ဆေးလိပ်မသောက်ခင် ဝိုင်သောက်သုံးခြင်းက ဆေးလိပ်ကြောင့်ဖြစ်တဲ့ ဆိုးကျိုးတွေကို ကာကွယ်ပေးနိုင်


ဝိုင်နဲ့ ဆေးလိပ်ကတော့ Bacon နဲ့ ကြက်ဥလိုပါပဲ။ သင့်ကျန်းမာရေးအတွက် ကောင်းမွန်တဲ့အကျိုးတွေကို ပေးနိုင်တော့မှာပါ။ ဝိုင်မှာပါဝင်တဲ့ ဓာတုပစ္စည်းတွေဟာဆိုရင်တော့ ဆေးလိပ်ကြောင့်ဖြစ်ပေါ်လာတဲ့ ဆိုးကျိုးတွေကို ကန့်သတ်ပြီး ကာကွယ်နိုင်လို့ဖြစ်ပါတယ်။

ဝိုင်မှာ ပါဝင်တဲ့ ဓာတ်တွေဟာဆိုရင်တော့ ဆေးလိပ်ကြောင့်ဖြစ်ပေါ်စေတဲ့ သွေးကြောတွင်းနံရံတွေ ခေတ္တပျက်စီးမှုကို တားဆီးပေးနိုင်တယ်လို့ သိရပါတယ်။

သိပ္ပံပညာရှင်တွေဟာ ဆေးလိပ်မသောက်တတ်တဲ့ စေတနာ့ဝန်ထမ်းတွေကို ဆေးလိပ်ငွေ့တွေမရှူရှိုက်ခိုင်းခင်မှာ ဝိုင်တစ်ခွက်စီသောက်သုံးစေခဲ့ပါတယ်။ ဝိုင်သောက်သုံးပြီး ခဏအကြာမှာတော့ သူတို့ကို ဆေးလိပ်ငွေ့တွေရှူခိုင်းစေခဲ့တာပါ။

အဲ့အချိန်မှာတော့ လူ့ရဲ့ သွေးကြောတွင်းမှာ ဆေးလိပ်နဲ့ ဓာတ်မတည့်မှုကို ဖြစ်စေတဲ့ သေးငယ်တဲ့အမှုန်တွေ ၊ platelets တွေနဲ့ အဖြူရောင်သွေးဆဲလ်တွေကို ထုတ်လွတ်မှုမရှိတော့တာကို တွေ့ရပြီး ဒါဟာ ဝိုင်သောက်သုံးထားတဲ့ အာနိသင်ကြောင့် ဖြစ်တယ်လို့ ပညာရှင်တွေက ဆိုပါတယ်။

ဒီလို ဝိုင်သောက်သုံးခြင်းဟာဆိုရင်တော့ ဆေးလိပ်ကြောင့် ဖြစ်ပေါ်စေတဲ့ အချိန်မတိုင်ခင် ရင့်ရော်တာတွေကိုလည်း လျှော့ချပေးနိုင်ပြီး မကောင်းတဲ့ဆဲလ်တွေကို ဖယ်ရှားပေးနိုင်တယ်လို့လည်း သိရပါတယ်။

ဒါ့ကြောင့် ဆေးလိပ်မသောက်ခင်မှာ ဝိုင်သောက်သုံးတာဟာ သင့်အတွက်တော့ ကောင်းမွန်တဲ့ အကျိုးကို ဖြစ်စေလိမ့်မယ်လို့ အင်္ဂလန်သုတေသီတွေက ဆိုပါတယ်။

( Mocha )

#health.thithtoolwin.com
#သစ်ထူးလွင်(ကျန်းမာရေး)

Ref : Metro

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ