Regular Menstruation and Pregnancy ရာသီမှန်မှ ကိုယ်ဝန်ရ၏


သမီးအသက် ၂၇ နှစ်ပါ။ အိမ်ထောင်ကျတာ ၂ နှစ်ရှိပါပြီ။ အပျိုဘဝကတည်းက ရာသီသွေး ပုံမှန် မဆင်းပါဘူးဆရာ။ အိမ်ထောင်မပြုခင် ကလေးလည်းလိုချင်တဲ့အတွက် OG နဲ့ပြခဲ့ပါတယ်ဆရာ။ OG က သွေးစစ်တာနဲ့ အာလ်ထရာဆောင်း ရိုက်ခဲ့ပါတယ်။ Normal လို့ပြပါတယ်ဆရာ။

 သွေးစစ်တဲ့အဖြေမှာ FSH 4.47 , LH 25.25 ဆိုပြီးပြတာကို ဆရာဝန်က ဝိုင်းထားပြီး၊ တားဆေးဆေးကဒ်သာ သောက်ခိုင်းခဲ့ပါတယ်။ ဘာဖြစ်တယ်ဆိုတာကို မပြောပါဘူးဆရာ။ ၆ လ နေ သွေးပြန်စစ်ပါဆရာ။ အာလ်ထရာဆောင်းလည်း ပြန်ရိုက်ပါတယ်ဆရာ။ ပုံမှန်ပါပဲဆရာ။ သွေးစစ်တာက FSH 5.73 , LH 20.54 လို့ပြတယ်ဆရာ။ တနှစ်နီးပါး တားဆေးကဒ်သောက်ခဲ့ရပါတယ်။ တားဆေးသောက်ချိန်မှာတော့ ရာသီသွေး ပုံမှန်ဆင်းပါတယ်ဆရာ။

 အိမ်ထောင်ပြုမှာမို့လို့ ဆရာဝန်ကိုလည်း ကလေးလိုချင်ကြောင်းနှင့် တာဆေး မသောက်ချင်တော့ကြောင်း ပြောပါတယ်ဆရာ။ ဒါပေမဲ့ ဆရာဝန်က သေချာရှင်းလင်းပြောပြချင်းမရှိပဲ တာဆေးပဲ ဆက်သောက် ခိုင်းခဲ့ပါတယ် ။ ဒီနှစ် အမျိုးသားက အလုပ်စာမေးပွဲနဲ့ ရန်ကုန်မှာ တနှစ်လောက် ကြာမှာမိုလို့ ကလေးရအောင် ကြိုးစားချင်တာပါဆရာ။ ဆရာရဲ့ Ovulation မျိုးဥကြွေဆေးနှင့် စမ်းသပ် နည်းဆောင်းပါးမှာ Clomiphene Citrate တွေ့လို့် ဒီစာရေးပြီး လှမ်းမေးတာပါဆရာ။ သမီး OG နောက်တယောက်ပြောင်း သေချာစစ်ဆေး ခံယူသင့်ပါသလား။ အခု တာဆေးမသောက်တာလည်း ကြာပါပြီဆရာ။ ရာသီသွေးကလည်း ပုံမှန်မရှိဘူး။ ၃ လလောက်ပျောက်သွားရင် ဆေးခန်းသွားပြီး သွေးပေါ်ဆေးထိုးမှ ပြန်ပေါ်တယ်ဆရာ။ သမီးကို လမ်းညွန်ပေးပါဆရာ။ ကလေးလည်း အရမ်းလိုချင်လို့ပါ။ ဘယ်ကနေ ဘယ်လို စလုပ်ရမယ်ဆိုတာကို လမ်းညွန်ပေးစေလိုတယ်ဆရာ။

FSH level ဟော်မုန်း
ယောက်ျား
• လူပျိုမဖြစ်မီ 0 - 5.0 mIU/ml
• လူပျိုဖြစ်စ 0.3 - 10.0 mIU/ml
• လူကြီးပိုင်း 1.5 - 12.4 mIU/ml

အမျိုးသမီး
• အပျိုမဖြစ်မီ 0 - 4.0 mIU/ml
• အပျိုဖြစ်စ 0.3 - 10.0 mIU/ml
• ရာသီပေါ်နိုင်တဲ့အရွယ် 4.7 - 21.5 mIU/ml
• သွေးဆုံးပြီး 25.8 - 134.8 mIU/ml

LH level ဟော်မုန်း
ယောက်ျား
• ၁၈ နှစ်အဖက် 1.8 - 8.6 IU/L

အမျိုးသမီး
• ငယ်တုံးမှာ နည်း။ ရာသီစက်ဝန်းအလယ်မှာ အများဆုံး။
• သွေးမဆုံးခင် 5 - 25 IU/L
• သွေးဆုံးပြီး 14.2 - 52.3 IU/L

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ