အရက်သေစာနေ့စဉ်သောက်သုံးခြင်းသည် ရင်သားကင်ဆာဖြစ်နိုင်ခြေပိုမိုမြင့်မားစေနိုင်


အရက်စုံရောနှောထားသည့် ကောက်တေး ယမကာများစွာ သောက်သုံးခြင်းသည်ရင်သားကင် ဆာဖြစ်နိုင်ခြေ ပိုမိုမြင့်မားစေနိုင် ကြောင်း သုတေသီများအနေဖြင့် သိရှိခဲ့သည်မှာ ကြာမြင့်ပြီဖြစ်သော် လည်းယခုအခါတွင်အရက်သေစာ နေ့စဉ်သောက်သုံးခြင်းသည် အမျိုး သမီးများ၏ ရင်သားကင်ဆာဖြစ် နိုင်ခြေအန္တရာယ်ကို ပိုမိုမြင့်မား စေနိုင်ကြောင်း တွေ့ရှိရသည်ဟု သိရသည်။

World Cancer Research Fund ESifhthe American Institute for Cancer Research တို့က နေ့စဉ်အရက်သေစာသောက်သုံးခြင်း ကြောင့် အမျိုးသမီးများ၏ သွေး ဆုံးချိန်မတိုင်မီနှင့်သွေးဆုံးပြီးချိန် နောက်ပိုင်းတို့တွင် မည်သို့ဆိုးကျိုး သက်ရောက်စေနိုင်သည်ဆိုသည့် အစီရင်ခံစာသစ်တစ်စောင်ကို တင် သွင်းဖော်ပြခဲ့ရာတွင် အဆိုပါ အချက်ကိုတွေ့ရှိခဲ့ရခြင်းဖြစ်သည်။ ပျမ်းမျှအားဖြင့် ဝိုင်ခွက်သေးတစ် ခွက် ဘီယာရှစ်အောင်စသို့မဟုတ် အရက်ပြင်းတစ်အောင်စနှင့်ညီမျှ သည့် အယ်လ်ကိုဟောပမာဏကို နေ့စဉ်သောက်သုံးခြင်းသည် အမျိုး သမီးများ သွေးမဆုံးမီအချိန်တွင် ရင်သားကင်ဆာဖြစ်နိုင်ခြေ ငါး ရာခိုင်နှုန်းပိုမိုမြင့်မားပြီး သွေးဆုံး ပြီးချိန်တွင် ရင်သားကင်ဆာဖြစ် နိုင်ခြေ ကိုးရာခိုင်နှုန်းပိုမိုမြင့်မား ကြောင်းသိရသည်။

ရင်သားကင်ဆာသည် ကမ္ဘာ တစ်ဝန်းရှိ ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် ဖွံ့ဖြိုးပြီးနိုင်ငံများတွင် အမျိုးသမီး များ၌ အဖြစ်အများဆုံးကင်ဆာ ရောဂါဖြစ်ကြောင်း သိရသည်။ အမေရိကန်နိုင်ငံနှင့် အင်္ဂလန်တို့ တွင် ၁၂ ရာခိုင်နှုန်းသော အမျိုး သမီးများသည် ရင်သားကင်ဆာကို ခံစားရလေ့ရှိကြောင်း သိရသည်။ ယခုဖော်ပြခဲ့သည့် အစီရင်ခံစာသစ် သည် ကမ္ဘာတစ်ဝန်းရှိရင်သားကင် ဆာဖြစ်ပွားမှု အန္တရာယ်နှင့်ပတ် သက်သည့် လေ့လာမှုပေါင်း ၁၁၉ ၏ ရလဒ်များအပေါ်တွင် စိစစ်သုံး သပ်အစီရင်ခံတင်ပြထားခြင်းဖြစ် သည်။

အဆိုပါလေ့လာမှုတွင် အမျိုးသမီးပေါင်း ၁၂ သန်းနှင့် ရင် သားကင်ဆာရောဂါဖြစ်ပွားမှုပေါင်း ၂၆ဝဝဝဝ ကျော်တို့ကို သုတေသန ပြုခဲ့ကြောင်းသိရသည်။ ရင်သား ကင်ဆာသည် အမျိုးသားများတွင် လည်း ဖြစ်ပွားတတ်သော်လည်း အလွန်ရှားပါးကာ ရင်သားကင်ဆာ ဖြစ်ပွားမှုပေါင်း၏ တစ်ရာခိုင်နှုန်း ခန့်သာရှိကြောင်း သိရှိရသည်။

အလင်းသစ်
Ref: Channel NewsAsia
The Union Daily
https://www.facebook.com/pg/uniondaily.net

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ