နှလုံးတိုက်ခိုက်မှုနဲ့ လေဖြတ်ခြင်းတွေ တစ်နေ့တာမှာ အဖြစ်ပွားဆုံး အချိန်ကို သုတေသန ပညာရှင်တွေက ဖော်ထုတ်နိုင်ခဲ့ ပါတယ်။ တစ်နေ့တာမှာ အဖြစ်ပွားဆုံး အချိန်ကတော့ မနက် ၆နာရီခွဲ အချိန်ဖြစ်တယ်လို့ သိရှိရပါတယ်။
သုတေသနကို ဦးဆောင်ခဲ့တဲ့ Oregon Health and Science University မှ သုတေသီတွေကတော့ ဒီအချိန်မှာ သွေးတွင်းပရိုတင်းပမာဏတွေ အမြင့်ဆုံးရောက်ရှိနိုင်ပြီး သွေးခဲတွေကို ပျော်စေတဲ့ ကိုယ်ခန္ဓာဖြစ်စဉ်တွေဟာလည်း အနှေးကွေးဆုံး ဖြစ်နေလို့ပဲဖြစ်ကြောင်း ရှင်းလင်းပြောကြားထားပါတယ်။
““ဒီသုတေသနမှာ သွေးလှည့်ပတ်မှုစနစ်၊ ကိုယ်ခန္ဓာရဲ့ ဇီဝနာရီတွေရဲ့ ဆက်စပ်မှုဟာ နှလုံးရောဂါအပေါ် သက်ရောက်မှုရှိနေတယ်ဆိုတာ ဖော် ထုတ်နိုင်ခဲ့ပါတယ်။ မနက်ခင်းမှာ မြင့်တက်လာတဲ့ သွေးတွင်း ပရိုတင်း ပမာဏကို ပူးပေါင်းပါဝင်သူတွေမှာ တိုင်းတာနိုင်ခဲ့ပြီး ရလဒ်များအရ အခု လိုတွေ့ရှိခဲ့ပါတယ်”” လို့ သုတေသီ ခေါင်းဆောင် Frank Scheer က ပြောကြားခဲ့ပါတယ်။
လေ့လာမှုမှာ ပါဝင်သူတွေရဲ့ သွေးထဲမှ Plasminogen activator inhibitor-1(PAI-1) ဆိုတဲ့ ပရိုတင်းဟာ မနက်၆နာရီခွဲ အချိန်မှာ အမြင့်ဆုံးဖြစ်ပြီး အဲဒီပရိုတင်းဟာ သွေးကြောတွင်းမှာ သွေးခဲပိတ်ဆို့ခြင်းကို တားဆီးနိုင်မှုတွေကို ပိတ်ပင်တဲ့ ပရိုတင်းဖြစ်ပါတယ်။
PAI-1 ဟာ အ၀လွန်ခြင်း၊ ဆီးချို သွေးချိုရောဂါနဲ့ နှလုံးရောဂါအခံရှိသူတွေမှာ မြင့်တက်လာမယ်ဆိုရင် နှလုံးတိုက်ခိုက်မှုနဲ့ လေဖြတ်ခြင်းကို ခံစားရဖို့ ၈၀%သေချာကြောင်း Frank Scheer က ရှင်းပြထားပါတယ်။ ဒီသုတေသနကို Journal of Blood မှာ ဖော်ပြထားတာဖြစ်ပါတယ်။
သက်ကို
ref;ANI
Health Updates Journal No. 114
တစ်နေ့တာမှာ နှလုံးရောဂါ အဖြစ်ပွားဆုံးအချိန်
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး၊
Labels:
ကျန်းမာရေး
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
Tweets by @thithtoolwin