ကင်ဆာကိုတိုက်ဖျက်နိုင်မည့် ကိုယ်ခံစွမ်းအားစနစ်


သိပ္ပံပညာရှင်များသည် ကင်ဆာကိုတိုက်ဖျက်နိုင်မည့် ကိုယ်ခံစွမ်းအားစနစ်ကို ထိန်းချုပ်နိုင်သော နည်းလမ်းတစ်ရပ်အား တွေ့ရှိခဲ့ကြောင်း သိရသည်။ လန်ဒန်မြို့ရှိ University ကောလိပ်မှ သုတေသန ပညာရှင်များသည် ကင်ဆာရောဂါကို တိုက်ဖျက်ရန် အကျိတ်အတွင်း၌ ကင်ဆာ၏ ပျော့ကွက်ဖြစ်သည့် တစ်မူထူးခြားသော အမှတ်အသားများကို ရှာဖွေနိုင်မည့် နည်းလမ်း တစ်ရပ်အား အောင်မြင်စွာ ဖော်ထုတ် နိုင်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါနည်းစနစ်သည် လူသားများတွင် စမ်းသပ်ရခြင်းမရှိသေးသည့်အပြင် ထိုနည်းဖြင့်ကုသမည်ဆိုပါက အကုန်အကျ ပိုမိုများပြားစေမည် ဖြစ်ကြောင်း Science ဂျာနယ်တွင်ဖော်ပြထားပြီး ယင်းနည်းလမ်းအား စဉ်းစား သုံးသပ်ရာတွင် ရှုပ်ထွေးမှုများရှိနေသည့်အပြင် လက်တွေ့လုပ်ဆောင်ရာတွင် ပိုမိုရှုပ်ထွေးနိုင်စေမည် ဖြစ်ကြောင်း ကျွမ်းကျင်ပညာရှင်များက ပြောကြားသည်။ သို့သော် Cancer Research UK ၏ ထောက်ပံ့မှုဖြင့် လုပ်ဆောင်လျက် ရှိသော အဆိုပါ သုတေသနပညာရှင်များက ၄င်းတို့၏ နည်းလမ်းသည် ကင်ဆာကုသမှု နည်းလမ်းသစ်၏ ပင်မကျောရိုးဖြစ်လာမည်ဖြစ်ပြီး နှစ်နှစ်အတွင်း လူနာများတွင် စမ်းသပ်မှုများ လုပ်ဆောင်နိုင်မည်ဟု မျှော်လင့်ထားကြောင်း ပြောကြားထားသည်။

ထို့ပြင် လူနာများ၏ DNA ကိုခွဲခြမ်းစိတ်ဖြာခြင်းအားဖြင့် လူနာတစ်ဦးချင်းစီအတွက် သင့်တော်သော ကုသမှု နည်းလမ်းများကို ဖော်ထုတ် ပေးနိုင်မည်ဟု ၄င်းတို့က ယုံကြည်ထားသည်။ အဆိုပါ ကုသမှုနည်းလမ်းကို ပင်စည်သန္ဓေပြောင်း ကုသနည်းအဖြစ် သတ်မှတ်ထားပြီး နည်းလမ်း နှစ်သွယ်ရှိကြောင်း၊ ပထမနည်းလမ်းမှာ လူနာ တစ်ဦးချင်းစီ အတွက် ကင်ဆာရောဂါကို ခြေရာခံသိရှိနိုင်ရန် ကိုယ်ခံအားစနစ်ကို လေ့ကျင့်ပေးသော ကင်ဆာ ဆေးဝါးများ ထုတ်လုပ်ခြင်းဖြစ်သည်။ ဒုတိယနည်းလမ်းမှာ သန္ဓေပြောင်းလဲမှုများကို ပစ်မှတ်ထားပြီးဖြစ်သည့် ကိုယ်ခံအား ဆဲလ်များကို မျှားယူကာ ဓာတ်ခွဲခန်းတွင် ဆဲလ် အရေအတွက် များပြားအောင် လုပ်ဆောင်ပြီးနောက် ထိုဆဲလ်များကို လူနာ၏ ခန္ဓာကိုယ်အတွင်း ပြန်လည် ထည့်သွင်းပေးခြင်း ဖြစ်ကြောင်း သိရသည်။

Myawady Health.
https://www.facebook.com/pg/myawadyhealth

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ