ဝမ်းချုပ်ခြင်း (ဝမ်းတစ်လုံးကောင်းရင် ခေါင်းမခဲဘူး ဆိုတဲ့)

  ယနေ့ မြန်မာနိုင်ငံမှာ လူကြီးလူငယ် မရွေး ဝမ်းနုတ်ဆေး သုံးစွဲ နေကြပါတယ်။

  ဝမ်းနုတ်ဆေးကို သုံးစွဲဖို့ အမှန်တကယ် လိုအပ်သလား။ ကျန်းမာရေးကို ထိခိုက် နိုင်ပါသလားဟု မေးစရာ ရှိပါတယ်။

ဝမ်းနုတ်ဆေး မသုံးဘဲ သဘာဝ အတိုင်း ပုံမှန် ဝမ်းသွားတာ အကောင်းဆုံးပဲ ဖြစ်ပါတယ်။ ဝမ်းနုတ်ဆေး အမြဲ သုံးရင် ကျန်းမာရေးကို ထိခိုက် စေပါတယ်။

ဝမ်းချုပ်ခြင်း

အစာဟောင်းက စအို ရောက်သွားတဲ့အခါ စအိုက တင်းလာပြီး ဝမ်းသွားလိုစိတ် ဖြစ်တယ်။ အချို့ တစ်နေ့ သုံးကြိမ်၊ လေးကြိမ်သွားမှ စိတ်ကျေနပ်မှု ရှိတယ်။ အချို့ ဆိုရင် တစ်ပတ်မှာ တစ်ကြိမ်၊ နှစ်ကြိမ် သွားတာ ရှိတယ်။ တကယ် ဝမ်းချုပ်တယ် ဆိုတာ သာမန် ဝမ်းသွားတဲ့ အကြိမ်မှ ပြောင်းလဲ သွားတာကို ခေါ်တယ်။ နေ့စဉ် ဝမ်းသွား၊ မသွား ပြောရုံနဲ့ မပြီးပါဘူး။

ဝမ်းချုပ်ခြင်းဟာ ရောဂါ မဟုတ်ပါဘူး။ ရောဂါမျိုးစုံရဲ့ လက္ခဏာ တစ်ခုသာ ဖြစ်တယ်။ စိတ် ပူပင်သောက ဖြစ်ချိန်၊ အစားအသောက် မမှန်ချိန်၊ အိပ်ရေး ပျက်ချိန်၊ အားကစား လုပ်တဲ့အချိန် များရင် ဝမ်းချုပ် တတ်တယ်။ တစ်ခု ရှိတာက ဝမ်းသွားဖို့ အောင့်ထားတဲ့ အကျင့်က ဝမ်းချုပ်ခြင်းရဲ့ အစပဲ ဖြစ်တယ်။ အချို့ လူတွေက ခရီးသွားရင် ဝမ်းချုပ်တယ်။ အိမ်သာ ထိုင်လေ့ထိုင်ထ မရှိခြင်း၊ နားနားနေနေ လဲလျောင်း နေခြင်း၊ ကြွက်သား ရောဂါ၊ အာရုံကြော ရောဂါ တို့ကြောင့်လည်း ဝမ်းချုပ် တတ်ပါတယ်။

သဘာဝ

ဝမ်းချုပ်ခြင်းဟာ အူမကြီးထဲ မစင်များ စုပုံခြင်းကြောင့် ဖြစ်တယ်။ အူမကြီးမှာ ကြာကြာ ရှိလေလေ၊ ရေဓာတ် လျော့နည်းပြီး မာကျောလာလေလေ ဖြစ်တယ်။ အူလမ်းကြောင်း အဖွဲ့စည်းထဲ စည်းချက်ညီညီ ကျုံ့ခြင်း၊ လျော့နည်းလာလို့ သို့မဟုတ် အူလမ်းကြောင်း ပိတ်ဆို့မှု တစ်ခုခုကြောင့် ဝမ်းချုပ်တယ်။ ကိုယ်ဝန်ဆောင်ခြင်း၊ သိုင်းရွိုက်ဂလင်း လှုပ်ရှားမှု အားနည်းခြင်း၊ အူလမ်းကြောင်း မူမမှန်ခြင်း လက္ခဏာနဲ့ စိတ်ဓာတ် ကျခြင်းတို့ ရှိနိုင်တယ်။ အကိုက်အခဲ ပျောက်ဆေး သောက်တာ များရင်လည်း ဝမ်းချုပ်တယ်။

သင့်လျော်တဲ့ ရောဂါ ရှာဖွေမှု၊ ကုသမှု လိုအပ်တဲ့ အခြေခံ အကြောင်းအရင်းကြောင့် မဟုတ်ဘဲ ဝမ်းချုပ်တာ ဆိုရင် စားသောက်မှု ပုံစံ ထိန်းညှိပေးရင် ကောင်းမွန် စေနိုင်တယ်။ ဝမ်းချုပ်ခြင်းဟာ သန့်စင်ထားတဲ့၊ ပြုပြင် မွမ်းမံထားတဲ့ အသင့် အမြန်စား အစားအစာ (ဟမ်ဘာဂါ၊ ဆင်းဒဝစ်၊ ပီဇာ) တို့ စားသုံးခြင်းနဲ့ အမျှင်ဓာတ် ပါတဲ့ အစားအစာ စားသုံးမှု နည်းခြင်းကြောင့် ဖြစ်တယ်။ စားသောက်မှု ပုံစံအဟောင်း စွန့်ပြီး အမျှင်ဓာတ် ပါဝင်မှုများတဲ့ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေ များများ စားပေးရပါမယ်။

အမျှင်ဓာတ်ပါတဲ့ အစာကို စားလေ့ မရှိရင် မအီမသာ ခံစားရ နိုင်တယ်။ ဂျုံကြမ်းနဲ့ လုပ်ထားတဲ့ ပေါင်မုန့်၊ ကွေကာ၊ ဆန်လုံးညိုတို့ စားသုံး ပေးသင့်တယ်။ အာလူး မီးဖုတ်၊ ခေါက်ဆွဲခြောက်ကို အသီးအရွက်ဖြင့် ပြုလုပ်ထားတဲ့ ဆော့ သို့မဟုတ် အသားအနည်းငယ်နဲ့ တွဲဖက် စားသုံး ပေးရမယ်။ ရေသန့် များများ သောက်ရမယ်။

အကြံပြုချက်များ

ရေ၊ သစ်သီးဖျော်ရည်၊ ဆေးဖက်ဝင် လက်ဖက်ရည်၊ ရေသန့်တို့ဟာ ကော်ဖီ၊ ကိုလာ၊ အရက်နဲ့ ဘီယာတို့ ထက် ပိုမို ကောင်းမွန်တယ်။ သဖန်းသီး၊ ဆီးသီးခြောက်၊ နာနတ်သီးတို့ ကိုလည်း စားသုံး ပေးရပါမယ်။ ဝမ်းချုပ်ခြင်းကို ကုသတဲ့ ရိုးရာကုထုံး (ဥပမာ-မန်ကျည်းရည် သောက်ခြင်းကလည်း နေထိုင်မှု စနစ်ကောင်းရဲ့ တစ်စိတ် တစ်ဒေသပဲ ဖြစ်တယ်။ ဝမ်းတစ်လုံး ကောင်းရင် ခေါင်းမခဲဘူး ဆိုတော့ လူတိုင်း ဝမ်းမှန်၊ လေမှန် ရှိဖို့ လိုကြောင်း ပြောကြား လိုပါတယ်။ ။


 မြ၀တီ
https://www.facebook.com/mwdmedia?fref=nf



မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ