ဖုန်မှုန့်များ ဖြစ်ပေါ်မှုနှင့် ပတ်သက်၍ တောင်ကိုရီးယားနှင့် တရုတ်အစိုးရ တို့ကို တောင်ကိုရီးယား ပြည်သူများက တရားစွဲ


တောင်ကိုရီးယား နိုင်ငံသားများသည် ဖုန်မှုန့်များ ဖြစ်ပေါ်စေမှုနှင့် ပတ်သက်၍ တောင်ကိုရီးယားနှင့် တရုတ်အစိုးရ တို့ကို မေ၂၄ ရက်တွင် တရားစွဲဆိုလိုက်ပြီး ဖုန်မှုန့်များကြောင့် ခံစားရသည့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုအတွက် နစ်နာကြေးပေးရန် တောင်းဆိုကြောင်း တရားလိုများက ပြောသည်။
ကိုရီးယား ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး ဖောင်ဒေးရှင်းမှ ဥက္ကဋ္ဌ ချိုင်ယဲနှင့်ရှေ့နေ အန်ကောင်ဂျဲအပါအဝင် တရားလို ၁ဝ ဦးသည် အဆိုပါ အမှုကို ဆိုးဗဟိုခရိုင် တရားရုံးသို့ တိုင်ကြားခြင်းဖြစ်ပြီး တစ်ဦးချင်းစီအတွက် နစ်နာကြေး ဝမ်သုံးသန်း (အမေရိကန်ဒေါ်လာ ၂၆ဝဝ) ပေးရန် တောင်းဆိုထားကြောင်း သိရသည်။

ယင်းအမှုတွင် တရားလို ၁ဝ ဦးနှင့်အတူ အခြား ၈၁ ဦးက ကိုယ်စားလှယ်များ အဖြစ် ပါဝင်ကြောင်း သိရသည်။ ၎င်းတို့နှစ်ဦးသည် ဧပြီလ အစောပိုင်းတွင် တရားလို ငါးဦးနှင့်အတူ အဆိုပါ အမှုကို ကနဦး တိုင်ကြားကြောင်း၊ သို့သော် တရားလို အများအပြားက ယင်းအမှုတွင် ၎င်းတို့ပါဝင်ရန် ဆန္ဒရှိသည်ဟု ပြောသည့်အတွက် မူလအမှုကို ရုပ်သိမ်းပြီး ထပ်မံ တိုင်ကြားခြင်း ဖြစ်ကြောင်း ချိုနှင့်အန်တို့က ပြောသည်။ တောင်ကိုရီးယား နိုင်ငံသည် တရုတ်နိုင်ငံ အနောက်ပိုင်းမှ အဓိက လာသည်ဟု ယူဆရသော ဖုန်မှုန့်များနှင့် နိုင်ငံအတွင်း ဖြစ်ပေါ်သည့် မြူခိုးများက ကောင်းကင်ကို ဖုံးလွှမ်းနေသည့် အတွက် နှစ်စဉ်လေထု ညစ်ညမ်းမှုနှင့် ရင်ဆိုင်နေရကြောင်းသိရသည်။ ထို့ပြင် ယင်းဖုန်မှုန့်များသည် အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါများကို ဖြစ်ပေါ်စေပြီး ကိုယ်ခံအား စနစ်ကိုလည်း ထိခိုက်စေကြောင်း သိရသည်။

မြ၀တီ
https://www.facebook.com/pg/mwdmedia

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ