Watery baby's eyes ကလေးမျက်ရည်ဝဲနေခြင်း


၁။ မင်္ဂလာပါဆရာရှင့်။ ကျွန်မကလေးက ၄ လပါဆရာ။ ကလေးရဲ့ ညာမျက်လုံးမှာ မျက်ရည်အမြဲကျပါတယ်ဆရာရှင့်။ စိုးရိမ်ရလားရှင့်။ အခုကလေးမျက်လုံးကို ဝါကွမ်းလေးနဲ့ဘဲ သုတ်ပေးတယ်ရှင့်ဆရာ။ ဘယ်လိုလုပ်ပေးရမလဲဆရာ ဖြေပေးပါနော်ဆရာရှင့်။

၂။ ကလေးမွေးပြီးတပါတ်နေမှ သတိထားမိတာပါ။ ကလေးအသက် ၁ နှစ်ရှိပါပြီ။ မျက်လုံးတစ်ဖက်တည်းက ယိုနေတာပါဆရာ။ ဘာကြောင့်လဲ။ ဘယ်လိုလုပ်ရင် ပျောက်ကင်းနိုင်မလဲ။ ကျေးဇူးပြုပြီး ပြန်လည်ဖြေပေးပါဆရာ။

ဒုတိယမေးခွန်းမှာ မျက်ရည်ဆိုတာမပါပါ။ မွေးကာစကလေးမှာ မငိုပဲနဲ့မျက်ရည်ဝဲနေရင် မျက်ရည်လမ်းကြောင်းလေးက ကောင်းကောင်းမဖွံ့ဖြိုးသေးလို့ဖြစ်ပါမယ်။ ကလေး ၁ဝ ယောက်မှာ ၁ ယောက်လောက် အဲလိုဖြစ်တတ်ကြတယ်။ သူ့အလိုလို ဖွံ့ဖြိုးမှုမီလာရင် ပြန်ကောင်းပါမယ်။

လူတိုင်းမှာ Lacrimal glands ခေါ်တဲ့ မျက်ရည်အိတ် တစုံစီ မျက်စိရဲ့အထက်နေရာမှာပါကြတယ်။ အဲဒီကနေ မျက်ရည် အမြဲထွက်နေပြီး မျက်ရည်ပြွန်ငယ်လေးကနေ နှာခေါင်ထဲစီးကျနေရမယ်။ အဲဒီအလုပ်မလုပ်နိုင်ရင် ထွက်သမျှ မျက်ရည်က မျက်လုံးမှာပဲ စိုရွှဲနေမယ်။ မျက်စိကျိန်းသလို နီရဲမနေ ရောင်မနေပါ။

မျက်စိကနေ ခပ်ပြစ်ပြစ်ထွက်နေတာရှိရင် အသာအယာ ရေစိုဝတ်ကလေးနဲ့ ရှင်းထုတ်ပေးပါ။ ကလေး မျက်စိ (နှာခေါင်းဖက်နေရာလေး) ကို လက်ချောင်းလေးတချောင်းတည်းနဲ့ နှိပ်သလိုဖိဖိပေးသင့်တယ်။

အဲလိုဖြစ်နေတဲ့ကလေးတွေမှာ မျက်စိပိုးဝင်တာပိုဖြစ်လွယ်တယ်။ အဲတာဖြစ်လာရင် ပိုးသေဆေးပါတဲ့ မျက်စဉ်းအပျော့စား လိုလာပြီ။

ကလေးမျက်ရည်ဝဲတာ တနှစ်သားအရွယ်ထိလည်းကြာတတ်တယ်။ လိုမယ်ထင်ရင် မျက်စိအထူးကုဆရာဝန်ကို ပြသင့်တယ်။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ