Early Rupture of Membranes ရေမြွာစောပေါက်ခြင်း


၁။ တခုလောက်မေးချင်ပါတယ်ရှင့်။ ရေပေါင်မွေးတယ်ဆိုတာလေး ရှင်းပြပေးပါလားဆရာ။ ဘာကြောင့်ရေတွေမွေးတာလဲ၊ ဘယ်လိုလုပ်ရပ်လုပ်ရင် ရေပေါင်မွေးတတ်လဲ၊ ဘယ်လိုကာကွယ်ရမလဲ သိချင်လို့ပါရှင့်။ ဆရာရေးထားတဲ့စာရှိရင်လဲ link လေးညွှန်းပေးပါရှင့်။ မြန်မာတွေအယူအဆကတော့ ညဘက်ရေချိုးရင် ရေပေါင်တတ်တယ်ပြောကြပါတယ်။ မဟုတ်မှန်းလဲ သိပါတယ် အဲ့ဒါကြောင့်ရှင်းရှင်းလင်းလင်းလေးသိချင်လို့ ညွှန်ပြပေးပါဦးရှင့်။

အရပ်ခေါ်တွေက တနေရာတမျိုး။ ဆေးစာနဲ့ အံမဝင်။ ရမ်း-မှန်းပြောတာ မသင့်။ ဖြစ်နေတာကို ၁-၂-၃ သာသိလို။ ရောဂါအမည် မသိလို။

ရေပေါင်မွေးတယ်ဆိုတာ ရေတွေအရင်ဆင်းပြီး အရမ်းနာတယ်တဲ့ ဆရာ။

၂။ ဆရာရှင့်။ ကျမမောင်လေးရဲ့အမျိုးသမီးအကြောင်း မေးမြန်းပေးချင်လို့ပါ။ သူကမြန်မာပြည့့် မြို့ကပါ။ အသက် ၃၂ နှစ်ပါ။ အမျိုးသား သက် ၃၂ နှစ်။ အခု သူတို့ရဲ့ သားဦး ကိုယ်ဝန်ဆောင်ထားတာ ၈ လပြည့်ဖို့ ၈ ရက်အလိုမှာ ရေမွှာရည် ဆင်းပါတယ်။ မိုးလင်းတာနဲ့ဆေးရုံကိုခေါ်သွားပါတယ်။ ထိုင့်း့ ဆေးရုံမှတဆင့့် သို့သွားရပါတယ်။ ၄ နာရီအထိ ဗိုက်နာခြင်း၊ ခါးနာခြင်းလဲမရှိ ကလေးကထွက်ခြင်သောကြောင့်တိုးနေပါတယ်။ သားအိမ်ခေါင်းလဲ မပွင့်ပါဆရာ။ ပွင့်ဆေးထိုးပေးလဲ မပွင့်ပါဘူးဆရာ။ ကလေးက ၂့၎ ကီလို ရှိမယ်လို့ ဆရာမကခန့်မှန်းပါတယ်။ ဆရာဝန်များက ဆေးထိုးပေးပြီး နောက်ထပ် ၄၈ နာရီစောင့်ကြည့်မယ်လို့ပြောပါတယ်။ ကလေးကတော့ ယခင်ရက်ထက် ပိုလူပ်ရှားပါတယ်။ ဆရာဝန်များက လမစေ့သေးလို့ မနက်ဖြန်မှာ ပေါက်ထားတဲ့ ရေမွှာကို ပြန်ချုပ်ပေးပြီး လစေ့အောင် အိမ်ပြန်စောင့် ဒါမှမဟုတ် လမစေ့ပဲခွဲမွေးချင်မွေး မိမိတို့နှစ်သက်ရာကိုရွေးချယ်ခိုင်းပါတယ်ဆရာ။ အဲ့ဒါကို ကျမတို့ နားမလည်လို့ပါဆရာ။ ဘာကိုရွေးချယ်သင့်ပါသလဲ။ လမစေ့ပဲမွေးခဲ့ရင်ကလေးက ကျန်းမာရေးချူခြာတတ်တယ်လို့ အများစကားအရ သိရှိထားပါတယ်ဆရာ။ ပေါက်ထားတဲ့ရေမွာကိုပြန်ချုပ်ပြီး အိမ်ပြန်တလစောင့်ဆိုတာကလဲ စိုးရိမ်စရာရှိပါသလားဆရာ။ ကျေးဇူးပြုပြီးဖြေကြားပေးပါဆရာ။

ရေမြွာဆင်းတာက ရေမြွာအိတ်ပေါက်လို့ဖြစ်တယ်။ ကလေးကို ဂရုစိုက်ရမယ်။ စိမ့်ပေါက်တာသာဆိုရင် စောင့်လို့ရတယ်။ ရေမြွာအိတ်ကိုချုပ်တယ်လို့တော့ ဆရာ မသိပါ။ သားအိမ်စောပွင့်တာကိုသာ ပြန်ချုပ်ရပါတယ်။ ကလေးလှုပ်နေရင် ကောင်းတယ်။ စောမွေးရင် ကလေးကို အထူးဂရုစိုက်ရတယ်။ စောမွေးလည်း ကလေးကောင်းတာတွေ များပါတယ်။ Premature labor ကလေးစောမွေးခြင်းကို ပို့လိုက်ပါတယ်။

ရေမြွာစောပေါက်တယ်ဆိုတာ မမွေးခင်မှာ ရေဆင်းတယ်၊ အဝတ်ကိုစိုလာတယ်ဆိုရင် ရေမြွာအိတ်ပေါက်တာဖြစ်မယ်။ ကိုယ်ဝန်အားလုံးရဲ့ ၃% မှာ ဖြစ်တတ်တယ်။ စိုးရိမ်စရာမလိုတာရော ချက်ချင်းလုပ်ပေးရမှာပါရှိတယ်။

ရေမြွာပေါက်ပြီးရင် ၉ဝ% က ဆက်မွေးတယ်။ ၂၄ နာရီသာကြာတတ်တယ်။ ပေါက်နေတာကြာရင် ပိုးဝင်တာကို သတိထားရတော့မယ်။ chorioamnionitis ဖြစ်နိုင်တယ်။ ကလေးအတွက် သတိထားရမှာတွေကတော့ ပိုးဝင်တာ၊ အချင်းအထဲမှာကွာတာ၊ ကလေးမွန်းတာ၊ ကလေးချို့ယွင်းတာ၊ အထဲ ဒါမှမဟုတ် အပြင်ရောက်မှ ကလေးမရှင်တာတွေ ဖြစ်တယ်။ ၁% သေဆုံးနိုင်တယ်။

Premature rupture of membranes (PROM) ဆိုတာ ကိုယ်ဝန် ၃၇ ပါတ်နောက်မှာ ရေ-အရည် ဆင်းတာကို ခေါ်တယ်။ ဗိုက်မနာသေးဘူး။ သွေးလဲမဆင်းသေးဘူး။ Preterm premature rupture of membranes (PPROM) ဆိုတာ ၃၇ ပါတ်မတိုင်ခင်အဲလိုဖြစ်တာ။ Spontaneous premature rupture of the membranes (SPROM) ဆိုတာ ပုံမှန်၊ ရေမြွာလဲပေါက်မယ် မွေးဘို့လည်း ဖြစ်တာတယ်။

စောမွေးတာတွေရဲ့ ၈၅% မှာ ကလေးမကျန်းမာတာနဲ့ သေဆုံးတာဖြစ်နိုင်တယ်။ ၃ဝ-၄ဝ% က PPROM ကနေ စောမွေးတာဖြစ်တယ်။ မွေးလမ်းကို လက်နဲ့စမ်းတာ မလုပ်ပဲထားရတယ်။ ပေါက်တာသေချာဘို့ Speculum VE မွေးလမ်းထဲကိရိယာ ထည့်ကြည့်မယ်။ အရည်က အယ်လ်ကာလိုင်းဓါတ်ရှိတာကို Nitrazine paper နဲ့စမ်းနိုင်တယ်။ အာလ်ထွာဆောင်း ရိုက်နိုင်တယ်။ ရေမြွာရည်၊ ကလေးအသက်၊ အလေးချိန်၊ အနေအထား၊ စတာတွေကိုသိရမယ်။

မွေးပေးရတော့မလား၊ စောင့်နိုင်သေးလား ချိန်ဆရတယ်။ လစေ့နေရင် မွေးပေးသင့်တယ်။
1. IV Antibiotics — Ampicillin 2 g q6h and Erythromycin 250 mg q6h ထိုးပေးမယ်။
2. စားဆေး Erythromycin တမျိုးတည်းဖြစ်ဖြစ်၊ amoxicillin clavulanic acid တမျိုးတည်းဖြစ်ဖြစ်၊ amoxicillin clavulanic acid + erythromycin ဖြစ်ဖြစ်သုံးနိုင်တယ်။ ၇ ရက်အများဆုံးပေးတယ်။

မမွေးခင် စတီရွိုက်ဆေးပေးခြင်း
Corticosteroids ဆေးကို ကလေး ၂၄-၃၄ ပါတ်မှာ အဆုပ်အားကောင်းအောင်ပေးနိုင်တယ်။ ဆေးရုံတင်ဘို့လိုနိုင်တယ်။ ကလေးအခြေအနေတွေလည်း ကြည့်နေရမယ်။
1. betamethasone 12 mg IM twice in a 24-hour interval ဒါမှမဟုတ်
2. dexamethasone 6 mg q12h 4 doses ပေးတယ်။
3. Tocolytics ဆေးလဲသုံးတယ်။ လေ့လာမှုမစုံသေးပါ။

အရပ်ခေါ်တွေက တနေရာတမျိုးခေါ်ကြတယ်။ ဆရာဝန်တွေ ခေါင်းခဲရတယ်။ ကျွန်တော်က မသိတာများတယ်။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ