ဘေးတစ်စောင်း အိပ်စက်ခြင်းရဲ့ ကောင်းကျိုးများ


သင့်ရဲ့ အိပ်စက်တဲ့ အနေအထားဟာ သင့်ကို အယ်လ်ဇိုင်းမား လိုရောဂါမျိုး ဖြစ်လာစေဖို့အတွက် အခွင့်အလမ်း များစေနိုင်တယ်လို့ သုတေသန အသစ်တစ်ခုက ဆွေးနွေးတင်ပြလိုက်ပါတယ်။

ဘေးတစ်စောင်း အိပ်စက်ခြင်းဟာလည်း သင့်ဦးနှောက်အတွင်းမှာ ရှိတဲ့ တစ်နေ့တာရဲ့ ဓါတုဗေဒ ပစ္စည်းတွေ ကပ်တွယ်ရှုပ်ပွ နေခြင်းကို အိပ်စက် အနားယူတဲ့အခါမှာ ရှင်းလင်းသွားစေတယ်လို့ သုတေသီ တွေရဲ့ အဆိုအရ သိရပါတယ်။

ဒါကြောင့် သုတေသီတွေ အခိုင်အမာ ဆိုခဲ့တာကတော့ လူသားတွေနဲ့ တိရိစ္ဆာန်တွေဟာ ဘေးတစ်စောင်း အိပ်စက်တဲ့အခါမှာ ဦးနှောက် ကို ရောဂါများဖြစ်ပွားခြင်းမှ ကာကွယ်ပေးနိုင်လိမ့်မယ်ဆိုတာပါပဲ။

အရင်အကြိမ်တွေတုန်းက ဖော်ပြဖူးသလိုပဲ ကျွန်ုပ်တို့ အိပ်စက်တဲ့အခါမှာ ကျွန်ုပ်တို့ရဲ့ ဦးနှောက်ဟာ ကျွန်ုပ်တို့ နိုးကြားနေစဉ်က ထုတ်လုပ်ထားတဲ့ ဦးနှောက်တွင်းက အဆိပ်အတောက်တွေကို အပြင်းအထန် ဖယ်ရှားရှင်းလင်းရပါတယ်။ ထို အဆိပ်အတောက်တွေကပဲ အယ်လ်ဇိုင်းမား အပါအ၀င် အခြား အာရုံကြောနဲ့ ဆိုင်တဲ့ ရောဂါတွေကို ဖြစ်ပေါ်စေတာပဲ ဖြစ်ပါတယ်။

နယူးယောခ့်မှာရှိတဲ့ Rochester တက္ကသိုလ်က သုတေသီတွေ အရင်တစ်ကြိမ်တုန်းက ရှာဖွေတွေ့ရှိခဲ့တဲ့ ရလဒ်တွေအရ ကျွန်ုပ်တို့ရဲ့ ဦးနှောက်ဟာ ကျွန်ုပ်တို့ရဲ့ အခြား ခန္ဓာကိုယ် အစိတ်အပိုင်းတွေ အဆိပ်အတောက် ဖယ်ရှားတဲ့ ပုံစံ နဲ့ မတူညီပါဘူး။ ဦးနှောက်ဟာ ကိုယ်ပိုင် အဆိပ်ဖယ်ရှားတဲ့နည်းလမ်းရှိပြီးသားဖြစ်ပတယ်။

အချက်အလက်အားဖြင့်ဆိုရမယ်ဆိုရင်တော့ အဲဒီလို ဦးနှောက်အတွင်းက အဆိပ်အတောက်နဲ့ အညစ်အကြေးတွေဖယ်ရှားတဲ့ ပုံစံဟာ အားအင်တွေလိုအပ်ပါတယ်။ အဲဒီလို အဆိပ်အတောက်ဖယ်ရှားချိန်တွေမှာဆိုရင် ကျွန်ုပ်တို့ နိုးကြားနေစဉ်တုန်းက ဦးနှောက်ထဲမှာရှိခဲ့တဲ့ အတွေးတွေကိုလည်း ပြန်လည် မြင်ယောင်လာစေတတ်ပါတယ်။ ဒါကြောင့် ဦးနှောက်အတွင်းက အဆိပ်အတောက်တွေဖယ်ရှားဖို့အတွက် ကျွန်ုပ်တို့တွေ အိပ်ရပါတယ်။

အဲဒီလို အိပ်စက်တဲ့အခါမှာလည်း ဘေးတစ်စောင်းအိပ်စက်ခြင်းဟာ ဦးနှောက်အတွင်းက အဆိပ်အတောက်တွေ ဖယ်ရှားတဲ့ လုပ်ဆောင်ချက်ကို ပိုမို ကောင်းမွန်စွာ လုပ်ဆောင်စေနိုင်တဲ့အတွက် ဘေးတစ်စောင်းအိပ်စက်ခြင်းဟာ သင့်ကို အယ်လ်ဇိုင်းမား အပါအ၀င် အခြား ဦးနှောက်နဲ့အာရုံကြောဆိုင်ရာ ရောဂါတွေ ဖြစ်ပွားနိုင်နှုန်းကို လျှော့ချပေးနိုင်တာပဲ ဖြစ်ပါတယ်။

( Beauty Syh )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Dailymail

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ