လုပ်ငန်းခွင် ကျန်းမာရေး အဆင့် မြှင့်တင်ပေး


လုပ်ငန်းခွင်အတွင်း အန္တရာယ်ကင်းရှင်းရေးဟာ အလုပ်သမားတွေအတွက် မရှိမဖြစ် ကြိုတင်ကာကွယ်ခြင်းပဲ ဖြစ် တယ်။ လုပ်ငန်းခွင်ဆိုရာမှာ အမျိုးမျိုးရှိနိုင်ပါတယ်။
အထပ်မြင့် ဆောက်လုပ်ရေးလုပ်ငန်းခွင်၊ ပင်လယ်ကူးသင်္ဘော၊ လှေ၊ သမ္ဗန်များလုပ်ငန်းခွင်၊ ရေထွက်ပစ္စည်းလုပ်ငန်းခွင်၊ ပညာရေးလုပ်ငန်းခွင်၊ ကျန်းမာရေးလုပ်ငန်းခွင်၊ ဓာတုဗေ ဒနှင့် နျူကလီးယားလုပ်ငန်းခွင်စတဲ့ အသက်အန္တရာယ်နဲ့ နီးတဲ့လုပ်ငန်းခွင်ထိပါဝင်တယ်။ လုပ်ငန်းခွင်ဝင်မဲ့ အမျိုးသား၊ အမျိုးသမီးတွေဟာ အလုပ်လျှောက်လွှာ တင်ရတယ်။ သည်နေရာမှာ နေရာဌာနနဲ့လိုက်ပြီး ကျန်းမာရေးထောက်ခံမှု၊ စစ်ဆေးမှုတွေ မလွဲမသွေ ဆောင်ရွက်ရတတ်တယ်။ ကွန်ပျူတာရိုက်ဖို့ မိတ္တူဆိုင်မှာ မိတ္တူကူးပေးဖို့လောက်က သာမန်ကျန်းမာရေး တွေ့ရှိချက်လောက်နဲ့ ရနိုင်ပေမယ့် အများနဲ့ဆိုင်တဲ့ ဘဏ်လုပ်ငန်းခွင် ကျန်းမာရေး၊ ပညာရေး လုပ်ငန်းခွင်တွေမှာတော့ မိမိကတစ်ဆင့် အခြားသူများ ရောဂါ မကူးစက်နိုင်ရေး၊ ကူးစက်ရောဂါ အထူးသဖြင့် အဆုတ်တီဘီ၊ အသည်းရောင်အေ၊ ဘီ၊ စီနဲ့ အိပ်ခ်ျအိုင်ဗွီရောဂါများ အထိ စစ်ဆေးဖို့လိုလာပါတယ်။ သည်အပေါ်မူတည်ပြီး အလုပ် ခန့်သင့်၊ မသင့်ဆုံးဖြတ်ပါတယ်။

လုပ်ငန်းခွင်အတွင်းမှာ လုံခြုံစိတ်ချပြီး ကျန်းမာရေးနဲ့ပြည့်စုံတဲ့ စားသောက်မှုရှိဖို့လိုပါတယ်။ အသင့်အမြန်စား အစားအစာဖြစ်တဲ့ ဟမ်ဘာဂါ၊ ဆင်းဒဝှစ်၊ ပီဇာ၊ အာလူးေ ချာင်းကြော်တို့ဟာ ပြည့်ဝဆီနဲ့ပြုပြင်ထားတဲ့ဝက်ဆီ၊ ဆီအုန်း၊ နှစ်ခါ ပြန်ကြော်ဆီတို့ကို သုံးတာကြောင့် သွေးအတွင်းကိုလက်စထရောမြင့်မားပြီး အဝလွန်ခြင်း၊ ဆီးချို၊ သွေးတိုးနှင့် ကင် ဆာရောဂါရစေနိုင်သလို နှလုံးနှင့်သွေးကြောရောဂါများ ရနိုင်တယ်။

အချို့ဘဏ်တွေမှာ နေ့လယ်စာကျွေးတဲ့စနစ်က ဘဏ်လုပ်သားတွေနဲ့ နွေးထွေးမှုရသလို ကျန်းမာရေးနဲ့ ပတ်သက်ပြီး လုံခြုံစိတ်ချရတဲ့အစာ ချက်ပြုတ်ရတာဖြစ်လို့ အသိပညာေ ပးနိုင်တယ်။ အဆင့်မြင့်နိုင်တယ်။ လုပ်ငန်းခွင်မှာ စိတ်ကျန်း မာရေး ကောင်းမွန်ဖို့လိုတယ်။ ဘဏ်လုပ်သားတစ်ဦးဟာ စက္ကူရေတွက်စဉ်နှာခေါင်းစည်း စည်းပေးဖို့လိုအပ်သလို ငွေ စက္ကူကိုင်ပြီးရင်လည်း ရေ၊ ဆပ်ပြာတို့နဲ့ စက္ကန့် ၂ဝ ကြာ ဆေးကြောဖို့လိုတယ်။ ငွေစက္ကူတစ်ရွက်မှ ရောဂါပိုးများစွာ ဝင်ရောက်နိုင်ပါတယ်။ ယင်းအသိက ငွေကိုင်ပြီးတိုင်းထပြီး လက်ဆေးနေတဲ့သူအတွက် စိတ္တဇရောဂါလိုလိုဖြစ်နေ တယ်။ အများနဲ့ဆိုင်တဲ့ လုပ်ငန်းတစ်ခုမှာ ကိုယ်တစ်ယောက်တည်းထူးပြီး အသန့်ကြိုက်သူတစ်ယောက် ဖြစ်နေနိုင်သ လို ဇီဇာကြောင်တဲ့သူဖြစ်နိုင်တယ်။ အလုပ်ပင်ပန်းမှုကို အကြောင်းပြုပြီး အရက်၊ မူးယစ်ဆေး စိတ်ကြွဆေးသုံးခြင်း မျိုးလည်းရှိလာနိုင်ပါတယ်။ အရက်စွဲခြင်း၊ မူးယစ်ဆေးစွဲခြင်းတို့က ကျန်းမာရေးညံ့ဖျင်းစေတဲ့အပြင် စွမ်းအားလျော့စေပါတယ်။

လုပ်ငန်းခွင်မှာ ကွမ်းစားတတ်တဲ့စရိုက်က ကျန်းမာရေးအတွက် ပတ်ဝန်းကျင်သန့်ရှင်းရေးအတွက် မဖြစ်သင့်တဲ့ ပြုမူမှုပဲဖြစ်တယ်။ မြန်မာမှန်ရင် ကွမ်းစားတတ်တယ် မဆိုထားပေ မယ့် လူတိုင်းနီးနီးကွမ်းစားတတ်တယ်။ ကွမ်းသွေးတွေ တွေ့ကရာလိုက်ထွေးလို့ မြို့တော်၊ မြို့အနှံ့ကွမ်းသွေးကွက်တွေနဲ့ ညစ်ပတ်နေသလို အဆုတ်တီဘီရောဂါရှိတဲ့ သူဖြစ် ခဲ့ရင် ယင်းမှအသက်ရှူလမ်းကြောင်း(လေကတစ်ဆင့်)မှ အဆုတ်တီဘီစတဲ့ရောဂါ ကူးစက်နိုင်တယ်။ ကွမ်းစားတဲ့ သူ တွေအတွက် သွားတွေနီရဲပြီး ကြည့်ရဆိုးရွားပါတယ်။ ကွမ်း စားစား၊ မစားစားသွားကျန်းမာရေးဂရုစိုက်ဖို့လိုသလို သွား များကျန်းမာသန်စွမ်းမှ အစာအိမ်ရောဂါ၊ ဗိုက်အောင့်၊ လေနာရောဂါ၊ သွားကိုက်၊ သွားနာခြင်းတို့မှ ကင်းဝေးနိုင်ပါတယ်။

လုပ်ငန်းခွင်ဝင်သူတိုင်း အလုပ်ပင်ပန်းမှုကို အကြောင်းပြပြီး အရက်၊ မူးယစ်ဆေးဝါးသုံးစွဲရာမှ စွဲသွားကြတယ်။ အရက်စွဲတဲ့ ဝန်ထမ်းဟာ အလုပ်ခွင်မှာ အချိန်ပြည့်စိတ် နှစ်ထားတာ မလုပ်နိုင်ဘူး။ ယခင်လုပ်ဖူး၊ သင်ကြားဖူးတာ ပြန်လည် စဉ်းစားအသုံးချနိုင်စွမ်းမရှိတော့ဘူး။ ဒီထက်ဆိုးရွားလာရင် ခြေတုန်လက်တုန်ပြီး အရက်၊ မူးယစ်ဆေးသာ အာသီသရှိ တာကြောင့် အလုပ်မပြီးတော့ဘူး။ ကြန့်ကြာမှုတွေရှိလာတယ်။ လုပ်သားတိုင်းအရက်၊ မူးယစ်ဆေးစွဲခြင်းကို ဖြတ်ပေးရမယ်။ အကောင်းနဲ့အဆိုးပြပြီး သတိပေးထားရမယ်။ လုပ်ငန်းခွင်ဝင်တဲ့ လုပ်သားတစ်ယောက်ဟာ မျှတတဲ့ကိုယ်ခန္ဓာ အချိုးအဆဘီအမ်အိုင် ရှိရပါမယ်။ ဘီအမ်အိုင်ဆိုတာ အလေးချိန်၊ ကီလိုဂရမ်ကို အရပ်အမြင့်မီတာ နှစ်ထပ်ကိန်းနဲ့ စားလို့ရတဲ့ရလဒ်ဖြစ်ပြီး သာမန် ၁၈ ဒသမ ၉ မှ ၂၄ ဒသမ ၉ အတွင်းရှိရပါမယ်။

အဝလွန်ခြင်း၊ ခန္ဓာကိုယ် အလေးချိန်များခြင်း မဖြစ်ရအောင် နေ့စဉ်နာရီဝက်မှ တစ်နာရီ လမ်းလျှောက်၊ အပြေး၊ စက်ဘီးစီး၊ ရေကူးခြင်းပြုလုပ်ပေးသင့်တယ်။ အသင့်အမြန်စား အစားအစာမစားဘဲ အိမ်မှာစနစ်တကျ ချက်ပြုတ်ထား တဲ့အစားအစာ ဦးစားပေးစားရမယ်။ လုပ်ငန်းခွင်အတွင်း ဆေးလိပ်သောက်သုံးမှု တားမြစ်ရမယ်။ အဲယားကွန်းခန်းတွေ မှာ ဆေးလိပ်သောက်မိရင် အခန်းထဲက အခြားသူအားလုံး ဆေးလိပ်သောက်တဲ့ ဆိုးကျိုးမျိုးခံစားရသလို သူကတစ်ဆင့် အဆုတ်တီဘီစတဲ့ ရောဂါဖြစ်စေတဲ့အပြင် လေထုညစ်ညမ်းမှု၊ မီးဘေးအန္တရာယ်တို့ ကြုံတွေ့ရနိုင်လို့ ဆေးလိပ် ဖြတ်သင့်တယ်။

ဆေးလိပ်ဖြတ်ခြင်းဖြင့် အဆုတ်ကင်ဆာ၊ အဆုတ်နာကင်းစေရုံမက အခြားသူများလည်း ထိခိုက်မှုမရှိနိုင်ပါဘူး။ လုပ်ငန်းခွင်မှာ အကောင်းမြင်စိတ်ရှိရမယ်။ ငါဘယ်တော့အ လုပ်ပြုတ်မလဲ စိုးရိမ်မှုမပါဘဲ စိတ်နှစ်လုပ်သင့်တယ်။ လုပ်ငန်း ခွင်တိုးတက်အောင် ဆုပေး၊ ဒဏ်ပေးစနစ်ကျင့်သုံးကြပါတယ်။ အလုပ်နောက်ကျရင် လစာထဲက ဖြတ်သလိုမျိုးပေါ့။ တစ်နှစ်တာလုံးခွင့်ရက်မယူ အလုပ်ဆင်းတဲ့သူကို ချီးမြှောက်ပေးသင့်သလို ခွင့်ရက်များသူတွေ သတိပေးရမယ်။

လူငယ်လုပ်သားတွေအနေနဲ့ လိင်ဆက်ဆံခြင်းမှ ရတဲ့ရောဂါ စတဲ့ကျန်းမာရေး ပညာပေးခြင်းမျိုး ရရှိထားဖို့ လိုပါတယ်။ ကလေးသိပ်နီးတဲ့ အိမ်ထောင်ရှင်တွေ သားဆက်ခြား ထားနည်းနဲ့ ဆောင်ရွက်ဖို့လိုအပ်သလို ကိုယ်ဝန်သည် အလုပ်သ မအတွက် မီးဖွားခွင့် ယခင်သုံးလမှ ယခုခြောက်လ အပြည့်ခံစားခွင့်ပေးရမယ်။ မိသားစုရေး စိတ်အေးမှသာ လုပ်ငန်းခွင်မှာအာရုံနှစ်ထားနိုင်ပြီး အလုပ်ပိုမိုတွင်ကျယ် အောင်မြင်လာမှာဖြစ်တယ်။

ရုံး၊ စက်ရုံ၊ အလုပ်ရုံတွေမှာ အရေးပေါ် ထိခိုက်ဒဏ်ရာကု ဆေးသေတ္တာရှိဖို့လိုတယ်။ စက်ရုံကြီးတွေမှာဆိုရင် ဆရာဝန်ခန့်အပ်ထားဖို့လိုတယ်။ နှစ်စဉ်လုပ်သားတိုင်း ဆေးစစ်ဖို့ လိုအပ်သလို ကျန်းမာရေးညံ့တတ်တဲ့ဝန်ထမ်း၊ သွေးတိုး၊ နှလုံးရောဂါရှိတဲ့ ဝန်ထမ်းကို ဆရာဝန်နဲ့ပြသလို သုံးလတစ်ကြိမ် အနည်းဆုံး ခြောက်လတစ်ကြိမ် ပုံမှန်ဆေးစစ်ပေးဖို့ လိုပါတယ်။ လုပ်ငန်းရှင်က ကျခံရမယ်။

လုပ်ငန်းခွင်မှာ အဖြစ်များတဲ့ရောဂါတွေကြောင်း ကျန်းမာရေး ဟောပြောဖို့လိုသလို သတိရှိစေရေး မြင်သာထင်သာမှာ ဗွီနိုင်းနဲ့ရေးမှတ်ပြီး ကပ်ထားရမယ်။ လည်ပတ်နေတဲ့ စက်ကိရိယာနားမှာ ဆံပင်ဖားလျားချ အလုပ်မလုပ်သင့်သလို ဖိနပ်ခွာမြင့်တွေစီးဖို့မသင့်ပါဘူး။ အစားအသောက် ထုတ်လုပ်ရေး လုပ်ငန်းခွင်တွေမှာဆိုရင် တစ်ကိုယ်ရေသန့် ရှင်းရေး လစဉ် သို့မဟုတ် သုံးလတစ်ကြိမ် စစ်ဆေးပြီးကြောင်း ထောက်ခံချက်ရယူရတဲ့အပြင် ဆံပင်များစုစည်းချည်နှောင်ပြီး ဦးထုပ်ဆောင်းထားဖို့ လက်အိတ်နဲ့ ကိုင်တွယ်ဖို့ လုံလောက်တဲ့ အကာအရံ၊ ရင်စည်း၊ ခါးစည်းများ ချည်နှောင်ထားဖို့ လိုတယ်။ အလုပ်ပြီးရင် အဝတ်များစနစ်တကျချွတ်ပြီး ရေချိုးကာ ကိုယ်ဝတ်လာတဲ့ အဝတ်ပြန်လဲလှယ် ဝတ်ဆင်ခြင်း၊ လုပ်ငန်းခွင်သုံး ဖိနပ်လဲလှယ်စီးခြင်းမျိုးလုပ်ဖို့လိုပါတယ်။ လုပ်သားတို့ရဲ့ တစ်ကိုယ်ရေသန့်ရှင်းရေး လက်သည်း၊ ခြေသည်းမှန်မှန်ညှပ်ခြင်းရှိဖို့ ကြေးညှော်ကင်းဖို့ လုပ်သားများ တိုက်ဖွိုက်ရောဂါ၊ ဝမ်းလျှော၊ ဝမ်းကိုက်စတဲ့ ဝမ်းနဲ့ဆိုင်တဲ့ ရောဂါများမရအောင် နေမကောင်းသူကို အပြည့်အဝအနားပေး စနစ်တကျဆေးကုသမှု ခံယူပြီးမှ နေေ ကာင်းမှ အလုပ် ပေးသင့်ပါတယ်။

ဆူညံသံများနဲ့ အလုပ်လုပ်ရတဲ့လုပ်ငန်းခွင်ဆိုရင် တစ်သမတ်တည်း အလုပ်မဆင်းစေဘဲ ထမင်းစားပြီး အလုပ်ပြောင်း ပေးခြင်း တစ်ရက်ခြားဆင်းစေခြင်းစသည်ဖြင့် လုပ်ဆောင်ေ ပးရမယ်။ စက်ကိရိယာပွတ်တိုက်မှုလျော့နည်းစေခြင်း၊ ချောဆီ၊ အမဲဆီထည့်ခြင်း၊ ဝါရှာခံခြင်း၊ ရော်ဘာခံများအထိုင်များ တပ်ပေးခြင်း၊ ပဲ့တင်သံထိန်းနံရံကာများ တပ်ပေး သင့် တယ်။ ဟောင်းနွမ်းပျက်စီးတဲ့စက်၊ အင်ဂျင်စက်များ အစားထိုးပြုပြင်ခြင်း၊ အသစ်လဲပေးခြင်း၊ မျက်နှာကြက်များ ဘေးနံရံတွေမှာ ဆူညံသံစုပ်ယူနိုင်တဲ့ ပစ္စည်းများ တပ်ဆင်အသုံးပြုေ ပးနိုင်ပါတယ်။

ဓာတုပစ္စည်း နျူကလီးယားပစ္စည်းလက်နက်စက်ရုံ ဓာတ်ရောင်ခြည်ပေးကုသခြင်း၊ ဓာတ်မှန်ရိုက်ခြင်းလုပ်ငန်းခွင်တွေမှာ တာဝန်သိစောင့်ရှောက်မှု လိုအပ်ပါတယ်။ ဘေးအန္တရာယ် ကင်းရှင်းရေး အထူးဂရုထားရပါမယ်။ အချုပ်အားဖြင့် ဆိုရရင် လုပ်ငန်းခွင်ကျန်းမာရေးနဲ့ ပြည့်စုံမှ ကုန်ထုတ်လုပ်ငန်း တိုးတက်ပြီးမြောက်မှာဖြစ်လို့ လုပ်ငန်းခွင်ကျန်းမာရေး အဆင့်မြှင့်တင်ပေးရန် အလုပ်ရှင်၊ လုပ်သားတိုင်းဂရုပြုဖို့ လိုက်နာကြဖို့ လိုအပ်ပါကြောင်း ရေးသားလိုက်ပါတယ်။

ဒေါက်တာလွင်သန့်
မြ၀တီ
https://www.facebook.com/pg/mwdmedia


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ