What Your Urine Says About Your Health ဆီးအရောင်နှင့် ကျန်းမာရေး


ဆရာခင်ဗျာ့ ကျနော်နာမည့့် ပါ။ အသက်၄၀ အိမ်ထောင်ရှိပါတယ်ခင်ဗျာ့။ ကျနော်ဆီးသွားလျှင် ဆီးခွက်သုံးကာ မနက်ကျ ဆီးကိုကြည့်လိုက်ပါက နီကျင့်ကျင့်အရောင်ဖြစ်နေပါသဖြင့် မည်သည့်ဆေးများ သောက်သုံးရန် သင့်ပါသလဲခင်ဗျာ့။ လေးစားစွာဖြင့်။

ဆီးအရောင်နဲ့ ကျန်းမာရေး ဆက်စပ်နေတယ်။ အရောင် ဝါ-နီ-ညို-ဖြူနေသလား။ ကြည်လင်-နောက်ကျိနေသလား။ သည်းခြေရည်နဲ့ဆိုင်နိုင်တယ်။ ပိုးဝင်တာလည်းသံသယရှိရမယ်။ ကောက်ရိုးရောင်၊ အဝါနုရောင် ကျန်းမာလို့။ ဝါနေတာ ရေနည်းလို့။ အမြှုပ်ထတာ ရောဂါမဟုတ်ပါ။

Clear pee ကြည်လင်နေတာ ကောင်းတယ်။ ရေသောက်တာလုံလောက်လို့ဖြစ်တယ်။ တနေ့တာ ရေလိုအပ်ချက်က ရာသီဥတုနဲ့ ချွေးထွက်တာအပေါ်မူတည်တယ်။ ရေနဲ့ ဆား ခေါ် ဆိုဒီယမ်ဓါတ် အချိုးအစားမျှနေမှသာ ကျန်းမာတယ်။ ရေများပြန်ရင် Hypotremia ခေါ် ဆိုဒီယမ်နည်းသွားမယ်။

Cloudy pee ဆီးနောက်နေသလား။ Phosphaturia ခေါ် ဖေါ့စဖိတ်ပါနေတာဖြစ်နိုင်တယ်။ ဆီးကလည်း အက်စစ်ဓါတ် ကဲနေလို့ဖြစ်မယ်။ မကောင်းပါ။ ကျောက်ကပ်ကျောက်တည်နိုင်တယ်။ ဖေါ့စဖိတ်ပါနေလို့ နောက်နေတဲ့ဆီးခွက်ထဲကို ဗနီဂါအဖုံးတခုစာနဲ့ ရောကြည့်ရင် ကြည်သွားတာတွေ့မယ်။

Cooled-down hues ဆီအရောင် ဝါညိုရောင်ဖြစ်နေသလား။ ဗီတာမင်ဆေးကြောင့်လည်းဖြစ်နိုင်တယ်။ Phenazopyridine နဲ့ Methenamine ဓါတ်ပတဲ့ဆေးသောက်လို့လည်းဖြစ်နိုင်တယ်။ Pseudomonas ဗက်တီးရီးယား ပါနေလို့လည်းဖြစ်နိုင်တယ်။ ပိုးပါနေတာကို ပိုးသေဆေးပေးတာနဲ့ ပျောက်တယ်။

Orange yellow လိမ်မော်ရောင်ဖြစ်နေသလား။ အစားအသောက်ထဲမှာ မုန်လာဥနီ၊ အရောင်ပါသစ်ဥတွေကနေ ဖြစ်စေတယ်။ ဗီတာမင်စီများတာကနေဖြစ်စေနိုင်တယ်။ ဆိုးဆေးပါသွားရည်စာကနေဖြစ်စေနိုင်တယ်။ ဂျွန်းစ်စ် ခေါ် အသားဝါလား၊ အသည်းနဲ့ သည်းခြေရည်လမ်းစစ်ဆေးပါ။

Brown ဆီးအညိုရောင်။ သတိထားရပါမယ်။ အသည်းမကောင်းတာလား။ သွေးပါနေသလား။

Red-pink ပန်းရောင်၊ အနီရောင် ကျောက်ကပ်ရောဂါ၊ ကင်ဆာ၊ ပိုးဝင်တာစစ်ဆေးပါ။ အစားအသောက်ကနေ ဖြစ်တာဆိုရင် ၂၄ နာရီအထိသာဖြစ်မယ်။ ဒိထက်ကြာနေရင် ဆီးစစ်ရပါမယ်။ ဆီးလမ်းကြောင်းစစ်ဆေးတာလိုနိုင်တယ်။

Smelly ဆီးနံ့ဆိုးနေသလား။ ကညွတ်စားရင် ဆီးကထူးပြီးနံမယ်။ လိုအပ်ရင် ဆီးစစ်ရမယ်။

Burning sensation ဆီးပူတာ ဆီးလမ်းပိုးဝင်လို့ဖြစ်နိုင်တယ်။ ဆေးလိုတယ်။

Chyluria ဆီးစစ်လို့ ဆီးထဲမှာ လင့်ဖ် ခေါ် သွေးပြန်ရည်တွေ့ရင် Lymphatic filariasis ဆင်ခြေထောက်ပိုး ဝင်ခံထားရလို့ ဖြစ်တယ်။

ဆီးဖြူနေတာက ကျောက်ပါနေတာဖြစ်နိုင်တယ်။ ပြာစိမ်းစိမ်းအရောင် မျိုးဗီဇရောဂါလား ပိုးဝင်တာလား စစ်ဆေးပါ။ မရမ်းရောင်ဆီး မရှိပါ။

ဖတ်နိုင်တဲ့စာတွေ -
1. Dysuria ဆီးခဏခဏအောင့်လို့ပါရှင်
2. Frequent urination ဆီးသွားတဲ့အကြိမ်များစေနိုင်တဲ့ အကြောင်းရင်းများ
3. Honeymoon Cystitis ဟန်းနီးမွန်းမှာ ဆီးအောင့်တာ
4. Kidney Diseases in Children ကလေး ကျောက်ကပ်ရောဂါတွေ
5. Medicine for Diseases of Urinary Tract ဆီးလမ်းကြောင်းရောဂါဆေးများ
6. Microalbuminuria ဆီးထဲအယ်လ်ဗျူမင်များနေခြင်း
7. Prostatitis ဆီးကျိတ်ရောင်ခြင်း
8. Sulfamethoxazole and trimethoprim ဆေး
9. UTI ဆီးလမ်းရောဂါ ပိုဖြစ်နေကြတယ်
10. Women and Urinary Tract အမျိုးသမီးနဲ့ ဆီးလမ်းကြောင်းရောဂါ

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ