ကိုယ်ဝန်ရှိမရှိ ဘယ်လို သိနိုင်ပါလဲ ။ ဘယ်နှစ်လ မှာ သိနိုင်ပါသလဲ။


အမျိုးသမီး တစ်ယောက်အနေနဲ့  ကိုယ်ဝန်ရှိခဲ့မယ်ဆိုရင် သန္ဓေအောင်ပြီးသား သားလောင်းအနေနဲ့ မိခင်ရဲ့ သားအိမ်မှာ တွယ်ကပ်ပြီးဆိုတာနဲ့ ဟောမုန်းတစ်မျိုးထွက်လာပါတယ် ။ အဲ့ဒီဟောမုန်းကို မိခင်ရဲ့ ဆီးထဲမှာ တိုင်းတာတွေ့ရှိခြင်းအားဖြင့် ကိုယ်ဝန်ရှိ မရှိ အလွယ်တကူသိနိုင်ပါတယ် ။ မိမိရဲ့ ရာသီပုံမှန် မလာဘဲ ကျော်လာပြီး အစောဆုံးအနေနဲ့ တစ်ပတ်-နှစ်ပတ်အတွင်း သိနိုင်ပါတယ် ။ ဆီးစစ်တဲ့အခါမှာ ပထမဆုံး အနေနဲ့ မနက်စောစောသွားတဲ့ ဆီးကို စစ်သင့်ပါတယ် ။ စစ်ဆေးတဲ့အခါမှာ အကြောင်း နှစ်ကြောင်းပေါ်ရင်တော့ Positive တနည်းအားဖြင့် ကိုယ်ဝန်ရှိတယ်လို့  ပြောလို့ရနိုင်ပါတယ် ။ ဆီးစစ်လို့ Positive ဖြစ်ပြီဆိုရင် ပိုမိုသေချာအောင် Ultrasound ရိုက်သင့်ပါတယ် ။

 Ultrasound က ကိုယ်ဝန်ရှိမရှိ သေချာစေရုံသာမက သန္ဓေသားတည်နေရာကိုပါ ပြောပြနိုင်တဲ့အတွက် မိခင်ကလေး ကျန်းမာရေးအတွက် တိကျတဲ့ စမ်းသပ်ချက် တစ်ခု ဖြစ်ပါတယ် ။ Ultrasound ကို လည်း ရာသီမလာဘဲ ကျော်လာပြီးနောက်ပိုင်း ၁ပတ်ကနေ ၁လအတွင်း စောနိုင်သမျှ စောစော ရိုက်သင့်တယ်လို့ အကြံပြုချင်တယ်။

ဒေါက်တာထက်အောင်
အထွေထွေရောဂါကု ဆရာဝန်
Health Guide
https://www.facebook.com/healthguidemyanmar/posts/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ