နေ့ဆိုင်းညဆိုင်း အလုပ်ဆင်းသူများတွင် နှလုံးထိခိုက်မှုများ ပိုမိုဖြစ်ပွားစေနိုင်


အိပ်စက်ချိန် သွေဖယ်ခြင်းနဲ့ ပုံမှန်မဟုတ်တဲ့ အိပ်စက်မှုအချိန်စက်ဝိုင်းတွေဟာ အထူးသဖြင့် နေ့ဆိုင်းညဆိုင်း အလုပ်ဆင်းသူများတွင် နှလုံးရောဂါဖြစ်ပွားနိုင်ချေ ပိုမိုမြင့်မားကြောင်း လေ့လာတွေ့ရှိထားပါတယ်။

 “ လူသားတွေဟာ အခြားနို့တိုက်သတ္တ၀ါတွေလိုပဲ ရုပ်ပိုင်းဆိုင်ရာနဲ့ အမူအကျင့်ပိုင်းဆိုင်ရာ လုပ်ငန်းစဉ်အများစုဟာ အထူးသဖြင့် အိပ်စက်နိုးထခြင်း အချိန်စက်ဝန်းဟာ ဦးနှောက်တွင်းရှိ ကိုယ်တွင်းအချိန်ကို မှန်ကန်စေတဲ့ နှလုံးခုန်နှုန်းစည်းချက်နဲ့ ကိုက်ညီလုပ်ဆောင်ပေးတာ ဖြစ်ပါတယ်။

 အိပ်စက်နိုးထချိန်နဲ့ စားသောက်ချိန် အချိန်စက်ဝန်းက ကိုယ်တွင်းအချိန်နာရီနဲ့ ကိုက်ညီမှုမရှိတော့တဲ့အခါ နှလုံးမှာ ဖောက်လွဲဖောက်ပြန်မှုတွေ ဖြစ်ပေါ်လာပါတယ် “ လို့ Chicago ရှိ Northwestern University မှ သုတေသနခေါင်းဆောင် လက်ထောက်ပါမောက္ခ Dr. Daniela Grimaldi က ရှင်းလင်းပြောကြားထားပါတယ်။

ဒီလေ့လာမှုကို ကျန်းမာကြံ့ခိုင်တဲ့ အသက် ၂၀ နဲ့ ၃၉ နှစ်ကြား လူတွေနဲ့ စမ်းသပ်ခဲ့တာဖြစ်ပြီး တစ်နေ့  ၅နာရီ ပုံမှန်အိပ်ချိန်နဲ့ လေးရက်၊ တစ်နေ့ ၈.၅ နာရီ နောက်ကျပြီး အိပ်ချိန်နဲ့ လေးရက် စုစုပေါင်း ၈ ရက်ကြာ ပြုလုပ်စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

နေ့ဆိုင်းညဆိုင်းအလုပ်ဆင်းသူတွေဟာ ကျန်းမာရေးနဲ့ကိုက်ညီတဲ့ အစားအသောက်များ စားသုံးခြင်း၊ ပုံမှန်ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများ ပြုလုပ်ခြင်း နဲ့ ပြည့်ပြည့်၀၀အိပ်စက်အနားယူခြင်းအားဖြင့် နှလုံးရောဂါတွေကို ကာကွယ်သင့်တယ်လို့ သုတေသီတွေက အကြံပေးထားပါတယ်။

( Michelle )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : UPI


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ