သံပရာခွံအသုံးဝင်ပုံ


သံပရာခွံအသုံးဝင်ပုံကို အင်တာနက်ပေါ်မှာ ဖတ်မိတယ်။ လက်တွေ့စမ်းသပ်ချင်သူများအတွက် ပြန်မျှဝေပါတယ်။

အရည်ညှစ်ပြီးသား သံပရာခွံကို မပစ်ထုတ်ဘဲ ခွက်တစ်လုံးထဲထည့် ရေနွေးလောင်းထည့်ပြီး သံပရာရေနွေးကြမ်းအဖြစ် သောက်နိုင်ပါတယ်တဲ့။

သံပရာခွံကို ရေခဲသေတ္တာထဲထည့်ထားရင် ရေခဲသေတ္တာကို အနံ့အသက် ကင်းစင်စေသတဲ့။

သံပရာခွံကို ၁ဝမိနစ်လောက် မီးကင်ပေးရင် တစ်အိမ်လုံး သံပရာနံ့မွှေးစေနိုင်သလို အဲဒီအနံ့ကိုမနှစ်သက်တဲ့ ပိုးဟပ်တွေကိုလည်း အဝေးကို ပြေးစေနိုင်သတဲ့။ အဲဒီမီးကင်ပြီးသား သံပရာခွံကိုပဲ ကြောင်အိမ်ထောင့်တွေမှာ ထည့်ထားရင်လည်း ပိုးဟပ်တွေကို တားဆီးနိုင်သတဲ့။

ကုန်ကျစရိတ်သက်သာတဲ့နည်းမို့ စမ်းသပ်ကြည့်နိုင်ပါတယ်

Myawady Health
https://www.facebook.com/pg/myawadyhealth

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ