Hypertension Question သွေးတိုးမေးခွန်း


၁။ ဆရာ မင်္ဂလာညချမ်းပါ။ ကျမ အသက် ၂၂ပါ။ သားဦးကလေး ၆၄ရက်ရှိပါပြီ။ ကိုယ်ဝန် ၃၄ပတ်မှာ သွေးပေါင် ၁၇၀/၁၁၀ ပါ။ ယခု သွေးပြန်တိုးနေပါတယ်ဆရာ။ မတည့်တာ မစားမိသလောက်ပါပဲ (ချဉ်စော်ကားသီးယိုစားလျှင် သွေးပေါင်မှန်သည် ကြားမိပါသောကြောင့်) ယခုစားလျှင် ကလေးအတွက် အဆင်ပြေပမလားဆရာ တခြားနည်းနဲ့ သွေးပေါင်မှန်မည်ဆိုလျှင် အကြံပေးပါဆရာ။ အစဉ်လေးစားလျက်။

၂။ ကျတော့်မှာ သွေးတိုးရောဂါ ခံစားနေရသူပါခင်ဗျာ့ 120/180 ထိတိုးဘူးပါတယ်။ အဲ့တုန်းက မသိပါဘူး။ ဘာမှ မဖြစ်ပါဘူး။ နောက်ပိုင်း နေပြည်တော်မှာဆေးစစ်ပြီး အထူးကုနဲ့ပြကြည့်ပါတယ်။ အထက်ပါဆေးနဲ့ နှလုံးနဲ့ ပတ်သက်တဲ့ ဆေးလည်း ပေးပါသေးတယ်ခင်ဗျာ့။ အဲ့နောက်ပိုင်း သွေးပေါင်ချိန် အပေါ်သွေး 140 ထက်တော့ မကျော်တော့ပါဘူး။ ခုဖြစ်နေတဲ့ပြဿနာ အရင် 100/150 တိုးပြီးပြန်ကျရင် အောက်ပိုင်းတွေ လေးလေးနေလို့ပါ။ ခု ၁၄ဝ ထက်မကျော်ပေမယ့် ညနေပိုင်အမြဲ 140 လောက်တတ်နေတတ်ပါတယ်။ ပြီးခြေထောက်တွေ ခါးအောက်ပိုင်းတွေ လေးနေပါတယ်။ ကျင်နေတတ်ပါတယ်။ ဘယ်လိုလုပ်ရမလဲ ကျေးဇူးပြုပြီး ဖြေပေးစေလိုပါတယ်။ အစဉ်လေးစားလျက်

၃။ မင်္ဂလာပါဆရာ ကျတော့် နာမည်က့ ပါဒ ရန်ကုန်မှာနေပါတယ်။ အသက်က ၂၇ ပြည့်ပြီးခါစပဲရှိပါသေးတယ်။ အိမ်ထောင်မရှိပါ။ ကျွန်တော် ခဏခဏ သွေးတိုးနေပါတယ်ဆရာ။ ညနေပိုင်းမှာတိုးပြီး မနက်မှာ ပုံမှန်ပြန်ဖြစ်ပါတယ်။ အခု လက်ရှိတိုင်းလိုက်တာ ၁၆ဝ/၉ဝ ပါ။ မနတ်ခင်းတိုင်းရင် ၁၂ဝ/၈ဝ ပါ။ ၁၁ လပိုင်းလောက်က ဆရာဝန်တယောက်ဆီ သွားပြတော့ မှ သွေးတိုးနေမှန်းသိပါတယ်။ ဘာကြောင့်သွေးတိုးတာပါလဲခင်ဗျာ။ ကျွန်တော့်မေးခွန်းကို ပြန်လည်ဖြေကြားလိုပါတယ်ဆရာ။ အရမ်းလည်းစိုးရိမ်နေလို့ပါ။ လေးစားစွာဖြင့်။

ကျွန်တော်တို့လူမျိုးက အစားအသောက်မှာ အယူအဆလွဲတာတွေ အတော်ကိုများတယ်။ သွေးတိုးကျစေတဲ့အစားအစာ မရှိပါ။ တက်စေတာသာရှိတယ်။ ဆောရီး။ သွေးတိုးဆိုရင် (ဆေး + ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအသောက် + လူနေမှုပုံစံပြင်တာ) ကို နေ့တိုင်း (မနက် + ည) လုပ်နေရပါမယ်။ အဲလိုနေရင် အသက်ရှည်မယ်။

• သွေးပေါင်ချိန်လို့ပြောတာ မမှန်ပါ။ ပေါင်ချိန်နဲ့တိုင်းတာမဟုတ်လို့ပါ။ mm Hg ဖြစ်ပါတယ်။ အဲလိုထိတော့ သိပ်တိကျဘို့ မလိုပါ။ သွေးဖိအား၊ ပရက်ရှာ၊ BP လို့ တမျိုးမျိုးဆိုရင် ရပါတယ်။
• သွေးဖိအား BP ကိုပြောရင် အပေါ်ဂဏန်းနဲ့ အောက်ဂဏန်းကို သေချာပြောရတယ်။ များတာက အပေါ်ဂဏန်းဖြစ်တယ်။ ဥပမာ 180/120 လို့ပြောရတယ်။
• သွေးတိုးရှိနေသူတိုင်း ဆီးချိုနဲ့ (ကိုလက်စထော) ကိုပါ စစ်ရမယ်။ ရှိရင်ဆေးကုသရပါမယ်။ တချို့မှာ နှလုံးကိုလည်း စစ်ဆေး ကုသမှုခံယူနေရမယ်။
• နာတာရှည်ရောဂါတိုင်းအတွက် အရပ်ဆေးနည်းတွေကများတယ်။ ဆေးသုတေသနနဲ့ သက်သေမပြနိုင်တာတွေကို မယုံသင့်ပါ။
• သွေးတိုးဆိုတာ အများစုက ဘာမှမခံစားရပါ။ ဖြစ်ပြီဆိုရင်လည်း လေဖြတ်တာ၊ နှလုံးရောဂါနဲ့ အသက်ဆုံးပါးတာ တခုခုကြုံရမယ်။
• သွေးတိုးကို ပျောက်အောင်လုပ်မရပါ။ နေ့စဉ် (မနက်-ည) ထိန်းနေရတယ်။ ထိန်းနည်း (၄) မျိုး အကုန်လုပ်ရတယ်။ (သွေးကျဆေး + အငန်ရှောင်ခြင်း + ကိုယ်လက်လှုပ်ရှားမှု + ကိုယ်အလေးချိန်ထိန်းခြင်း) တွေဖြစ်တယ်။

စာတွေကို အေးအေးဆေးဆေးဖတ်ပြီး လိုတာကိုလိုက်နာပါ။
• Bathing and Blood Pressure သွေးတိုး နဲ့ ရေချိုးခြင်း
• Cardivas သွေးတိုးကျဆေး
• DASH diet for blood pressure သွေးတိုးဓါတ်စာ

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ