ပျက်စီးနေသော ဒူးခေါင်းအရိုးနုများကို နှာခေါင်းဆဲလ်များအသုံးပြုကုသ။


ဆွီဒင်နိုင်ငံ၊ Basel တက္ကသိုလ်မှ ကျန်းမာရေးသုတေသီများသည် ဒူးခေါင်းရှိအရိုးနုများပျက်စီးနေသည်ကို နှာခေါင်း ဆဲလ်များအသုံးပြု ကာ အသက် (၁၈)နှစ်မှ (၅၅)နှစ်အရွယ် လူနာ (၁၀) ဦး ကို အောင်မြင်စွာကုသနိုင်ခဲ့ကြောင်း သိရသည်။

ဒူးခေါင်းတွင်းရှိ အရိုးနှစ်ချောင်းထိဆက်ရာ မျက်နှာပြင်တွင် တစ်ရှုးဆန်သောအရိုးနုများရှိကြောင်း၊ အချိန်ကြာလာ သည်နှင့်အမျှ ၄င်းအရိုးနုများသည် ခြောက်ခမ်းတိုက်စားပျက်စီးသွားလေ့ရှိကြောင်း၊ ထို့ ကြောင့် ဒူးဆစ်များနာကျင် ကိုက်ခဲခြင်းကို ခံစားရခြင်းဖြစ်ကြောင်း၊ ဆိုးရွားလာလျင် ထိုင်ရာမှမထနိုင်၊ ထရာမှမထိုင်နိုင်၊ လမ်းကြာရှည် မလျှောက်နိုင်သော ဝေဒနာများကို ခံစားရလေ့ရှိကြောင်း၊ အမေရိကန်ပြည်ထောင်စုတစ်ခုတည်းတွင် အရိုးအကြော နာကျင်ကိုက်ခဲမှုဝေဒနာကို ခံစားနေရသူဦးရေမှာ အရွယ်ရောက်သူ ၁၃.၉ ရာခိုင်နှုန်း၊ သက်ကြီးပိုင်းသို့ ရောက်နေသူ ၃၃.၆ ရာခိုင်နှုန်း ရှိနေကြောင်း အမေရိကန်ပြည်ထောင်စု၊ ရောဂါထိန်းချုပ်ရေးနှင့်တားဆီးကာကွယ်ရေးဌာန CDC က ထုတ်ပြန်ထားသောကိန်းဂဏန်းများအရ သိရသည်။
ဒူးခေါင်းအရိုးနုယိုယွင်းပျက်စီးလာတာကို ကြိုတင်ကာကွယ်ဖို့ ၊ နှောင့်နှေးအောင်ထိန်းထားနိုင်ဖို့  ကုထုံးအထွေအထူး မရှိပါဘူး။ ဆေးပညာတိုးတက်လာတဲ့နောက်မှာတော့ လူနာတွေအနေနဲ့  microfracture surgery လို့ ခေါ်တဲ့ အဲဒီ ပျက်စီးနေတဲ့ ဒူးခေါင်းအရိုးနိုတွေရဲ့ ပတ်ဝန်းကျင်မှာ အပေါက်ငယ်လေးတွေကို ဖောက်ပေးတဲ့ ခွဲစိပ်ကုသမှုကို ခံယူနိုင်လာကြပါပြီ။ ဒူးခေါင်းအရိုးမျက်နှာပြင်တွေမှာ အပေါက်လေးတွေဖောက်ပေးခြင်းအားဖြင့် အရိုးနုလေးတွေ ပြန်ကောင်းလာအောင် ဇီဝကမ္မဖြစ်စဉ်ကို လှုံ့ ဆော်ပေးခြင်း ဖြစ်ပါတယ်။

ဒီလိုအပေါက်လေးတွေမဖောက်ဘဲ လူနာ ရဲ့  အရိုးနုကိုဖြစ်စေတဲ့ဆဲလ်ကို ခန္ဓာကိုယ်ရဲ့ နောက်တစ်နေရာကနေ ယူမွေးပြီး ထည့်ပေးတဲ့စနစ်ကို စမ်းသပ်ခဲ့တာ ပါ။ အဲဒီလိုအရိုးနုကို နှာခေါင်းမှာတွေ့ ရတဲ့အတွက် နှာခေါင်းက အရိုးနုကိုဖြစ်စေတဲ့ဆဲလ်ကို ပြန်ပွားယူပြီး ပျက်စီးနေ တဲ့ ဒူးခေါင်းအရိုးနုမှာ ထည့်ပေးလိုက်ခြင်းဖြစ်ပါတယ် ဟု သုတေသီတစ်ဦးက ရှင်းပြသည်။
သုတေသီများသည် လူနာ၏နှာခေါင်းအရိုးနုနေရာမှ ၆မမအရွယ်ရှိအသားစကိုထုတ်ယူပြီး ဆဲလ်များကို (၂)ပတ် ကြာ အောင် မွေးယူကာ ပျက်စီးနေသောဒူးခေါင်းအရိုးနုနေရာများတွင် အစားထိုးထည့်သွင်းပေးခြင်းဖြစ်ကြောင်း၊ ယင်း ဆဲလ်များက ပျက်စီးနေသောဒူးခေါင်းအရိုးနုနေရာရှိ အပေါက်များကို ပြန်လည်ဖာထေးသွားနိုင်ရန်မှာ (၂)နှစ်ခန့် ကြာ မြင့်မည်ဖြစ်ကြောင်း၊ လူနာအနေဖြင့် ယင်း (၂)နှစ်အတွင်း ဝေဒနာသက်သာလာမည်ဖြစ်ကြောင်း သိရသည်။

Myawady Health
https://www.facebook.com/pg/myawadyhealth

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ