ငှက်ပျောခွံကို စမ်းသပ်ပြီး အရေပြားကင်ဆာကို ခြေရာခံနိုင်ဖို့ ပညာရှင်တွေ စီစဉ်

ငှက်ပျောသီးအခွံမှာ ထင်နေတဲ့ အမည်းပြောက်တွေဟာဆိုရင်တော့ Tyrosinase လို့အမည်ရတဲ့ အင်ဇိုင်းတစ်မျိုးကြောင့်ဖြစ်ပေါ်လာတာဖြစ်ပြီးတော့ လူတွေရဲ့ အရေပြားမှာလည်း ဒီအင်ဇိုင်းက ပါဝင်လျက်ရှိပါတယ်။

လူတွေမှာ ဒီအင်ဇိုင်းတွေ အရေအတွက်များပြားလာပြီဆိုရင်တော့ အရေပြားကင်ဆာဖြစ်စေနိုင်တဲ့ အကျိတ်တွေဖြစ်ပေါ်လာစေတယ်လို့ သိရပါတယ်။ ပညာရှင်တွေကတော့ ဒီလိုတွေ့ရှိချက်ကနေ ကင်ဆာခြေရာခံစက်ကို တည်ဆောက်နိုင်ဖို့ စီစဉ်နေပြီး ငှက်ပျောခွံကို စမ်းသပ်ရာကနေ လူသားတစ်သျှူးတွေကို ကူးပြောင်းစမ်းသပ်နိုင်ဖို့ကို ကြိုးစားလျက်ရှိနေတာပါ။

ဆွစ်ဇာလန်နိုင်ငံက ပညာရှင်တွေကတော့ ဒီအင်ဇိုင်းတွေဟာဆိုရင်တော့ အရေပြားအကျိတ်တွေကို ဖြစ်စေတဲ့ အဓိက တရားခံတွေဖြစ်တယ်ဆိုတာကို စမ်းသပ်ဖော်ထုတ်ခဲ့ပြီး ဖြစ်ပါတယ်။

အရေပြားကင်ဆာဖြစ်ကာစ အဆင့်တစ်မှာဆိုရင်တော့ ဒီအင်ဇိုင်းတွေဟာ မထင်ရှားသေးဘဲနဲ့ တဖြည်းဖြည့်ပျံ့နှံ့လာပါတယ်။ အဆင့် ၂ အရောက်မှာတော့ နေရာမျိုးစုံကို ဒီအင်ဇိုင်းတွေက မညီမညာ ပျံ့နှံ့လာပါပြီ။ နောက်တစ်ဆင့်ဖြစ်တဲ့ အဆင့် ၃ မှာတော့ ကင်ဆာရုပ်လုံးပေါ်လာပြီဖြစ်ပြီး ခန္ဒာကိုယ်တစ်ခုလုံးကို ပျံ့နှံ့သွားတယ်လို့ သိရှိခဲ့ကြပြီးဖြစ်ပါတယ်။

အရေပြားကင်ဆာဟာဆိုရင်တော့ နောက်ထပ်ဆယ်နှစ်လောက်သာ ဆက်ပြီးအသက်ရှင်နိုင်ပြီး ဒီအင်ဇိုင်းတွေကို ခြေရာခံပြီး အရေပြားကင်ဆာဖြစ်/မဖြစ်သိနိုင်ဖို့ကိုတော့ အခုအချိန်မှ စတင်တီထွင်နိုင်တာလည်းဖြစ်ပါတယ်။

“ကျွန်တော်တို့ သစ်သီးတွေကို အခြေခံလေ့လာခြင်းအားဖြင့် ရောဂါလက္ခဏာတွေကို မြန်မြန်သိရှိနိုင်တော့မှာဖြစ်ပြီး ကင်ဆာဆဲလ်တွေကို မပြန့်အောင် ထိန်းချုပ်နိုင်တော့မှာပါ။ နောက်ပိုင်းကာလတွေမှာတော့ ရောဂါရှိမရှိကို အသားမျှင်ထုတ်စစ်ဆေးတာမျိုးတွေ ပြုလုပ်နိုင်ဖို့ မျှော်လင့်ထားပါတယ်။ ကျွန်တော်တို့ အခုလောလောဆယ်ရှိနေတဲ့စက်ကတော့ ကင်ဆာဆဲလ်တွေကို ဖျက်ဆီးနိုင်တဲ့ စက်ပါ ” လို့ လေ့လာသူတွေက ပြောပါတယ်။


( Paing A K )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Dailymail


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ