုင်နဲ့ ဆရာဝန် မတူပါ



• ပုံတွေပို့လာတယ်။
• ဘာမေးချင်တာလဲ။ ကျား-မ။ အသက် စတာ မသိရပါ။
• ဆရာ သမီးကိုဒီဆေးအကြောင်းလေရှင်းပြပေးပါလား သမီးက သင်္ကြန်တုန်းက ဆိုင်ကယ်မှောက်လို့ အနာဖြစ်တာ ဒီဆေးလိမ်းနေပါတယ် အနာပျောက်သွားရင် ကျန်ခဲ့တဲ့အမာရွတ်တွေ ပျောက်အောင် ဘယ်အမာရွတ်ပျောက်ဆေး လိမ်းရမလဲမသိဘူးရှင့် ဘယ်အနာရွတ်ပျောက်ဆေး ဝယ်လိမ်းရင် အကောင်းဆုံးဖြစ်မလဲဆိုတာ ဆေးအမည်လေး ညွန်ပေးပါရှင့် ဆရာကိုအစဉ်အမြဲလေးစားလျက်
• CALAPRO ဆေးအစွမ်းနဲ့ အဲ့ဒီဆေးလိမ်းပြီးလို့ ကျန်ခဲ့တဲ့အမာရွတ်တွေ ပျောက်အောင် ဘယ်အနာရွတ်ပျောက်ဆေး လိမ်းရမလဲဆိုတာ ပြောပြပေးပါဆရာ ဆရာ့ကိုအစဉ်အမြဲလေးစားလျက်
• CALAPRO ဆိုတာ ဆေးလား။ လက်ထိပ်စွပ်စရာလား။ ဂူဂယ်လ်မှာရှာရင် လက်ထိစွပ်စရာလို့သာတွေ့ပါတယ်။
• ဆေးပါဆရာ
• Calamine lotion လိမ်းဆေးက အရေပြားမှာ အနေရခက်တာတွေကိုသက်သာဆေးတယ်။ ယားတာသက်သာမယ်။ အင်းဆက်လို အကောင်ကိုက်တာသက်သာမယ်။ ဆေးနည့်မတည့်သူ မသုံးရပါ။ ကိုယ်ဝန်ဆောင်နေချိန်၊ ကလေး နို့တိုက်နေချိန်တွေမှာ မသုံးရပါ။ မျက်စိထဲမဝင်ရ။ အရေပြားနုကိုမလိမ်းရပါ။ ၆ လေအောက်ကလေးတွေကို မသုံးရပါ။ ဆေးနဲ့မတည့်ရင် ဆေးလိမ်းရာမှာ နီရဲပြီး ယားလာမယ်။ သိပ်ဆိုးရင် အသက်ရှူခက်တာဖြစ်မယ်။ Scar (1) အမာရွတ် (၁) နဲ့ Scar (2) အမာရွတ် (၂) ပို့လိုက်ပါတယ်။
• ဆရာ သမီး အရေအပြားမှာ ပွန်းပဲ့သွားတာ calapro လိမ်းနေတာ မှန်ကန်ပါလာဆရာ အနာတွေကတော့ ပျောက်တော့မှာပါ တချို့အနာတွေက ခြောက်ပြီးကွာကျပြီးတော့ အမာရွတ်တွေကျန်ခဲ့လို့ အနာရွတ်ပျောက်လိမ်းဆေး တစ်မျိုးလောက် လမ်းညွန်ပေးပါဆရာ အနာကို ဆေးလိမ်းထားတဲ့ပုံတွေပါဆရာ အမာရွတ်ပုံတွေပါဆရာ တခြားလက်က အမာရွတ်ပုံတွေကို လိုင်းမကောင်းလို့ သင်လို့မရလို့ မသင်တော့ပါဘူးဆရာ
• အမာရွတ်စာကိုသေချာဖတ်ပါ။ လိုတာလိုက်နာပါ။ (သင်) လို့ မရေးရပါ။ (တင်) လို့ရေးရပါတယ်။ အရည်ပြားလို့မရေးရ။ အရေပြားလို့ရေးရ။ ပျောက်တော့မာပါလို့ မရေးရ။ ပျောက်တော့မှာပါလို့ရေးရ။ ကွာကြလို့မရေးရ။ ကွာကျလို့ရေးရ။
• ဟုတ်ကဲ့ပါဆရာ သမီးစာလုံးပေါင်းမှားသွားလို့တောင်းပန်ပါတယ် သမီးအနာကို calapro လိမ်းနေတာ မှန်ကန်တယ်ပေါ့ဆရာ
• မဟုတ်ပါ။ ဆေးနဲ့မတည့်တာဖြစ်ပါမယ်။ ဆေးက အမာရွတ်ပျောက်ဆေးလည်း မဟုတ်ပါ။ ပုံတွေက အလင်းရောင်ကြောင့် ကြည့်မကောင်းပါ။
• ဒါဆိုဆရာ သမီးဆိုင်ကယ်မှောက်လို့ဖြစ်တဲ့ ပွန်းပဲ့သွားတဲ့အနာကို calapro တစ်နေ့သုံးကြိမ်လိမ်းနေတာ မမှန်ကန်ဘူးပေါ့ဆရာ ဆရာသမီးကို ဆေးဆိုင်ကဆေးပေးတုန်းက calapro ရဲနောက်ယက်ဆားလို ပုံစံအထုတ်သေး နှစ်ထုတ်ပေးပြီး အဲ့နှစ်ထုတ်ကို calapro ပုလင်းထဲလောင်းထည့်ပြီး ခေါက်လောက်ပြီး လိမ်းခိုင်းလို့ တစ်နေ့သုံးကြိမ် လိမ်းနေပါတယ် နည်းလမ်းမှန်ကန်ပါသလားဆရာ
• ဆေးဆိုင်နဲ့ ဆရာဝန် မတူပါ။ နှစ်ထုတ် မဟုတ်။ နှစ်ထုပ်လို့သာရေးရ။ တစ်နေ့ကို ဆရာ့ပို့စ်မှာသုံးမှာဖြစ်လို့ တနေ့လို့ ပြင်ပါမယ်။ ဆောရီး။
• ဟုတ်ကဲ့ပါဆရာ သမီးသိချင်တာတွေကိုအခုလိုပြောပြပေးတဲ့အတွက်ကျေးဇူးပါဆရာ ဆရာကိုအစဉ်လေးစားလျက်
• ဟုတ်
• Hirudoid ဆရာ သမီးကိုဒီဆေးအကြောင်းလေးပြောပြပေးပါ သမီးအမာရွတ်ကို ဒီဆေးလိမ်းမလို့ပါ ဒီဆေးကို အမာရွတ်ဖြစ်ရင်လိမ်းလို့ ရပါသလား လိမ်းလို့ရရင်တနေ့ ဘယ်နှစ်ကြိမ်လိမ်းရမလဲဆရာ
• အဲတာက အရေပြား ရေဓါတ်စိုအောင်သုံးတဲ့ဆေးဖြစ်ပါတယ်။ မေးနေသူက ကျွန်တော်ပို့တဲ့ အမာရွတ်စာ (၂) ပုဒ်ကို မဖတ်ဘူးထင်တယ်။ စာထဲကပါတာနဲ့ မဆိုင်တာတွေသာ မေးနေတယ်။ ဆောရီး။ ဖြေသာဖြေရ အကျိုးမရလောက်လို့ ထင်တယ်။ အဲလိုမေးတာတွေက နေ့တိုင်း ၃-၄ ယောက်ရှိတယ်။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ