အမျိုးသမီးများ သွေးဆုံး ဓမ္မတာအတွက် သတိချပ်


အမျိုးသမီးအတိုင်းတွင် တွေ့ ကြုံရမည်ဖြစ်သော change of life သွေးဆုံးခြင်း အချိန်ကာလရောက်သည့် အခါတွင် ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေရန်နှင့်ဖြစ်လာမည့်အချိန်အခါတွေတွင် ဖြစ်တက်သော အခြေအနေများကို သိရှိဖို့ လိုအပ်ပါသည် ။

လူ့ အသက် ၅၀ ဝန်းကျင်ရောက်လာခဲ့ရင် အမျိုးသမီးများအနေဖြင့် သွေးဆုံးသည့် ဓမ္မတာအချိန် ရောက်ရှိလာတက်ပါသည် ။ တစ်ချို့ အမျိုးသမီးတွေတွင် ၅၀ ကျော်စမှာဖြစ်တက်သလို တစ်ချို့ က ဒီထက်စောပြီးသွေးဆုံး ဖြစ်ပေါ်လာတက်ပါသည် ။ သွေးဆုံးသည့် အချိန်အခါတွင်
အီစထရိုဂျင် (Estrogen)
ခေါ်သည့် မဟော်မုန်းတစ်မျို့  ပမာဏ လျော့နည်း လာပါသည် ။ ဖြစ်ပေါ်နေသည့် အချိန်တွင် လိုအပ်သော ဗီတာမင်များ အပါ မဟော်မုန်းလျော့နည်းလာခြင်းကြောင့် ပြန်လည်ဖြည့်တင်းပေးမည့် အစားအစာများကို စားသောက်ဖို့ လိုအပ်လာပါတော့သည် ။ လျော့နည်းသော ဟော်မုန်းအတွက် အစားသောက်ဖြင့် စားသောက် သင့်သည်များမှာ ငါး ၊ မုန်လာဥနီ ၊ ပန်းဂေါ်ဖီ ၊ သင်္ဘောသီး ၊ ပဲပီစပ် ၊ ပဲနီလေး ၊ ပင်လယ်ရေမှော် ၊ ပန်းသီး နှင့် သစ်သီးများကို ပိုမိုစားသောက်ပေးသင့်ပါသည် ။ အချိုဓာတ်များပါဝင်သော အစားအစာများကို လျှော့ပေါ့စားသုံးသင့်ပါသည် ။

အမျိုးသမီးများအသက်လေးဆယ်ဝန်းကျင်လောက်ကစပြီး မကြာမကြာ နွားနို့ များကို သောက်ပေးသင့်ပါသည် ။ အရိုးပွခြင်းအတွက် ကြိုတင်ဖြည့်ဆည်း သောက်ပေးခြင်းဖြစ်ပါသည်။

သွေးဆုံးအချိန်ကာလနှစ်အတွင်းတွင် စိတ်ပိုင်းဆိုင်ရာအပြောင်းအလဲနှင့် ရုပ်ပိုင်းဆိုင်ရာပါ ပြောင်းလွဲလာတက်ပါသည် ။ ဖြစ်ပေါ်တက်သည့် အနေအထားများမှာ ကိုယ့်ခန္ဓာ ပူနွေးလာတက်ခြင်း ချွေးများပြန်တက်ခြင်း ၊ စိတ်အလိုမကျ ဖြစ်တက်ခြင်း ၊ မောပန်းနွမ်းနယ်နေခြင်း ၊ ကိုယ့်လက်စိတ်တွေ မအိမသာဖြစ်ပေါ်တက်ပြီး စိတ်တိုင်းမကျဖြစ်တက်ခြင်း နှင့် ညပိုင်း ကောင်းစွာ အိပ်မပျော်တက်ခြင်းများ လည်း ဖြစ်ပေါ်တက်ပါသည် ။ အမျိုးသမီးများ သွေးဆုံးချိန်တွင် စိတ်ပိုင်းဆိုင်ရာများပါ ပြောင်းလွဲတက်သည့် အချိန်ဖြစ်သလို့  ရုပ်ပိုင်းဆိုင်ရာအဖြစ် ရင်သားများ သေးငယ်လာတက်ပါသည် ။ အရိုးပွခြင်းနှင့် နှလုံးရောဂါ ဖြစ်တက်သည့်အတွက် အထူးသတိချပ် စားသောက်နေထိုင်သင့်ပါသည် ။ တစ်ချို့ ကျန်းမာရေး အားနည်း သည့် အချိန်ကာလာများတွင် တစ်ချို့ အမျိုးသမီးများမှာ မူလစိတ်ထက် စိတ်တိုင်းမကျ ပိုမိုစိတ်တို အလိုမကျဖြစ်နေတက်သည့်မှာ သဘာဝဖြစ်ပေမဲ့ တစ်ချို့ ကျန်းမာရေး အသိနည်းသည့်အတွက် ဘာဖြစ် သလိုလိုနဲ့  ပယောဂ ဘာဂ ဆိုပြီး လုပ်လာတက်ကြပါတယ် လွဲမှားနေသည့် မြန်မာ့ အယူအဆ တစ်ချို့လည်း ယူဆ ရှိနေပါသေးသည်။

ဓမ္မတာအရအမျိုးသမီးများအတွက် သွေးဆုံးချိန်ပြောင်းလဲဖြစ်ပေါ်သည့် အချိန်တွင် လိုအပ်သော ဗီတာမင်နှင့် လျော့နည်းလာသော မဟော်မုန်းဖြည့်တင်းပေးနိုင်မည့် တင်ပြထားသည့် အစားအစာများ ပိုမိုစားသောက်ပေးရန် အထူးလိုအပ်ပါသည် ။
အသက်ရာကျော် ရှည်ပါစေ

Mg Mandalay
https://www.facebook.com/mg.mandalay

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ