အားပြည့်ကျန်းမာရေး အစားအစာတစ်ချို့ဟာ လူကို ပိုပြီး ပင်ပမ်းနွမ်းလျစေနိုင်


အဆီမပါတဲ့ အနံ့အရသာဖြည့် ဒိန်ချဉ်

ဒိန်ချဉ်အားလုံးကို တစ်ပုံစံတည်း ပြုလုပ်ထားကြတာ မဟုတ်ပါဘူး။ ၆အောင်စခန့်ရှိ အဆီမပါဘူးဆိုတဲ့ ချောကလက်ဒိန်ချဉ်ဗူးတစ်ဗူးမှာ အောဂင်းနစ်သကြား ၃၅ ဂရမ်ထိ ပါဝင်နေတတ်ပါတယ်။
ဘယ်ရီသီးနဲ့ သစ်စေ့ထည့်ထားတဲ့ ဒိန်ချဉ်စစ်စစ်ကို စားသုံးခြင်းဖြင့် ကိုယ်တွင်းသကြားဓါတ်နဲ့ ပရိုတင်းဓါတ်တွေကို ညီညွတ်မျှတအောင် ထိန်းညှိပေးပါတယ်။

သားသတ်လွတ် မုန့်ကြွပ်ကြော်များ

သားသတ်လွတ် အသီးအရွက်ထုတ် အကြော်လို့ နာမည်မြင်တာကြောင့် ၀ယ်စားလိုက်ပေမယ့် တကယ့်နေ့စဉ်ဘ၀မှာ အသီးအရွက်တွေ စားနေတာမဟုတ်ပါဘူး။
ဒီအကြော်တွေဟာ ကြွပ်ရွပြီး ငံတူးတူးအရသာရှိကာ များသောအားဖြင့်တော့ အားလူးလို ကစီဓါတ်များတဲ့ အသီးအနှံမျိုးက ထုတ်လုပ်ထားတာဖြစ်ပါတယ်။

ရယ်ဒီမိတ် အကြော်မျိုးတွေ စားမယ့်အစား အိမ်မှာ ကိုယ်တိုင်ကြော်စားလို့ရတဲ့ ကန်စွန်းဥ နဲ့ အားလူးမျိုးကိုသာ စားသုံးသင့်ပါတယ်။

ကော်ဖီ

အိပ်စက်ခြင်းနဲ့ ပတ်သက်ပြီး ပြဿနာရှိသူတွေဟာ ကော်ဖီကို မနက်ပိုင်းမှာ သောက်သုံးပေးသင့်ပါတယ်။ မနက်စောစော အိပ်ယာထမှာ ပိုပြီးများနေတတ်တဲ့ စိတ်ဖိစီးမှုဖြစ်စေတဲ့ ဟော်မုန်းတွေကို လျှော့ချပေးနိုင်တာကြောင့် ဖြစ်ပါတယ်။ နေ့လည် ၃ နာရီ နောက်ပိုင်း မသောက်သင့်တာကတော့ ကဖိန်းဓါတ်ဟာ သောက်သုံးပြီး ၆နာရီကြာ အာနိသင်ရှိတာမို့ ကောင်းမွန်ပြည့်ဝတဲ့ အိပ်စက်ခြင်းကို အနှောက်အယှက်ပေးလို့ ဖြစ်ပါတယ်။

သစ်သီးဖျော်ရည်များ

အင်အားပြည့် လန်းဆန်းချင်လို့ ဆိုင်က ၀ယ်သောက်တဲ့ သစ်သီးဖျော်ရည်စစ်စစ်ဆိုတာတွေမှာ သကြား ၂၅ ဂရမ်လောက်ဟာ ပုံစံအမျိုးမျိုးနဲ့ ပါဝင်နေတာဖြစ်ပြီး လိုအပ်တဲ့ အဆီ၊ ပရိုတင်းနဲ့ အမျှင်ဓါတ် အပြည့်အ၀မပါတာကြောင့် အင်အားပြန်လည် ပြည့်တင်းစေမှာ မဟုတ်ပါဘူး။
အိမ်မှာ ကိုယ်တိုင်ဖျော်သောက်တဲ့ ပဲနို့ရည် ၊ ထောပတ်သီး ဖျော်ရည်မျိုးမှာသာ ပရိုတင်းနဲ့ လိုအပ်တဲ့ အဆီဓါတ်တွေ ပါဝင်တာ ဖြစ်ပါတယ်။


( Michelle )



#health.thithtoolwin.com
#သစ်ထူးလွင်(ကျန်းမာရေး)

Ref : Mens Health


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ