ကင်ဆာမျိုးစုံကိုဖြစ်ပွားစေနိုင်သည့် HPV ဗိုင်းရပ်အတွက် ကာကွယ်ဆေးထိုးနှံမှု နည်းပါးနေသေး


အမျိုးသမီးများတွင်အဖြစ်များပြီး အသက်အန္တရာယ်လည်းရှိသည့် သားအိမ်ခေါင်းကင်ဆာရောဂါသည် ကြိုတင်ကာကွယ်နိုင်သည့်ရောဂါအမျိုးအစားဖြစ်ပြီး ၄င်းကင်ဆာကိုဖြစ်စေသည့် HPV ဗိုင်းရပ်အတွက် ကာကွယ်ဆေးကိုလည်း လွယ်လင့်တကူ ထိုးနှံမှု ခံယူနိုင်သော်လည်း ကမ္ဘာတစ်ဝန်း၌ ကာကွယ်ဆေး ထိုးနှံမှုခံယူသူဦးရေမှာ နည်းပါးနေသေးကြောင်း အမေရိကန်ပြည်ထောင်စု၊ေ၇ာဂါထိန်းချုပ်ရေးနှင့်တားဆီး ကာကွယ်ရေးဌာန CDC က ထုတ်ပြန် ကြေညာသည်။ ကင်ဆာမျိုးစုံအပြင် သားအိမ်ခေါင်း ကင်ဆာကို လည်းဖြစ်ပွားစေတာ HPV ဗိုင်းရပ်ပါ။ ဒီဗိုင်းရပ်ဟာ လိင်ဆက်ဆံရာကနေ ကူးစက် နိုင်ပါတယ်။

အရွယ်ရောက်ပြီဖြစ်တဲ့ အမျိုးသားရော၊အမျိုးသမီးတွေပါ ဒီဗိုင်းရပ်ကူးစက်မှုမခံရအောင် ကာကွယ်ဆေး ထိုးသင့်ပါတယ် ။ အမျိုးသားတွေမှာ သားအိမ်ခေါင်းကင်ဆာ မဖြစ်ဘူးဆိုပေမယ့်လည်း ဒီဗိုင်းရပ်ကြောင့် အခြားကင်ဆာအမျိုးမျိုး ဖြစ်ပွားနိုင်ပါတယ် ဟု CDC မှ တာဝန် ရှိသူတစ်ဦးက ပြောပြသည်။

အမေရိကန်ပြည်ထောင်စုတွင် ၂၀၁၃ မှ ၂၀၁၄ အတွင်း အသက် ၁၈ မှ ၅၉ အရွယ်များတွင် အမျိုးသား ၂၅ ရာခိုင်နှုန်း၊ အမျိုးသမီး ၂၀ ရာခိုင်နှုန်း တို့ ၌ လိင်ဆက်ဆံရာမှတစ်ဆင့် HPV ဗိုင်းရပ် ကူးစက်ခံရသည် ကို တွေ့ ရှိရကြောင်း၊ ၄င်းဗိုင်းရပ်ကူးစက်မှုခံ၇လျင် ကင်ဆာအမျိုးမျိုးဖြစ်နိုင်ခြေ အလွန်မြင့်မားသွားလေ့ ရှိကြောင်း သိရသည်။ လိင်ဆက်ဆံမှုပြုလုပ်နေဆဲဖြစ်ရင် HPV ဗိုင်းရပ်ကူးစက်နိုင်ခြေက အမျိုးသားတွေမှာ ၉၀ ရာခိုင်နှုန်း၊ အမျိုးသမီးတွေမှာ ၈၀ ရာခိုင်နှုန်း ရှိပါတယ်။ သူတို့ ဟာ HPV ဗိုင်းရပ် တစ်မျိုး မဟုတ် တစ်မျိုးကို တစ်ချိန် မဟုတ် တစ်ချိန်မှာ ကူးစက်ခံရနိုင်ပါတယ်။ အဲဒီကူးစက်မှုတွေထဲက ထက်ဝက်ခန့် က အန္တရာယ်ကြီးတဲ့ HPV အမျိုးအစား ဖြစ်ပါလိမ့်မယ်ဟု အမေရိကန်ပြည်ထောင်စု၊ အိုဟိုင်းယိုးပြည်နယ် တက္ကသိုလ်မှ သုတေသီတစ်ဦးက ပြောပြသည်။ HPV ဗိုင်းရပ်ကို အန္တရာယ်နိမ့်ပါးအုပ်စုနှင့် အန္တရာယ်မြင့်မား အုပ်စုဟူ၍ နှစ်စုခွဲထားကြောင်း၊ အန္တရာယ်နိမ့် ပါး အုပ်စုမှ အမှတ်စဉ် ၆ နှင့် ၁၀၀ တို့ ကြောင့် လိင်အင်္ဂါတွင်အဖုအမျိုးမျိုးပေါက်ခြင်း ၉၀ ရာခိုင်နှုန်းဖြစ်ပွား ကြောင်း၊ အန္တရာယ်မြင့်မား အုပ်စုကြောင့်ဖြစ်လျင် အမှတ်စဉ် ၁၆ နှင့် ၁၈ တို့ ကြောင့် ကင်ဆာမျိုးစုံကို ဖြစ်ပွားစေနိုင်ပြီး သားအိမ်ခေါင်းကင်ဆာဖြစ်ပွားစေနိုင်ခြေ ၇၀ ရာခိုင်နှုန်းကျော်ဖြစ်ကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/pg/yadanabonnewspaper

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ