Genital warts in women အမျိုးသမီး လိင်လမ်းကြွက်နို့


၁။ ကျမနာမည့့် ပါ။ အသက် အခု ၃၄ နှစ်ထဲမှာပါ။ ပထမဆုံးသားဦးကိုယ်ဝန်က ၁၇ ပတ်ထဲရောက်နေပါပြီ။ ကျမ ကိုယ်ဝန်စရှိတဲ့အချိန်ကစပြီး ကျမစအိုဝနားမှာ ကြွက်နို့တလုံးစပေါ့်လာပါတယ်။ တဖြည်းဖြည်းကြီးလာပြီး ယားလို့ ကုတ်မိတဲ့အခါမှာ ဘေးကနေ ထပ်ပွါးလာပါတယ်။ ကျမငယ်စဉ်က အပျိုမဖြစ်ခင် အဲလိုကြွက်နို့တွေ လက်မှာအများကြီး ပေါက်ဖူးပါတယ်။ ဆေးနည်းပေါင်းစုံနဲ့လည်း ကုတာမပျောက်ဘဲ ပွါးလာပါတယ်။ နောက်ဆုံးဆေးရုံမှာ operation ခန်းထိ ဝင်ရဖူးပါတယ်။ ဒါပေမဲ့ မပျောက်ဘဲ ဆက်ပွါးဖူးပါတယ်။ နောက် အပျိုစဖြစ်ချိန်ကစပြီး အဲ့ကြွက်နို့တွေက သူ့အလိုလို ညှိုးပြီး ပျောက်သွားပါတယ်။ အခု လက်မှာ အရာတွေပဲကျန်ပါတော့တယ်။ အခုတခါ ကိုယ်ဝန်စရှိချိန်မှာ အဲလိုကြွက်နို့ ပြန်ပေါက်လာခြင်းဖြစ်ပါတယ်။ အဲတာ ကိုယ်ဝန်ကြောင့် ပေါက်တာလားဆိုတာ သိချင်ပါတယ်။ ပြီးတော့ ဘယ်လိုဆေးမျိုး လိမ်းရမလည်းဆိုတာ ညွှန်ကြားပေးစေလိုပါတယ်။

၂။ ဆရာ ကျွန်မသူငယ်ချင်းက အခုကိုယ်ဝန်ရှိနေပါတယ်။ အသက်က ၂၈ ရှိနေပါပြီ။ သူအခု မိန်းမကိုယ်အပေါက် နားလောက်မှာ ကြွက်နို့တွေပေါက်နေတယ်ပြောပါတယ်။ ဆရာဝန်ပြတော့ ဆေးထိုးကုရမယ်၊ ဒါပေမယ့် ကိုယ်ဝန် ပျက်မှာစိုးလို့ ဆေးခိုးကုလို့မရသေးဘူးပြောပါတယ်တဲ့။ သူအခုအရမ်းကြောက်နေပါတယ်။ သူ့မှာရောဂါပိုး ရနေမလားလို့ စိုးရိမ်နေပါတယ်။ သူ့အိမ်ထောင်ဖက်က အရမ်းမိန်းမလိုက်စားပါတယ်။ သူကဘာ့ကြောင့် မိန်းမကိုယ်အဝမှာ ကြွက်နို့ ပေါက်ရတာကို သိချင်နေပါတယ်ဆရာ။ ကျွန်မလည်းရှာနေတာပါ။ ဘာ့ကြောင့် ရနိုင်တာကိုမတွေ့လို့ လက်လျော့ပြီး ဆရာ့ကို မေးရတာပါ။

၃။ ဆရာခင်ဗျာ အမျိုးသမီးတွေမှာ လိင်အင်္ဂါကြွက်နို့ရောဂါဖြစ် နိုင်ပါသလား။ ဘယ်လိုပုံစံမျိုးနဲ့ ဖြစ်နိုင်ပါသလဲ။ အန္တရာယ်ရှိမရှိနဲ့ ဘယ်လိုပျောက်ကင်းအောင် ကုသရမလဲဆိုတာ ဖြေကြားပေးပါခင်ဗျာ။

မေးခွန်းတွေက နမူနာသာ။ မေးကြတာ များတယ်။ အမျိုးသမီးတွေမှာ လိင်လမ်းကြွက်နို့ဖြစ်ကြတာ မနည်းလှပါ။ ကြွက်နို့ရှိနေပေမဲ့ ကလေးမရတာမဖြစ်စေပါ။ ကိုယ်ဝန်ကိုလဲ မထိခိုက်ပါ။ အတွဲတခုမှာ တယောက်မယ် ရောဂါရနေ၊ ပြနေရင် ကျန်တယောက်မှာလဲ ဘာမှလက္ခဏာမပြပေမဲ့ပိုးရှိနေပြီ။ ဒါပေမဲ့ တယောက်မှာ အဲလိုတွေ့တိုင်း ဖေါက်ပြန်သူ စွပ်စွဲလို့လည်းမရပါ။

ကိုယ်ဝန်ဆောင်နေတုံးဖြစ်တဲ့ လိင်လမ်းကြွက်နို့အတွက် Imiquimod, Sinecatechins, Podophyllin နဲ့ Podofilox တွေကို မသုံးပါနဲ့။ ခွဲစိတ်တာ လုပ်ချင်လုပ်နိုင်တယ်။ (ဗဂျိုင်းနား) ကြွက်နို့ကို Liquid nitrogen နဲ့ Cryotherapy လုပ်ရတယ်။ Cryoprobe မသုံးသင့်ပါ။ နောက်တနည်း TCA or BCA 80%–90% ပါးပါးလေး လိမ်းနိုင်တယ်။ ခြောက်သွေ့ပါစေ။ ဆေးများသွားရင် Sodium bicarbonate, Liquid soap နဲ့ဆေးပါ။ တပါတ်တခါ။

Urethral Meatus Warts ဆီးသွားပေါက်ကြွက်နို့ကို Cryotherapy with liquid nitrogen နည်း၊ ဒါမှမဟုတ် Podophyllin 10%–25% in compound tincture of Benzoin သုံးပါ။ ဆေးမလိမ်ခင် နေရာကို ခြောက်သွေ့နေပါစေ။ တပါတ်ခါ။
တယောက်မှာ လိင်လမ်းကြွက်နို့ရှိနေရင် သူ့အဖေါ်ကိုလဲ ဆေးစစ်ရမယ်။ အမျိုးသမီးမှာ ဖြစ်နေတာဆိုရင် Pap smears သားအိမ်ဝကင်ဆာ ရှိ-မရှိ စစ်ဆေးတာကို အနည်းဆုံး ၁ နှစ် လုပ်သင့်တယ်။ တကယ်လို့ ကြွက်နို့က သားအိမ်ဝမှာ ဖြစ်နေသူဆိုရင် ၃-၆ လတခါလုပ်ရမယ်။ (ကွန်ဒွန်) က HIV အတွက်သာမက လိင်အင်္ဂါကြွက်နို့နဲ့ သားအိမ်အဝကင်ဆာ အတွက်ပါ ကာကွယ်ရာကျတယ်။ ဒါပေမဲ့ ကြွက်နို့ ပေါက်ရာနေရာကို (ကွန်ဒွန်) က ဖုံးမထားနိုင်ရင် ကြွက်နို့မှန်သမျှကို ကာကွယ်မှုမပေးနိုင်ပါ။ လိင်ဆက်တဲ့အဖေါ်ဆိုတာ သတ်သတ်မှတ်မှတ် ရှိသင့်တယ်။ ကိုယ့်အဖေါ်၊ ဇနီး၊ ခင်ပွန်းကို သစ္စာရှိပါလေ။

စအိုကြွက်နို့ကို Cryotherapy with liquid nitrogen သုံးပါ။ ဒါမှမဟုတ် TCA or BCA 80%–90% ပါးပါးလေးသုံးပါ။ ခြောက်သွားပါစေ။ များတာကို talc, sodium bicarbonate, or liquid soap နဲ့ ဓါတ်ပျယ်စေနိုင်တယ်။ ဒါမှမဟုတ် ခွဲစိတ်ကုသပါ။ စအိုထဲကြွက်နို့ အထူးကုနဲ့ကုသပါ။

1. Podophyllin ဆေးကနေ ကြွက်နို့ (တရှူး) တွေကို ဖျက်ဆီးပြစ်မယ်။ အနာပေါ်မှာသာလိမ်းရမယ်။ ဆေးလိမ်းပြီးနောက် ၁-၄ နာရီကြာရင် ဆေးကြောပြစ်နိုင်တယ်။ တပါတ်မှ တခါနဲ့ ၄-၆ ပါတ်ကြာနိုင်တယ်။ လိုသေးရင် ဆက်သုံးပါ။ ဆေးလိမ်းတဲ့နေရာမှာ အနေရခက်မယ်။ နာမယ်။ အနာသစ်ဖြစ်နိုင်တယ်။ ကိုယ်ဝန်ဆောင်နေရင် မသုံးရပါ။

2. Podofilox (Condylox) ဆေးကို ဂွမ်းစလေးသုံးပြီး ကိုယ်တိုင်လိမ်းနိုင်တယ်။ တနေ့ ၂ ကြိမ်၊ ၃ ရက် ဆက်တိုက် လိမ်းပါ။ ၄ ရက်နားပါ။ နောက်အဲဒီအတိုင်း ၄ ခါလည်အောင် လုပ်နိုင်တယ်။ ကိုယ်ဝန်ဆောင်နေရင် မသုံးရပါ။ ဆေးလိမ်းတဲ့နေရာမှာ အရေခက်မယ်။ နာမယ်။ အနာသစ်ဖြစ်နိုင်တယ်။

3. Bichloroacetic acid (BCA) နဲ့ Trichloroacetic acid (TCA) အက်စစ် ၂ မျိုးဆေးကနေ ကြွက်နို့ တရှူးတွေကို ဖျက်ဆီးမယ်။ ဆရာဝန်-ဆရာမကနေထည့်နိုင်ရင် ကောင်းတယ်။ တပါတ် ၁ ခါသာ ထည့်ရတယ်။ ၄-၆ ခါကြာနိုင်တယ်။ ဆေးထည့်ရာနေရာမှာ ပူလောင်တာ နာတာရှိမယ်။ ကိုယ်ဝန်ရှိလဲ သုံးနိုင်တယ်။

4. Imiquimod (Aldara) (ခရင်မ်) ဖြစ်တယ်။ ခုခံအားကို သက်ရောက်စေတယ်။ ညအချိန် အနာပေါ်လိမ်းရတယ်။ ၆-၁ဝ နာရီကြာရင် ဆေးပါ။ တပါတ်မှာ ၃ ရက်၊ ၁၆ ပါတ်အထိ လိမ်းနိုင်တယ်။ ကိုယ်ဝန်ရှိချိန်မသုံးရပါ။

5. Interferon (အင်တာဖရွန်) ဆေးကိုလဲသုံးတယ်။ ခုခံအားဆေး အမျိုးအစားဖြစ်တယ်။ ထိုးဆေးနဲ့ လိမ်းဆေးရှိတယ်။ ကြွက်နို့နေရာမှာ ထိုးတာက ပိုထိရောက်တယ်။ ဘေးထွက်ဆိုးကျိုးက တုပ်ကွေးလိုခံစားရမယ်။ တခြားဆေးနည်းတွေနဲ့ မရမှသာသုံးပါ။ ဆေးနည်းနဲ့ ခွဲစိတ်နည်းတို့နဲ့ တွဲသုံးတယ်။ ကိုယ်ဝန်ဆောင်နေစဉ် မသုံးရပါ။

6. Sinecatechins (Veregen) သစ်ပင်ကထွက်တဲ့ဆေး ကိုယ်တိုင် သုံးနိုင်တယ်။ တနေ့ ၃ ကြိမ်၊ ၁၆ ပါတ် ကြာနိုင်တယ်။ ဗဂျိုင်းနား၊ စအိုနေရာမှာလဲ သုံးနိုင်တယ်။ HIV ရှိသေူ၊ ရေယုံရှိနေသူတွေလဲ သုံးနိုင်တယ်။ အတူမနေခင် ဆေးပြစ်ရမယ်။ ကွန်ဒွမ်ကို အားနည်းစေနိုင်တယ်။ ဆေးထိရာမှာ နီရဲပြီး ယားမယ်။ ပူလောင်မယ်။

HIV ရှိနေသူ လိင်လမ်းကြွက်နို့ အဖြစ်များတယ်။ ဆေးကုရလည်းခက်တယ်။ Squamous Cell Carcinoma in Situ ကင်ဆာကနဦးဖြစ်နေသူ အထူးကုနဲ့ကုသပါ။ Cervical Warts သားအိမ်ဝကြွက်နို့ကို Biopsy evaluation လုပ်ရမယ်။ အထူးကုသမှု လုပ်ရမယ်။

လိင်လမ်းမှာ ကြွက်နို့ရှိနေသူနဲ့ လိင်ဆက်ဆံမှုရှောင်ရင် ကူးစက်တာ မဖြစ်စေပါ။ (ကွန်ဒွမ်) က ကြွက်နို့ကို မဖုံးနိုင်ရင်လဲ ကာကွယ်မှုမပေးပါ။ တယောက်ကိုတယောက် ရိုးသားပါ။ Vulva HPV မိန်းကိုယ်မှာရှိတာကို စမ်းသပ်နည်းမရှိပါ။ Cervix HPV သားအိမ်ဝ(ခေါင်း) မှာရှိတာကိုတော့ စမ်းလို့ရတယ်။

HPV vaccine ကာကွယ်ဆေး Gardasil နဲ့ Cervarix ၂ မျိုးရှိနေပြီ။ Cervarix က 70% of cervical cancers ဖြစ်စေတဲ့ (types 16 and 18) ကို ကာကွယ်မယ်။ Gardasil ကာကွယ်ဆေးက 90% of genital warts ဖြစ်စေတဲ့ (types 6 and 11) ကို ကာကွယ်မယ်။ လိင်မဆက်ဆံမီအရွယ်မှာ ထိုးနိုင်တာကောင်းတယ်။ ယောက်ျားတွေအတွက် (Gardasil) ဟာ လိင်အင်္ဂါကြွက်နို့ကို ကာကွယ်တယ်။ မိန်းကလေး ၉ နှစ်သမီးကနေ ၂၆ နှစ်သမီးအထိ ထိုးပေးသင့်တယ်။ ကြွက်နို့ ပေါက်နေသူ ထိုးဘို့မလိုပါ။ HPV ကြောင့်ဖြစ်တဲ့ လိင်လမ်းကြွက်နို့ဖြစ်မှာကို ကာကွယ်နိုင်တယ်။ Gardasil ဆေးကို ၆ လ အတွင်းမှာ ၃ ခါ ထိုးရတယ်။ ဘေးထွက်ဆိုးကျိုး ဆိုးဝါးတာမရှိပါ။

Dr. တင့်ဆွေ
https://www.facebook.com/drtintswe/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ