High Blood Pressure Question သွေးတိုးမေးခွန်း
၁။ မင်္ဂလာပါဆရာ ကျတော့် နာမည်က့ ပါ။ ရန်ကုန်မှာနေပါတယ်။ အသက်က ၂၇ ပြည့်ပြီးခါစပဲရှိပါသေးတယ်။ အိမ်ထောင်မရှိပါ။ ကျွန်တော် ခဏခဏ သွေးတိုးနေပါတယ်ဆရာ။ ညနေပိုင်းမှာတိုးပြီး မနက်မှာ ပုံမှန်ပြန်ဖြစ်ပါတယ်။ အခု လက်ရှိတိုင်းလိုက်တာ ၁၆ဝ/၉ဝ ပါ။ မနတ်ခင်းတိုင်းရင် ၁၂ဝ/၈ဝ ပါ။ ၁၁ လပိုင်းလောက်က ဆရာဝန်တယောက်ဆီ သွားပြတော့ မှ သွေးတိုးနေမှန်းသိပါတယ်။ ဘာကြောင့်သွေးတိုးတာပါလဲခင်ဗျာ။ အရမ်းလည်းစိုးရိမ်နေလို့ပါ။ လေးစားစွာဖြင့်။
၂။ ကျန်တော်မှာ သွေးတိုးရောဂါ ခံစားနေရသူပါခင်ဗျာ့ 120/180 ထိတိုးဘူးပါတယ်။ အဲ့တုန်းက မသိပါဘူး။ ဘာမှ မဖြစ်ပါဘူး။ နောက်ပိုင်း နေပြည်တော်မှာဆေးစစ်ပြီး အထူးကုနဲ့ပြကြည့်ပါတယ်။ အထက်ပါဆေးနဲ့ နှလုံးနဲ့ ပတ်သက်တဲ့ ဆေးလည်း ပေးပါသေးတယ်ခင်ဗျာ့။ အဲ့နောက်ပိုင်း သွေးပေါင်ချိန် အပေါ်သွေး 140 ထက်တော့ မကျော်တော့ပါဘူး။ ခုဖြစ်နေတဲ့ပြဿနာ အရင် 100/150 တိုးပြီးပြန်ကျရင် အောက်ပိုင်းတွေ လေးလေးနေလို့ပါ။ ခု ၁၄ဝ ထက်မကျော်ပေမယ့် ညနေပိုင်အမြဲ 140 လောက်တတ်နေတတ်ပါတယ်။ ပြီးခြေထောက်တွေ ခါးအောက်ပိုင်းတွေ လေးနေပါတယ်။ ကျင်နေတတ်ပါတယ်။ ဘယ်လိုလုပ်ရမလဲ ကျေးဇူးပြုပြီး ဖြေပေးစေလိုပါတယ်။ အစဉ်လေးစားလျက်
• သွေးပေါင်ချိန်လို့ပြောတာ မမှန်ပါ။ ပေါင်ချိန်နဲ့တိုင်းတာမဟုတ်လို့ပါ။ mm Hg ဖြစ်ပါတယ်။ အဲလိုထိတော့ သိပ်တိကျဘို့ မလိုပါ။ သွေးဖိအား၊ ပရက်ရှာ၊ BP လို့ တမျိုးမျိုးဆိုရင် ရပါတယ်။
• သွေးဖိအား BP ကိုပြောရင် အပေါ်ဂဏန်းနဲ့ အောက်ဂဏန်းကို သေချာပြောရတယ်။ များတာက အပေါ်ဂဏန်းဖြစ်တယ်။ ဥပမာ 180/120 လို့ပြောရတယ်။
• သွေးတိုးရှိနေသူတိုင်း ဆီးချိုနဲ့ (ကိုလက်စထော) ကိုပါ စစ်ရမယ်။ ရှိရင်ဆေးကုသရပါမယ်။ တချို့မှာ နှလုံးကိုလည်း စစ်ဆေး ကုသမှုခံယူနေရမယ်။
• နာတာရှည်ရောဂါတိုင်းအတွက် အရပ်ဆေးနည်းတွေကများတယ်။ ဆေးသုတေသနနဲ့ သက်သေမပြနိုင်တာတွေကို မယုံသင့်ပါ။
• သွေးတိုးဆိုတာ အများစုက ဘာမှမခံစားရပါ။ ဖြစ်ပြီဆိုရင်လည်း လေဖြတ်တာ၊ နှလုံးရောဂါနဲ့ အသက်ဆုံးပါးတာ တခုခုကြုံရမယ်။
• သွေးတိုးကို ပျောက်အောင်လုပ်မရပါ။ နေ့စဉ် (မနက်-ည) ထိန်းနေရတယ်။ ထိန်းနည်း (၄) မျိုး အကုန်လုပ်ရတယ်။ (သွေးကျဆေး + အငန်ရှောင်ခြင်း + ကိုယ်လက်လှုပ်ရှားမှု + ကိုယ်အလေးချိန်ထိန်းခြင်း) တွေဖြစ်တယ်။
ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး၊
Labels:
ကျန်းမာရေး
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
Tweets by @thithtoolwin