ပျိုဖော်ဝင်အရွယ်တွင်


ပျိုဖော်ဝင်အရွယ်တွင် ရာသီသွေး စတင်မပေါ်သေးသော်လည်း အမျိုးသားနဲ့ ဆက်ဆံမိပါက ကိုယ်ဝန်ရရှိနိုင်သည်။

- ရာသီသွေးဆင်းချိန်တွင် ဆက်ဆံပါကလည်း ကိုယ်ဝန်ရရှိနိုင်သည်။

- ပထမဦးဆုံးအကြိမ် ဆက်ဆံရုံဖြင့်လည်း ကိုယ်ဝန်ရရှိနိုင်သည်။

- အမျိုးသမီးများ၏ အင်္ဂါနှင့် အမျိုးသား၏ အင်္ဂါထိမိပြီး အမျိုးသမီးအင်္ဂါသို့ သုက်ရည်ဝင်သွားပါက ကိုယ်ဝန်ရရှိနိုင်သည်။

- အမျိုးသမီးတွင် ကိုယ်ဝန်ရှိကြောင်း ပထမဆုံးပြသော လက္ခဏာမှာ ရာသီသွေးမဆင်းခြင်း ဖြစ်သည်။ ဤသို့ဖြစ်ပါက ဆရာဝန်နှင့်ပြသရန် လိုအပ်ပါသည်။

- အသက် (၁၈) နှစ်မပြည့်မီ ကိုယ်ဝန်ဆောင်ခြင်းသည် မိခင်နှင့် သန္ဓေသား အတွက် အန္တရာယ်ပိုများသည်။

- အမျိုးသမီးများအနေဖြင့် သန္ဓေတားဆေး သောက်ခြင်း၊ အမျိုးသားများ အနေဖြင့် ကွန်ဒုံးသုံးခြင်းဖြင့် ကိုယ်ဝန်မရစေရန် တားဆီးနိုင်ပါသည်။ သို့သော် ကွန်ဒုံးကို စနစ်တကျမှန်ကန်စွာ အသုံးမပြုပါက ကိုယ်ဝန် ရရှိနိုင်သည့်အပြင် STI ရောဂါများလည်း ကူးစက်နိုင်ပါသည်။

Credit : Healthcare.com.mm
Myawady Health
https://www.facebook.com/pg/myawadyhealth

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ