နွေရာသီမှာ ကျန်းမာရေးကောင်းစေဖို့ ပြုလုပ်သောက်သုံးသင့်တဲ့ သဘာဝဖျော်ရည်များ



အခုဆိုရင်တော့ အရမ်းကို ပူပြင်းလွန်းတဲ့ နွေရာသီကို ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။

 ဒါ့ကြောင့် ခန္ဒာကိုယ်တွင်း အပူဓာတ်တွေကို လျှော့ချပေးမယ့်အပြင် ကိုယ်တွင်းအဆိပ်ဓာတ်တွေကိုပါ လျှော့ချပေးနိုင်တဲ့ ဖျော်ရည်လေးတွေကို စမ်းသပ်ပြုလုပ်သောက်သုံးကြည့်ဖို့ အကြံပြုပါရစေ။ အခုဖော်ပြပေးမယ့် ဖျော်ရည်တွေဆိုတာကလည်း ရေကိုသာအခြေခံပြီး ပြုလုပ်ရမှာဖြစ်ပြီး သဘာဝသစ်သီးတွေနဲ့ အချိုးကျပေါင်းစပ်ရောနှောလိုက်ရုံပါပဲ။

ကိုယ်လိုချင်တဲ့အရသာကို ရရှိချင်ရင်တော့ ဆားနဲ့သကြားတို့ကို ထည့်သွင်းဖျော်စပ်ပေးလို့ရပါတယ်။

စတော်ဘယ်ရီဖျော်ရည်

စတော်ဘယ်ရီသီးကတော့ Antioxidant ဓာတ်တွေများစွာပါဝင်ပါတယ်။ စတော်ဘယ်ရီကိုတော့ လူအတော်များများက နို့နဲ့ ရောပြီး ဖျော်ရည်လုပ်သောက်တတ်ကြပါတယ်။ ဒါက အခုလို ပူပြင်းတဲ့နွေရာသီမှာတော့ ဝမ်းပျက်ဝမ်းလျှောဖြစ်မှာကြောက်ရပါတယ်။ ဒါ့ကြောင့် စတော်ဘယ်ရီဖျော်နည်းအသစ်နဲ့ မိတ်ဆက်ပေးပါရစေ။

စတော်ဘယ်ရီ ၁၀ လုံးလောက်ကို ရေတစ်ဖန်ခွက်နဲ့ရောလိုက်ပါ။ စတော်ဘယ်ရီနဲ့ရေနဲ့ ရောနှောသွားပြီဆိုမှ သံပုရာခြမ်းတစ်ခြမ်းနဲ့ ပူစီနံနည်းနည်းကို ရောထည့်လိုက်ပါ။ ပူစီနံမကြိုက်ရင်လည်း မထည့်လို့ရပါတယ်။ စတော်ဘယ်ရီဖျော်ရည်ရဲ့အရသာကတော့ ထူးဆန်းနေမှာဖြစ်ပြီး နွေရာသီမှာ ဒီဖျော်ရည်ကသောက်သုံးသင့်တဲ့ထဲမှာ ပါဝင်နေပါတယ်။

နာနတ်သီးနဲ့ ကြံ ဖျော်ရည်

လမ်းဘေးက ကြံရည်ကိုတော့ အသုံးမပြုပါနဲ့။ ယင်နားစာတွေဆိုတော့ နွေရာသီမှာ မကောင်းဘူးလေ။  ကိုယ့်ဘာကိုယ်ပဲ ကြံနှစ်ချောင်းလောက်ဝယ်လိုက်ပါ။ သဘာဝကြံဖြစ်တာကြောင့် ရေဓာတ်ကို အကောင်းဆုံးဖြည့်တင်းပေးမှာပါ။ ကြံရည်ကို နာနတ်သီးစိတ်လေးတွေ ထည့်ပြီး သောက်သုံးကြည့်ရင်တော့ ထူးခြားနေမှာပါ။နာနတ်သီးကတော့ ကိုယ်တွင်းအဆိပ်ဓာတ်ကို ဖြေလျှော့ပေးပါတယ်။

လုပ်ပုံလုပ်နည်းကတော့ အရွယ်အနေတော် ကြံနှစ်ချောင်းလောက်ကို အရည်ညှစ်ပါ။ ပြီးရင်တော့ နာနတ်သီးလေးငါးစိတ်ထည့်ပါ။ ပျစ်နေရင် ရေနည်းနည်းရောပြီး ဖျော်လိုက်ပါ။


အုန်းသီးဖျော်ရည်

အုန်းသီးကတော့ ကိုယ်တွင်းအပူကို ကျစေတဲ့အပြင် ရေဓာတ်ကိုလည်း ဖြည့်ဆည်းပေးနိုင်ဆုံး အရာတစ်ခုဖြစ်ပါတယ်။ အုန်းသီးစိတ်လေးတွေကို ရေနဲ့ရောပြီး သောက်သုံးပေးရုံပဲဖြစ်ပါတယ်။

ဂျင်းဖျော်ရည်

ဂျင်းဆိုပြီး ကြားလိုက်တာနဲ့ အရသာဆိုးဆိုး ရှိန်းတိန်းတိန်းဖြစ်တတ်ကြတာမို့ တော်တော်များများက လက်တွန့်နေကြမှာပါ။ ဒါပေမယ့် ဂျင်းဟာ ကင်ဆာရောဂါကို တိုက်ဖျက်ပေးရာမှာ အစွမ်းထက်လွန်းတဲ့အပြင် အစာအိမ်ကျန်ုးမာရေးကိုလည်း အရမ်းကို ကောင်းမွန်စေပါတယ်။

ဂျင်းဖျော်ရည်ပြုလုပ်ပုံကတော့ ဂျင်းကို အစိတ်အပိုင်းအသေးလေးတွေဖြစ်အောင် ပါးပါးလှီးပါ။ ဒါမှမဟုတ် အမှုန့်ကြိတ်ပေးပါ။ ပြီးရင်တော့ ရေတစ်ဖန်ခွက်လောက်နဲ့ ဆတူရောနှောပြီး သောက်သုံးရုံပဲဖြစ်ပါတယ်။

လိမ္မော်သီးဖျော်ရည်

လိမ္မော်သီးကတော့ အားလုံးသိပြီးဖြစ်တဲ့အတိုင်းပါပဲ။ ဗီတာမင်စီအများဆုံးပါဝင်ပါတယ်။ အသားအရေ ဝင်းလက်ချင်ပြီး လန်းဆန်းမှုကို ရချင်တဲ့အချိန်မှာ သောက်သုံးတာက အကောင်းဆုံးဖြစ်ပါတယ်။

လက်ဖက်စိမ်း သံပုရာဖျော်ရည်

လက်ဖက်စိမ်းကတော့ ခန္ဒာကိုယ်အလေးချိန်ကို လျှော့ချပေးပြီး ကိုယ်တွင်းကယ်လိုရီလောင်ကျွမ်းမှုကို တိုးမြှင့်ပေးနိုင်ပါတယ်။ ဒီလို လက်ဖက်စိမ်းမှာ သံပုရာသီးလေးပါပေါင်းစပ်ပေးလိုက်ရင်တော့ ခန္ဒာကိုယ်ရဲ့ နာကျင်ညောင်းကိုက်မှုတွေနဲ့ အကြောတွေကို ဖြေလျော့ပေးနိုင်မှာပါ။

ပါဝင်တဲ့ ပစ္စည်းတွေကတော့ ရေ ၁၂-၁၆ အောင်စနဲ့ လက်ဖက်စိမ်း ၊ သံပုရာသီးစိတ်လေးတွေနဲ့ ပရုတ်ရွက်သုံးရွက် တို့ဖြစ်ပါတယ်။ အားလုံးကို ရောနှောသောက်သုံးလိုက်ရင်တော့ သိသိသာသာထူးခြားမှုကိုတွေ့ရမှာပါ။

( Paing A K )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Lifehack

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ