အဆိပ်အတောက်တွေ ဖယ်ရှားသန့်စဉ်ဖို့ အိမ်တွင်းရေချိုးဆပ်ပြာပြုလုပ်နည်း



အဆိပ်အတောက်ဖယ်ရှားပေးတဲ့ ရေချိုးဆပ်ပြာတွေမှာ အသားအရည်ကို နူးညံ့သွားစေပြီး မွှေးကြိုင်နေစေဖို့ အန္တရာယ်ဖြစ်စေနိုင်တဲ့ ဓါတုပစ္စည်းတွေသုံးထားတဲ့ ဆပ်ပြာတွေလို မဟုတ်ပါဘူး။

ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ ရေချိုးဆပ်ပြာမျိုးဖြစ်ပြီး အဆိပ်အတောက်တွေကို ဖယ်ရှားပေးခြင်း၊ နာကြင်ကိုက်ခဲမှုတွေကို သက်သာစေခြင်း၊ သွေးလည်ပတ်မှု အားကောင်းစေခြင်း နဲ့ ခန္ဓာကိုယ်ရော စိတ်ပိုင်းဆိုင်ရာပါ သက်တောင့်သက်သာရှိစေခြင်း စတာတွေကို ပြုလုပ်ပေးနိုင်ပါတယ်။

အိမ်မှာတင် ကိုယ်တိုင် ရေချိုးဆပ်ပြာပြုလုပ်ပြီး အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ဖို့ တစ်ပါတ်ကို ၂ ကြိမ် ၃ ကြိမ်ခန့် မိနစ် ၃၀ ကြာ အသုံးပြုပေးနိုင်ပါတယ်။

မုန့်ဖုတ်ဆော်ဒါ ( ဆိုဒီယမ်ဘိုင်ကာဗွန်နိတ် ) ရေချိုးဆပ်ပြာ

မုန့်ဖုတ်ဆော်ဒါဟာ အစာချေစနစ်၊ ခန္ဓာကိုယ်အတွင်း အက်ဆစ်ဓါတ်တွေကို လျှော့ချပေးနိုင်ပြီး ကိုယ်လက်လှုပ်ရှားမှုတွေ ပြုလုပ်ပြီးချိန်မှာတော့ လက်တစ်အက်ဆစ်နဲ့ သွေးလည်ပတ်မှုတွေအတွက် အထောက်အပံ့ပေးနိုင်ပါတယ်။

မုန့်ဖုတ်ဆော်ဒါ ရေချိုးဆပ်ပြာဟာ အအေးမိခြင်း၊ ဖျားနာကိုက်ခဲခြင်း၊ လည်ချောင်းနာခြင်း၊ အရေပြားပြဿနာများနဲ့ ယောင်ယမ်းခြင်းတွေအတွက် သင့်တော်တဲ့ ကုထုံးဆပ်ပြာတစ်မျိုးဖြစ်ပါတယ်။

မုန့်ဖုတ်ဆော်ဒါဆပ်ပြာနဲ့ မိနစ် ၃၀ လောက် ရေချိုးကန်ထဲမှာ တစ်ပတ်ကို အနည်းဆုံး တစ်ကြိမ်ခန့် စိမ်ပေးခြင်းဖြင့် ခန္ဓာကိုယ်အတွင်း အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ချိုးမယ့် ရေကန်ထဲကို မုန့်ဖုတ်ဆော်ဒါလောင်းထည့်ပြီး ရေအေးဖြင့် စိမ်ချိုးနိုင်ပါတယ်။

မုန့်ဖုတ်ဆော်ဒါဆပ်ပြာ ပါဝင်ပစ္စည်းများ

•    မုန့်ဖုတ်ဆော်ဒါ ၂ ခွက်
•    ရေချိုးကန်အပြည့် ဖြည်ထားသောရေ



( Michelle )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : RemediesForMe

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ