အမေရိကန်ပြည်ထောင်စုတွင် လိင်ဆက်ဆံမှုမှတစ်ဆင့် ကူးစက်ရောဂါဖြစ်ပွားမှု အမြင့်ဆုံးအဆင့်သို့ ရောက်ရှိ။


အမေရိကန်ပြည်ထောင်စုတွင် လိင်ဆက်ဆံမှုမှတစ်ဆင့် ကူးစက်ရောဂါ(STD) ဖြစ်ပွားမှုမှာ အမြင့်အဆုံးအဆင့်သို့  ရောက်ရှိနေပြီး အထူးသဖြင့် ကလမီးဒီးယား၊ ဂနိုရီးယား နှင့် ဆစ်ဖလစ် ရောဂါများ ဖြစ်ပွားနေခြင်းဖြစ်ကာ ဆယ်ကျော်သက်နှင့် အရွယ်ရောက်စလူငယ်များတွင် အများဆုံးဖြစ်ပွား လျက်ရှိကြောင်း အမေရိကန်ပြည်ထောင်စု ရောဂါထိန်းချုပ်ရေးနှင့်တားဆီးကာကွယ်ရေးဌာန CDC က ထုတ်ပြန်ကြေညာသည်။

ဂနိုရီးယား နှင့် ကလမီးဒီးယား ရောဂါကူးစက်ခံနေရသူ ထက်ဝက်ကျော်မှာ အသက် ၂၅ နှစ်မပြည့်သေးသူများ ဖြစ်ကြောင်း၊ STD သည် ရေရှည်ကျန်းမာရေးပြဿနာကို ပေးနိုင်ကြောင်း၊ နာတာရှည်ကိုက်ခဲနာကျင်မှုများကို ခံစားနိုင်သည့်အပြင် အမျိုးသမီးများတွင် ကိုယ်ဝန်မမြဲသည့်ပြဿနာများ ဖြစ်ပွားနိုင်ကြောင်း၊ ထို့ အပြင် ကိုယ်ဝန် ဆောင်စဉ် ဆစ်ဖလစ်ရောဂါပိုးကူးစက်ခံရသောမိခင်ထံမှ ကလေးထံသို့  ရောဂါပိုးကူးစက်နိုင်ကြောင်း၊ ကလေးတွင် မွေးရာပါချို့ ယွင်းမှုများ ပါလာနိုင်သလို ကလေးအသေမွေးဖွားမှုနှုန်းကိုလည်း မြင့်တက်စေနိုင်ကြောင်း သိရသည်။

အမေရိကန်ပြည်ထောင်စုမှာ STD ကူးစက်မှုတွေကို စောင့်ရှောက်ကုသပေးနေတဲ့စင်တာတွေကို ထောက်ပံ့ငွေ လျှော့ချလိုက်တဲ့အတွက် စင်တာအများအပြား ပိတ်သိမ်းသွားခဲ့ရပြီးတဲ့နောက် အခုလို STD ဖြစ်ပွားမှုနှုန်း အမြင့်ဆုံး ကို ရောက်ရှိလာခြင်း ဖြစ်ပါတယ်။ ကျွန်တော်တို့ အနေနဲ့  STD ကို တားဆီးကာကွယ်ဖို့ ဆိုတာ ခိုင်မာပြည့်ဝတဲ့ အခြေခံအုတ်မြစ် လိုအပ်ပါတယ်။ ၂၀၁၂ ခုနှစ်မှာ STD ဆေးခန်းပေါင်း (၂၀) ခုထက်မနည်း ပိတ်ခဲ့ရပါတယ်။ အဲဒီ နောက်ပိုင်းမှာ အခုလိုပဲ STD ဖြစ်ပွားမှုနှုန်းဟာ အမြင့်ဆုံးအဆင့်ကို ရောက်ရှိလာခြင်းဖြစ်ပါတယ်ဟု CDC မှ တာဝန် ရှိသူတစ်ဦးက ပြောပြသည်။
ဆစ်ဖလစ်ကူးစက်မှုမှာ စိုးရိမ်ဖွယ်မြင့်တက်လာနေကြောင်း၊ ၂၀၁၅ တွင် ၂၃၈၇၂ ဦး ရှိခဲ့သဖြင့် ၂၀၁၄ ကိန်းဂဏန်း များထက် ၁၉ ရာခိုင်နှုန်း မြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်း၊ လွန်ခဲ့သောဆယ်စုနှစ်ကတည်းက ဆစ်ဖလစ်ကူးစက်မှု မှာ စဉ်ဆက်မပြတ် မြင့်တက်လာနေခဲ့ကြောင်း၊ တစ်ချိန်ထဲတွင် ကလာမီးဒီးယား နှင့် ဂနိုရီးယား ကူးစက်မှုတို့ လည်း လိုက်ပါမြင့်တက်လာနေခြင်းဖြစ်ကြောင်း၊ ၂၀၁၅ တွင် ဂနိုရီးယားဖြစ်နေသူ ၃၉၅၂၁၆ ဦး၊ ကလာမီးဒီယား ဖြစ်နေသူ ၁.၅ သန်းဦးထက်မနည်း ရှိခဲ့ကြောင်း သိရသည်။

Myawady Health
https://www.facebook.com/pg/myawadyhealth

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ