Indigestion in pregnancy ကိုယ်ဝန်ဆောင်ချိန် အစာမကျေခြင်း


သမီးက အသက် ၃၄ နှစ် သားဦးကိုယ်ဝန်ဆောင်ပါ။ အခု ၆ လခွဲရှိပါပြီ။ အခုဖြစ်နေတာက ရင်အရမ်းပြည့်နေလို့ပါဆရာ။ သုံးရက်လောက်ရှိပြီ။ဘာမှကို စားမရဘူး။ ရင်ဘတ်ထဲမှာ အရမ်းကို ပြည့်ကျပ်နေတာပါ။ အဲဒါ ကိုယ်ဝန်နဲ့ဆိုင်လား။ ကင်ဆာရော ဖြစ်နိုင်လား။ ကြားဖူးတာက ကင်ဆာတွေရဲ့ အစက အစာမကျေဖြစ်တယ်လို့ ကြားဖူးလို့ပါ။ ဖြစ်တာက တော်တောတော့ ဆိုးနေတယ်။ အစာကျေဆေးတွေ စားတာလဲ သိပ်မသက်သာဘူးဆရာ။ ကိုယ်ဝန်နဲ့ရော ဆိုင်လားလို့ပါ။

ကင်ဆာနဲ့ဆိုင်တယ်လို့ ဆရာဝန်တွေကတော့ မကြားဘူးကြပါ။ ကိုယ်ဝန်ဆောင်မှာ ဟော်မုန်းတွေက အများကြီး ပြောင်းလာတယ်။ ဒီအတွက် ဖြစ်ရတာတွေထဲမှာ အစာမကျေတာလဲ ပါတယ်။ အထူးသဖြင့် ကိုယ်ဝန်နုစဉ်မှာ ကြွက်သားတွေပြော့လာကနေဖြစ်တယ်။ အစာချက်တာ ဆင်းတာနှေးစေတယ်။ ရင်ပြည့်နေတာ၊ ရင်ပူတာ၊ ပျို့-အန်ချင်တာတွေခံစားရနိုင်တယ်။ မစိုးရိမ်ပါနဲ့ ကလေးကိုဒုက္ခမပေးပါ။ တဖက်ကတွက်ရင် ကလေးဆီအာရဓါတ် သွားတာမှာ အချိန်ပိုရလို့ အကောင်းဘက်နေ တွက်နိုင်ပါသေးတယ်။

သက်သာအောင် ဘယ်လိုလုပ်နိုင်သလဲ
အစာစားပြီးချိန်မှာ ဝမ်းဗိုက်ကို ဖိအားမသက်ရောက်စေပေပါနဲ့။ ခါးမတ်ထိုင်ပါ။ အဝတ်အစား ချောင်ချိတာဝတ်ပါ။ စားပြီးနောက် အနည်းဆုံး တနာရီနေမှသာ လဲလျောင်းပါ။ လှဲရင်လဲ ခါးကို မကွေးဘဲ ဒူးကိုသာကွေးထားပါ။ အစာစားရင် နည်းနည်းချင်းအကြိမ်များများစားပါ။ အစာကို ကျေညက်အောင် အချိန်ယူဝါးစားပါ။ စပ်တာ၊ ကျော်တာ၊ အဆီများတာ၊ ချောကလက်၊ သစ်သီးဖျော်ရည် လျော့စားပါ။ ဘယ်အစာစားရင် အနေရပိုခက်သလဲ မှတ်သားပြီး ဆင်ခြင်ပါ။ ညစာစားချိန်နဲ့ ညအိပ်ချိန် မနီးစေပါနဲ့။ ဆေးလိပ်၊ အရက်နဲ့ ကေဖင်းပါတာတွေက ပိုဆိုးစေတယ်။ အစာကျေဆေး (အင်ဇိုင်း) သောက်နိုင်ပါတယ်။ ရက်ကြာကြာမသောက်ရပါ။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ