Hydrosalpinx သားအိမ်ပြွန်ရောဂါ


ဆရာရှင့် သမီးက အသက် ၃၃ ပါ။ အိမ်ထောင်သက် ၂နှစ်အတွင်းမှာ ပထမဦးဆုံး ကိုယ်ဝန်လွယ်ရတော့ ပြောမပြတတ်အောင် ဝမ်းသာမိပါတယ်။ မနက်ခင်းတိုင်းဟာ သမီးတွက် မျော်လင့်ခြင်းရောင်ခြည်အပြည့်နဲ့ပါ။ ဒါပေမဲ့ ဆရာရယ် ကိုယ်ဝန် ၇ ပတ်မှာ ectopic pregnancy ဆိုတာသိလိုက်ရတယ်။ မခံမရပ်နိုင်အောင် အောင့်လွန်းလို့  ဆေးရုံရောက်ပြီး ဘယ်ဘက်သားဥပြွန်ရော သမီးကလေးလေးကိုရော ဆုံးရှုံးခံလိုက်ရတယ်။ ဒီနေ့ဆို ခွဲပြီးတာ ဆလတိတိ ပြည့်တဲ့နေ့ပါ။ သမီးမှာ ကလေးပြန်ရနိုင်ခြေ ဘယ်လောက်ရာခိုင်နှုန်းလောက်ရှိအုံးမလဲ။ နောက်ကိုယ်ဝန်ဆောင်ဖို့ အချိန်စောင့်ရန်လိုပါသလား။ စောင့်ရမယ်ဆိုရင် ဘယ်လောက်စောင့်ပြီး ကလေးယူသင့်ပါသလဲ။ သမီးးအတွက် နောက်ကိုယ်ဝန်ရမှသာ အသက်ဆက်ရှင်ချင်စိတ်ပြန်ပေါ်လာမယ်ထင်လို့ပါ။ အကြာကြီးမစောင့် ချင်ဘူး။ ဘယ်လိုဆေးမျိုးသောက်ရပါ့မလဲ နည်းလမ်းးတွေပေးပါအုံး။ မျှော်နေပါ့မယ်ဆရာ။ အားကိုးတကြီးဖြင့်

မေးခွန်းထဲက ကလေးလို့ရေးရမှာကို ခလေးလို့ရေးထားတာကို ပြင်လိုက်တယ်။ ဆောရီး။ ကိုယ်ဝန်ရချင်သူတွေက ကိုဝန်လို့ရေးကြတယ်။ ကိုယ်ဝန်တားချင်သူတွေက သားဆေးလို့ရေးကြတယ်။ သားဦးမိခင်တွေတ တစ်ဦး၊ သက်ဦးလို့ရေးကြတယ်။့

ကိုယ်ဝန်ရဘို့လိုအပ်တာတွေစာ ပို့ထား။ မေးတဲ့မှာ ပြွန်တဖက်ဖြတ်ထား။ ကျန်တဖက် လမ်းတော့ပွင့်။ ရောင်ရမ်းနေ။ ရေအောင်းနေတယ်လို့ခေါ်။ ဆေးလိုပါမယ်။ အိုဂျီက အကောင်းဆုံးလုပ်ပေးပါမယ်။

သားအိမ်ပြွန်ထိပ်မှာ လက်ချောင်းလေးတွေလိုရှိလို့ အဲတာတွေကရောင်ရာကနေ ပိတ်စေတာဖြစ်တယ်။ ထွက်နေတဲ့အရည်တွေစီးလျှောက်တာမလုပ်နိုင်ပဲ အရည်အိတ်ဖြစ်လာမယ်။ တွယ်ကပ်မှုတွေလည်းဖြစ်တယ်။

တိတိကျကျဆိုရင် သားအိမ်ပြွန်မှာ အရည်အောင်းတဲ့ရောဂါဖြစ်တယ်။ သားအိမ်ပြွန်ပိတ်နေမယ်။ ကလေးရဘို့ခက်မယ်။ နှစ်ဖက်လုံးဖြစ်တာကပိုများတယ်။ ဘာလို့ဖြစ်သလည်း။ PID ခေါ် တင်ပါးဆုံတွင်း အင်္ဂါတွေရောင်ရာကနေဖြစ်တယ်။ ကာလ်မိုင်ဒီးယားနဲ့ ဂနိုးရီးယားပိုးတွေကနေ ဆက်ဖြစ်တာ များတယ်။ တီဘီပိုးကနေဖြစ်တာက အလွန်ရှားတယ်။ တချို့မှာ ပြွန်ပိတ်မနေပါ။ ရောင်နေတိုင်း ပိုးရှိတာတော့မဟုတ်ပါ။

သားအိမ်ပြင်ပသန္ဓေတည်တာဖြစ်စေနိုင်တယ်။ Tuboovarian abscess (TOA) သားအိမ်ပြွန် ပြည်တည်နာလည်း တွဲရှိနေနိုင်တယ်။ ခံစားရမှာတွေက မတူကြပါ။ အများစုမှာ ဗိုက်အောက်ပိုင်း မကြာမကြာနာမယ်။ ကလေးမရလို့ စစ်ဆေးရင်းသာ တွေ့တဲ့သူလည်း ရှိတယ်။

တချို့မှာ IUDs အထဲမှာကလေးဆုံးခြင်း၊ ဗိုက်ခွဲရခြင်း၊ (အင်ဒိုမီထရီယိုးဆစ်) ရောဂါ၊ ကင်ဆာရောဂါတွေကနေလည်း ဆက်ဖြစ်စေနိုင်တယ်။

အာလ်ထွာဆောင်းရိုက်ရင် ဖြစ်နေတာသိမယ်။ Laparoscopy ကရိယာထည့်ကြည့်ရင်သိတယ်။

ကုသနည်းတွေမှာ ခွဲစိတ်ရတယ်။ Salpingostomy နည်းနဲ့ Adhesiolysis နည်းလုပ်နိုင်တယ်။ ခွဲလို့ ဖြစ်နေတာ သက်သာကောင်းမွန်လာတိုင်းတော့ ကလေးရမယ်လို့ အာမမခံနိုင်ပါ။

ကလေးမလိုတော့သူတွေ မရတာသေချာသူတွေကို Salpingectomy သားအိမ်ပြွန်ဖြတ်ထုတ်ရတယ်။ တချို့ကို Hysterectomyသားအိမ်ပါထုတ်တယ်။ မျိုးဥအိမ်ပါထုတ်ရတာလည်းရှိတယ်။

သားအိမ်ပြွန်မကောင်းသူတွေ IVF နည်းနဲ့ ကလေးရအောင်ကြိုးစားနိုင်တယ်။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ