ကိုလက်စထရော လျှော့ချတဲ့ Statin ဆေးတွေဟာ သင့်ကို ပိုမိုဒေါသထွက်စေနိုင်




လူသန်းပေါင်းများစွာက ကိုလက်စထရော လျှော့ချဖို့ အတွက် သောက်သုံးနေတဲ့ Statins ဆိုတဲ့ ဆေးတွေဟာ သင့်ကို ပိုမို ဒေါသထွက်လာစေတယ်လို့ သိပ္ပံပညာရှင်တွေက အခိုင်အမာဆိုလိုက်ပါတယ်။

ဒါပေမယ့်လည်း သိပ္ပံပညာရှင်တွေက အမျိုးသား အယောက် ၁၀၀၀ ကို ထိုဆေးတွေသောက်သုံးစေကြည့်တဲ့အခါမှာတော့ အမျိုးသားတွေဟာ ဒေါသတွေ လျော့နည်းလာသလို ပိုမိုတည်ငြိမ်လာကြတယ်လို့လည်း သိခဲ့ရပါတယ်။

လက်ရှိ ဗြိတိန် နိုင်ငံမှာ ဆိုရင် ထို ဆေးကို သောက်သုံးသူ ၇ သန်းခန့်ရှိနေပြီး အနာဂါတ် အချိန်တွေမှာလည်း ပိုမို များပြားလာနိုင်ဖွယ်ရှိနေပါတယ်။

ဒါကြောင့် ဆေးပညာ ပါမောက္ခ Beatrice Golomb ဦးဆောင်တဲ့ ဆေးပညာ သုတေသီအဖွဲ့ဟာ အမျိုးသား နဲ့ သွေဆုံးခါနီးအမျိုးသမီး အယောက် ၁၀၀၀ တို့ကို simvastatin ၊ pravastatin နဲ့ placebo တို့ကို ၆ လခန့် တစ်မျိုးစွဲ ခွဲဝေ သောက်သုံးစေခဲ့ပါတယ်။ ဒါပေမယ့် ဘယ်သူက ဘာဆေးသောက်တယ်ဆိုတာကိုတော့ သုတေသီတွေကိုယ်တိုင်တောင်မှ မသိခဲ့ကြပါဘူး။

အပတ်စဉ်တော့ ဘယ်သူက တစ်ခြားတစ်ယောက်ကို ၊ မိမိကိုယ်ကို ၊ အရာဝထ္ထုတွေကို ဘယ်လောက်ထိ စိတ်တိုလာတတ်တယ် ဆိုတာကိုတော့ စစ်တမ်းကောက်ယူပြီး မှတ်တမ်းတင်ထားခဲ့ကြပါတယ်။

အဲဒီအခါမှာ တော့ သိပ္ပံပညာရှင်တွေဟာ ဒေါသထွက်စေတဲ့အကြောင်းအရာ ၂ ခုကို တွေ့ခဲ့ရပါတယ်။ အဲဒါတွေကတော့ testosterone လို့ခေါ်တဲ့ ဟော်မုန်းနဲ့ အိပ်စက်ခြင်း ပြသနာတွေပါပဲ။ ၂ ခုလုံးကလည်း simvastatin ဆိုတဲ့ ဆေးရဲ့ အကျိုးဆက်တွေပဲ ဖြစ်နေပါတယ်။ ဒါပေမယ့် ဆေးရဲ့ သက်ရောက်မှုတွေကတော့ ယောကျာင်္း ၊ မိန်းမ တူညီခြင်းမရှိခဲ့ပါဘူး။

ဒေါသထွက်လေ့မရှိခဲ့တဲ့ သွေးဆုံးခါနီး အမျိုးသမီးတွေဟာ ပိုမို ဒေါသထွက်လာကြတာကို တွေ့ခဲ့ရပါတယ်။ ဒါပေမယ့် အမျိုးသားတွေရဲ့ အကျိုးဆက်ကတော့ မတူညီပဲ အနည်းငယ် ရှုပ်ထွေးနေခဲ့ပါတယ်။ အမျိုးသား ၃ ယောက်ဟာ ဒေါသ အလွန်ထွက်လာတာကိုတွေ့ခဲ့ရပါတယ်။ ဒါပေမယ့်လည်း သာမန် အနေအထားပဲ ဒေါသထွက်တတ်တဲ့ ငယ်ရွယ်သူ အမျိုးသား တစ်ချို့ကတော့ ဒေါသတွေ လျော့နည်းသွားတာကိုတွေ့ရပါတယ်။

သိပ္ပံပညာရှင်တွေ လက်ခံခဲ့တာကတော့ simvastatin ဟာ testosterone ဟော်မုန်း ပမာဏကို လျော့ကျသွားစေတဲ့အတွက် ဒေါသ ပိုမို ထွက်လာခြင်းဖြစ်ပြီး simvastatin ဟာ အိပ်မပျော်ခြင်းကို ဖြစ်ပေါ်စေတဲ့အတွက် ဒေါသထွက်စေတာပဲ ဖြစ်တယ်ဆိုတာပါပဲ။

နောက်ထပ် ဖြစ်နိုင်ချေရှိတာတစ်ခုကတော့ ကိုလက်စထရောပမာဏ လျော့ကျသွားတဲ့အခါမှာ ဦးနှောက်ထဲမှာရှိတဲ့ serotonin ဟော်မုန်းတွေလည်း လျော့ကျသွားစေပါတယ်။ အဲဒီလို serotonin ဟော်မုန်း လျော့နည်းနေခြင်းဟာ အကြမ်းဖက်ခြင်း အလေ့အကျင့်တွေကို ပိုမို အားကောင်းလာစေနိုင်တာကိုလည်း တွေ့ခဲ့ရပါတယ်။

ဒါပေမယ့်လည်း သိပ္ပံပညာရှင်တွေဟာ သူတို့ရဲ့ သုတေသန ကနေ ရှာဖွေတွေ့ရှိခဲ့တာတွေကို အလုံးစုံ ရှင်းပြနိုင်ခြင်းတော့ မရှိသေးပါဘူး။

( Mario )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Dailymail

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ