Dr. Tint Swe
Like This Page · 9 hrs ·

Question Machine စက်ကနေထုတ်တဲ့ မေးခွန်း

ဆရာ လေးစားပါတယ်။ အဲ့ရောဂါအတိုင်းဖြစ်နေလို့် ဘယ်လိုမေးပြီး ဆေးစစ်ရမလဲ ပြောပြပေးပါ။

ဒါ့ကနမူနာ။ အခုရောက်တာ။ အဲလိုပဲ ပီဒီအက်ဖ်ဖိုင်နဲ့၊ အွန်လိုင်းမှာဖြစ်နေတဲ့၊ ဂူဂယ်မှာတွေ့တဲ့၊ ယူကျုကပုံ စတာတွေကို တွဲပြီး မေးခွန်းမေးကြတယ်။ သူများဆီကဟာ ကူးယူပြီး ကျတော်၊ ကျမမှာ အဲလိုဖြစ်နေလို့ပါဆိုရင် မဖြေပါ။

ဖြစ်တဲ့သူ အသက်-ကျား-မ သိချင်တယ်။ ဖြစ်နေတာ ၁-၂-၃ သိချင်တယ်။ တခုစီက ဘယ်လောက်ကြာ၊ ဘာဖြစ်နေ၊ ဘယ်လိုခံစား စတာတွေကိုသာ သိချင်တယ်။ အမျိုးသမီးဆိုရင် လိုတာတွေ မေးနည်းစည်းကမ်းမှာ ရေးထားပါတယ်။

ပုံထဲမှာပါတဲ့ ME ဆိုတာ Myalgic Encephalomyelitis ဦးနှောက်နဲ့ အာရုံကြောရောဂါတမျိုးဖြစ်တယ်။

ဗဟိုအာရုံကြောစနစ်ကိုထိခိုက်ပြီးဖြစ်တယ်။ ဗိုင်းရပ်စ်လိုပိုး၊ ဓါတုဆေးတွေကနေစတယ်။ အရိုးနဲ့ကြွက်သားစနစ်ကိုပါ ထိခိုက်တယ်။ အင်ဒိုခရိုင်း ခေါ် ဟော်မုန်းထုတ်စနစ်နဲ့ နှလုံး-သွေးလှည့်စနစ်ကိုလည်း ထိခိုက်တယ်။

ဘယ်လောက်ထိခိုက်ခံရသလဲအပေါ်မူတည်ပြီး အလားအလာ အဆိုး-အကောင်းမတူပါ။ နဂိုလိုပြန်ကောင်းတာ အတော်ကိုရှားတယ်။ နာတာရှည်ဒုက္ခိတဖြစ်နိုင်တယ်။ သရက်ရွက်အလုပ်မလုပ်နိုင်တာကနေ အသက်ဆုံးပါးနိုင်တယ်။ ဆောရီး။

စောစောကပဲ ဆုတောင်းစာကို စက်နဲ့ထုတ်သလိုပို့တာကိုရေးတယ်။ အခုဟာက မေးခွန်းတူကို စက်ကနေထုတ်မေးတယ်။ အဲလိုပို့လာတာတိုင်းကို မယုံပါ။ ဘယ်သူကရေးသလဲ မသိ။ ဘယ်မှာ ဘယ်တုန်းကဖြစ်သလဲ မသိ။ တကယ်ဖြစ်တာ ဟုတ် မဟုတ် မသိ။ မီဒီယာတချို့က ချဲ့ရေးတယ်။ ခြောက်ရေးတယ်။ မျက်လုံးပြူးအောင်ရေးတယ်။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ