သုံးနှစ်တစ်ကြိမ် စစ်ဆေးမှု ပြုလုပ်သင့်သည့် ရင်သားက တစ်ကမ္ဘာလုံး၌ ရှိသော အမျိုးသမီးများ၏ ရောဂါဖြစ်ပေါ်မှုနှုန်း များစွာထဲတွင် ရင်သား ကင်ဆာရောဂါ ပါဝင်နေပြီး ရင်သား ကင်ဆာ အကျိတ်လေး မှတစ်ဆင့် ကြီးမားစွာ ကျယ်ပြန့်သွားပြီး ရင်သားတစ်ခုလုံး ဆုံးရှုံးရသည့် အဆင့်သို့ ရောက်ရှိသွားတတ် ကြောင်း သိရသည်။
ရင်သားကင်ဆာ ရောဂါသည် စောစီးစွာ သိဖို့ ကောင်းသော ရောဂါဖြစ်သည်။ ရင်သား ကင်ဆာ အကျိတ် သေးငယ်လေ ခွဲစိတ် ဖယ်ရှားနိုင်ရန် အခွင့်အရေး ကောင်းလေဖြစ်သည်။ သေးငယ်သော ရင်သားကင်ဆာ အကျိတ်သည် အနီးမှာရှိသည့် ပြန်ရည်ကျိတ်များ၊ အဆုတ်၊ ဦးနှောက် စသည့် နေရာများသို့ ပျံ့နှံ့ ရောက်ရှိရန် အခွင့်အလမ်း နည်းသည်။ ထို့ ကြောင့် အသက် ၂ဝ မှ ၃ဝ ကြား ကျန်းမာနေသော အမျိုးသမီးများ အဖို့ တခြားအန္တရာယ် အခွင့်အလမ်းများမရှိလျှင် သုံးနှစ်တစ်ကြိမ် ရင်သားကင်ဆာရှိ၊ မရှိ ပုံမှန် စစ်ဆေး သင့်သည်။ အသက်အတွက် အရေးကြီးသော ရင်သား ကင်ဆာကို လူတိုင်း စစ်ဆေး သင့်သည်။ ဥပမာ-မိသားစု ရာဇဝင်ထဲတွင် ရင်သား ကင်ဆာရှိပြီ ဆိုပါက သုံးနှစ်ပင် မစောင့်ဘဲ မကြာခဏ စစ်ဆေး သင့်ပါသည်။
ရင်သား ကင်ဆာရှိ၊ မရှိ စစ်ဆေးသည့် အခါ လက်နှင့် စမ်းသပ်ပြီး စစ်ဆေးလို့ ရသည့်အပြင် အာထရာ ဆောင်း ရိုက်ခြင်း၊ ရင်သားဓာတ်မှန် ရိုက်ခြင်း တို့ဖြင့်လည်း စမ်းသပ် နိုင်ပါသည်။
ယနေ့ခေတ် ကာလတွင် ကျန်းမာရေး အတွက် ဆေးစစ်ခြင်းကို အမျိုးသား၊ အမျိုးသမီး အသက်အရွယ် အလိုက် လုပ်ဆောင် သင့်ကြပြီ ဖြစ်၍ ကျွန်မတို့ အမျိုးသမီးများ အားလုံး ရင်သား ကင်ဆာရောဂါ ကာကွယ်နိုင်ရန် ဖော်ပြပေးလိုက် ခြင်းဖြစ်ပါသည်။ ။
မြ၀တီ
https://www.facebook.com/mwdmedia
သုံးနှစ်တစ်ကြိမ်စစ်ဆေးမှုပြုလုပ်သင့်သည့် ရင်သားကင်ဆာ
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး၊
Labels:
ကျန်းမာရေး
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
Tweets by @thithtoolwin