ရာသီဥတုဖောက်ပြန်မှုကြောင့် ပါကစ္စတန်နိုင်ငံတွင် ငှက်ဖျားရောဂါ ဆိုးဆိုးဝါးဝါး ပြန့်နှံ့နေ


ပါကစ္စတန်နိုင်ငံတွင် ရာသီဥတုဖောက်ပြန်မှုကြောင့် ရာသီဥတုအပြောင်းအလဲများ မြန်ဆန်စွာ ဖြစ်ပေါ်လျက်ရှိနေပြီး ရေထုညစ်ညမ်းမှုများကြောင့်လည်း ခြင်များ ပေါ်များလာကာ ဒေသခံပြည်သူလူထုမှာ ငှက်ဖျားရောဂါဝေဒနာဖြင့် ဆိုးဝါးစွာ ရင်ဆိုင်နေရကြောင်း ပါကစ္စတန် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ပြည်သူ့ကျန်းမာရေး စောင့်ရှောက်ရေး အဖွဲ့အစည်းက မေလ(၁၅) ရက်နေ့တွင် ထုတ်ပြန်ကြေညာသွားခဲ့သည်။ ထို့ကြောင့် ပါကစ္စတန် ကျန်းမာရေးဝန်ကြီးဌာနက ငှက်ဖျားရောဂါဝေဒနာ များဖြင့် ဆိုးဝါးစွာ ရင်ဆိုင်နေရသော ဒေသများ၌ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အဖွဲ့များခွဲကာ နယ်လှည့်ဆေးကုသခြင်းများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ပါကစ္စတန် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပြည်သူ့ကျန်းမာရေးစောင့်ရှောက်ရေး အဖွဲ့အစည်းမှ ပြောရေးဆိုခွင့်ရှိသူ ဆိုဘီယာရို့စ်က “လက်ရှိ ပါကစ္စတန်နိုင်ငံမှာ ရာသီဥတုဖောက်ပြန်မှုတွေကြောင့် ရာသီဥတုပြောင်းလဲမှုနှုန်းတွေ အရမ်းမြန်ဆန်နေတယ်၊ တစ်ချို့ဒေသတွေမှာ ရေထုညစ်ညမ်းမှုတွေ ဆိုးဆိုးဝါးဝါးကို ဖြစ်နေတယ်၊ ရေထုညစ်ညမ်းမှုတွေကြောင့် ခြင်တွေ ပေါက်ဖွားမှုနှုန်းမြင့်မားလာတယ်၊ ခြင်တွေကြောင့် ဒေသခံ ပြည်သူလူထုတွေ ငှက်ဖျားရောဂါနဲ့ ဆိုးဆိုးဝါးဝါး ရင်ဆိုင်နေရပါတယ်၊ ကျွန်မတို့အဖွဲ့ကတော့ အဖွဲ့ငယ်လေးတွေခွဲပြီးတော့ နယ်လှည့်ဆေးကုသခြင်းတွေ လုပ်ကိုင်ဆောင် ရွက်ပေးနေ ပါတယ်” ဟု ပြောကြားသွားခဲ့သည်။ ဆက်လက်ပြီး ၎င်းက “အထူးသဖြင့်တော့ ငှက်ဖျားရောဂါဝေဒနာကို တောင်သူလယ်သမားတွေ အခြေခံ လူတန်းစားတွေမှာ အဖြစ်များနေပါတယ်၊ အစားအသောက်နဲ့ ပတ်သက်ပြီးတော့လည်း ရာသီဥတုပြောင်းလဲမှု မြန်ဆန် နေခြင်းတို့ကြောင့် ရက်ရှည်ထိန်းသိမ်းရတဲ့ အစားအသောက်တွေ ပုပ်သိုးလွယ်တယ်၊ ဒီအစားအသောက်တွေကို စားသောက်မိတဲ့ သူတွေလည်း ၀မ်းလျှောက်ဝမ်းပျက်ရောဂါနဲ့ ရင်ဆိုင်နေရပါတယ်” ဟု ပြောကြားသွားခဲ့သည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/pg/yadanabonnewspaper

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ