စိတ်ဖိစီးမှုကိုတိုက်ဖျက်ရန် မုန့် ပဲသွားရေစာများထက် အာဟာရပြည့်ဝသော အစားအစာများက ပို၍ သင့်လျော်


နေ့ စဉ်ကြုံတွေ့ ဖြတ်သန်းနေရသော အလုပ်ကိစ္စများ အပြင် အမှတ်မထင်ဖြစ်ပေါ် လာတတ်သည့် ကိစ္စများ ကြောင့် စိတ်ဖိစီးမှုကို ခံစားရသော်အခါ စိတ်အလိုကို လိုက်ကာစားမြိန်များ ၊ မုန့် ပဲ သွားရေစာများကို စားသုံးခြင်းထက် အာဟာရပြည့်ဝသောအစားအစာများကိုစားသုံးခြင်းက ပို၍ သင့်လျော်ကြောင်း အမေရိကန်ကျန်းမာရေးသုတေသီများကပြောသည် ။ စိတ်ဖိစီးမှုကို ခံစားရတဲ့အခါ လူတွေကရေခဲမုန့်  ၊ချောကလက် ၊ ပီဇာ ၊ အချို၊အငံအစရှိတာတွေကို စားပြီး မိမိကိုယ် ကိုယ် နှစ်သိမ့်ကြပါတယ်။ အချို့ အစားအစာတွေက စိတ်ဖိစီးမှုကို သက်သာစေတာ မှန်ပါတယ် ။ ဒါပေမယ့် မုန့် ပဲသွားရေစာဆန်တဲ့ အစားအစာတွေထက် အဟာရပြည့်ဝတဲ့ အစား အစာတွေကို ရွေးချယ် စားသောက်တာက စိတ်ဖိစီးမှုအတွက် ပိုပြီးကောင်းပါတယ် ဟုသုတေသီတစ်ဦးကပြောပြသည် ။

အခြေခံအာဟာရ လိုအပ်ချက် အပြင် ကျန်းမာရေးကိုလည်း အကျိုးပြုသည့် အစားအစာများကို super food ဟုခေါ် ကြောင်း ၊ super food များသည် ခန္ဓာကိုယ်တွင်း၌ အဆိပ်အတောက်များကို ဖယ်ရှားပေးသည့် အမိုင်နိုအက်ဆစ် တစ်မျိုးဖြစ်သော Glutathione ကိုအထွက်များစေကြောင်း ၊ ထို့ ကြောင့် super food များက လူကိုနုပျိုကြည်လင် စေပြီး စိတ်ဖိစီးမှုကိုဖြစ်စေသော ဟော်မုန်းကိုလည်း အထွက်မများအောင် ထိန်းပေးထားနိုင်မည်ဖြစ်ကြောင်း သိရသည် ။ စိတ်ဖိစီးမှုမှသက်သာစေရန် စားသုံးသင့်သော အစား အစာများမှာ ကိုက်လန် ၊ ပန်းမုန်လာ ၊ မုန်ညင်း ၊ အခွံမာသီး ၊ ဆော်လမွန်ငါး နှင့် အခြား အဆီပေါသော ငါးများ ၊ အချဉ်တည်ထားသော ကင်မ်ချီကဲ့သို့ အစားအစာများ ၊ ဆေးမြစ် များပါဝင်သော ဟင်းခတ် အမွှေး အကြိုင်နှင့် ဗီတာမင် C ပေါများသော ဇီးသီးများဖြစ်ကြောင်း သိရသည် ။

 ဗီတာမင်စီသည် စိတ်ဖိစီးမှုကိုဖြစ်စေသော ကော်တီစောဟိုမုန်းကို လျှော့ချပေးကြောင်း ၊ ဗီတာမင်စီ တွင်ပါဝင်သော ascorbic acid ကြောင့် ဖြစ်ကြောင်း ၊ ဗီတာမင်စီ လုံလောက်ပြည့်ဝနေ လျင် သွေးပေါင် ချိန်ကောင်းမွန်ပြီး စိတ်ဖိစီးမှု ကိုလည်း သက်သာစေ နိုင်ခြင်းဖြစ်ကြောင်း ၊ အစားအစာများသည် ဦးနှောက်နှင့် ခန္ဓာကိုယ် အတွက် လိုအပ်သည့် အဟာရများကို ဖြည့်ဆည်းပေးသည်ကဲ့သို့  လူ့ စိတ် ပေါ်လည်း အကျိုး သက်ရောက်မှုကြောင်း သုတေသီများကေ့ပြာသည် ။ စိတ်ဖိစီးမှုဖြစ်လျင် ရှောင်ကြဉ်သင့်သည့် အစား အစာများမှာ သွားရည်စာများ ဖြစ်သည့် အာလူးကြော် ၊ ရေခဲမုန့် ၊ ချိုချဉ်ငံစပ်မုန့် ပဲသွားရည်စာများ အစ ရှိသည်တို့ ဖြစ်ပြီး  ၄င်းတို့ တွင် ပါဝင်သော ဓါတ်သတ္တိများက စိတ်ဖိစီးမှုကို ပို၍ ဆိုးရွားစေနိုင်ကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ