အစားစားရန် အကောင်းဆုံးအချိန်များ


နံနက်စာ = (မနက် ၇ နာရီမှ ၈ နာရီအထိ)

နံနက်စာသည် တစ်နေ့တာလုံးအတွက် အရေးအကြီးဆုံးသော အစာဖြစ်သည်။ နံနက်စာကို အာဟာရပြည့်ဝစွာ စားသုံးပေးခြင်းဖြင့် ဦးနှောက်နှင့်ခန္ဓာကို ကြံ့ခိုင်ဖွံ့ ဖြိုးရေးကို အဓိက အထောက်အကူပေးသည်။ ထို့ကြောင့် မနက် ၁၀ နာရီထက် နောက်မကျစေပဲ စားသင့်သည်။

နေ့လည်စာ = ( ၁၂ နာရီမှ ၂နာရီအထိ)

နေ့လည်စာသည် သွေးထဲမှ ဂလူးဂို့စ်ဓါတ်တို့ကို ထိန်းထားသေည့်အတွက် နံနက်စာစားပြီး ၄ နာရီအကြာမှာ စားပေးလျှင် အကောင်းဆုံးဖြစ်သည်။ ညနေ ၃ နာရီထက် နောက်မကျသင့်ပေ။

ညစာ = (၆နာရီမှ ၈ နာရီအထိ)

ညဘက်မှာ နှစ်ချိုက်စွာ အိပ်စက်နိုင်ပြီး ခန္ဓာကိုယ်၏ ကယ်လိုရီတို့ကို ထိရောက်စွာ အကျိုးပြုပေးနိုင်ရန် ညစာကို ၉ နာရီထက် နောက်မကျစေပဲ စားသင့်သည်။

မိမိတို့ကျန်းမာရေးအတွက် အကောင်းဆုံးသောအချိန်များကို ရွေးချယ်ပြီး စားသောက်နိုင်ကြစေရန် မျှဝေလိုက်ပါသည်။ လူသားအားလုံး ကျန်းမာချမ်းသာကြပါစေ။

စောနွဲ့ နေဆိုင် - ပူတာအို
ကိုးကား - Healthy Food House

Myawady Health
https://www.facebook.com/pg/myawadyhealth

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ