Hand, foot and mouth disease (HFMD) လက်-ခြေ-ပါးစပ်ရောဂါ



၁။ မင်္ဂလာပါဆရာ ကျွန်မက စင်ကာပူမှာနေပါတယ်ရှင်။ ဒီမှာ ကလေးတွေ hand foot mouth disease (HFMD) အရမ်းဖြစ်ကြပါတယ်။ အဲဒါကို မြန်မာလို ဘယ်လိုခေါ်ပါလဲရှင့်။ ပြီးတော့သူက Viral Virus ကြောင့်လို့ပြောပါတယ်ရှင့်။ ဖြစ်ရင်ဆေးမရှိဘူးပေါ့။ ၁ ပတ်လောက် quarantine လုပ်ပြီးပျောက်သွားတယ်ပေါ့။ အဲ့ဒီ HFMD နဲ့ ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့်လေးသိချင်ပါတယ်ရှင်။ ဆရာ့ အချိန်အတွက် ကျေးဇူးတင်ပါတယ်နော်။ လေးစားစွာဖြင့်။
၂။ ဆရာရှင့် Foot Hand Mouth ရောဂါအကြောင်းသိချင်လို့ပါရှင့်။ ကျွန်မမှာ သမီး ၂ ယောက်ရှိပါတယ်။ ၆ လ တယောက်နဲ့ ၆ နှစ် တယောက်ပါဆရာ။ အိမ်အလည်သွားရင်း အဲ့အိမ်က ၃ နှစ်ကလေးနဲ့ဆော့ပါတယ်။ အဲ့ကလေးက ခြေလက်မှာ အဖုလေးတွေပေါက်နေပါတယ်။ နေမကောင်းဖြစ်နေမှန်းမသိခဲ့ပါ။ ကျွန်မတို့ပြန်သွားမှ သူ့အမေက သူ့သားပါးစပ်ထဲမှာပါ အဖုပေါက်နေမှန်းသိပြီး ဆေးခန်းပြရတယ်ပြောပါတယ်။ ကလေးက hand foot mouth ရောဂါလို့ပြောပါတယ်။ ကျွန်မ ကလေးတွေကို ကူးနိုင်ပါသလား ဆရာ။ ဘယ်လိုပြင်ဆင်ထားသင့်တယ်။ ဘယ်နှစ်ရက်စောင့်ကြည့်သင့်ပါသလဲရှင့်။ ရောဂါအကြောင်းလဲသိချင်ပါတယ်ရှင့်။ ကျေးဇူးတင်ပါတယ်ရှင့်။
၃။ မင်္ဂလာပါဆရာရှင့် hands foot mouth diseases ဆိုတာ ဘယ်လိုရောဂါမျိုးကိုပြောတာပါလဲရှင့်။ တနေ့က ကျွန်မတို့မြို့က မူလတန်းကျောင်းမှာ ကလေးသုံးယောက် အဲ့ရောဂါ လက္ခဏာတွေ့တယ်ဆိုပြီး ကျောင်းတွေကို သတိပေးမိဘတွေကို သတိပေးစာပို့ပါတယ်။ ကျွန်မကလေးကိုလဲ ကျောင်းပျော် kids garden ပို့ပါတယ်။ အဲ့ဒါ ယနေ့မနက် ကလေးကဖျားလို့ ဆေးတိုက်တာအဖျားကျသွားပါတယ်။ အိပ်ယာထပ်နိုးတော့ အဖျားတိုင်းကြည့်တော့လဲ အဖျားမတက်လို့ ကျောင်းကိုပို့လိုက်ပါတယ်။ ကျောင်းကညနေလေးနာရီပြန်လာပြီး ညနေ ငါးခွဲလောက်မှာ ကိုယ်ပူလို့ အဖျားတိုင်းကြည့်တာ ၃၈ ဒဿမနှစ်ဖြစ်လို့ အိမ်နားက ဆေးခန်းသွားပြတာ ဆရာဝန်က အဲ့လက္ခဏာကို suspect ဖြစ်တယ်ဆိုပြီးပြောပါတယ်။ ကျွန်မက မသေချာဘူလား၊ ဒါဆိုဘာဆေးတိုက်ရမလဲဆိုတော့ သူက အိမ်မှာအဖျာကျဆေး ရှိလား၊ ရှိရင်အဲ့ဒါတိုက်ပါ၊ လေးရက်နေလို့ မသက်သာရင် တခါပြန်လာပါလို့ပြောလို့ ကျွန်မအဲ့ဆရာဝန်အဖြေကို သဘောမကျလို့ ကျွန်မပြနေကျ တခြားရပ်ကွက် ကျွန်မနေတဲ့အိမ်နဲ့ နာရီဝက်လောက်မောင်းရတဲ့ဆေးခန်းကို ထပ်သွားလိုက်ပါတယ်။ အဲ့ဆေးခန်းရောက်တော့မှဆရာဝန်မက အဲ့ရောဂါဆိုပြီး နာမည်အတိအကျပြောပြီး သောက်ဆေး ပေးလိုက်ပါတယ်။ ကျွန်မသိချင်တာလေး ဆရာဆီမှာ အရင်ကလို မြန်မာစာနဲ့ပိုစ်ရေးထားတာလေးရှိရင် လင့်လေး ရှယ်ပေးစေချင်ပါတယ်ရှင့်။ ဆောင်ရန်ရှောင်ရန်တွေ လိုက်နာချင်လို့ပါ။ ပြီးတော့အဲ့ဒီ foot mouth hands diseases ကစိုးရိမ်ရပါသလားရှင့်။ ကျေးဇူးတင်စွာဖြင့် အဝေးမှစိတ်ဖြင့် ကန်တော့လိုက်ပါသည်။
Picornaviridae အုပ်စုဝင်ဗိုင်းရပ်စကနေဖြစ်စေတယ်။ ကလေးငယ်လေးတွေမှာဖြစ်တယ်။ လူကြီးတွေမှာ အဖြစ်နည်းတယ်။ နည်းနည်းကူးစက်နိုင်တယ်။ အတူနေထိုင်ကစားတာ၊ သွားရည်၊ အညစ်အကြေးတွေကနေတဆင့် ကူးတယ်။ ပိုးဝင်ပြီး ၃-၇ ရက်မှာခံစားရတာတွေဖြစ်မယ်။
ခြေထောက်နဲ့လက်တွေမှာ အနီစက်ပေါ်မယ်။ အနာဖြစ်လာနိုင်တယ်။ မီးလောင်ဖုလိုဖြစ်လာနိုင်တယ်။ ပါးစပ်မှာလည်း ဖြစ်နိုင်တယ်။ အလွန်ယားတယ်။ ဝမ်းပျက်မယ်။ အားယုတ်မယ်။ ကိုယ်ပူမယ်။ ခေါင်းကိုက်မယ်။ ကလေးဆိုရင် ငိုနေမယ်။ အချော့ရခက်မယ်။ မအီမသာဖြစ်မယ်။ လည်ချောင်းနဲ့ နားပါနာနိုင်တယ်။ အစားပျက်မယ်။
ကုသတာ ပိုးသေဆေးမရှိပါ။ ဖြစ်နေတာကိုသာကြည့်ပြီးကုသမှုလုပ်ပေးရမယ်။ အနာသက်သာဆေး (ပါရာစီတမော၊ အိုင်ဘူပရိုဖင်) နဲ့ အင်တီဟစ်တမင်းဆေး (ဘာမီတွန်၊ စီထရဇင်း) တွေသုံးရတယ်။ အအေးမိ၊ တုပ်ကွေးမှာသုံးရတဲ့ ဆေးမျိုးတွေ ဖြစ်တယ်။ သိပ်ယားရင် ထုံဆေးပါတဲ့လိမ်းဆေးလည်း လိမ်းပေးနိုင်တယ်။ (ကယ်လမင်း) လည်း လိမ်းနိုင်တယ်။ စိုးရိမ်စရာမရှိပါ။ အဆုပ်၊ ဦးနှောက်ကိုဆက်ဖြစ်တာရှားတယ်။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ