Color of our blood သွေးဆိုတာ အမြဲနီတယ်


သွေးဆိုတာ အောက်စီဂျင်ပြည့်ဝနေမှ နီရဲတယ်လို့ ပြောလေ့ရှိကြတယ်။ အောက်စီဂျင်မရှိရင် မနီတော့ဘူးလို့ ပြောကြတယ်။ အဲတာ အစဉ်အလာပြော၊ အရပ်ပြောသာ ဖြစ်တယ်။ အောက်စီဂျင်ကို အသက်ရှူလိုက်တဲ့ လေထဲကနေ သွေးနီဥတွေက စုပ်ယူပေါင်းစပ်လိုက်တယ်။ သွေးလွှတ်ကြောထဲကသွေးမှာ အောက်စီဂျင်ရှိနေလို့ နီရဲနေပြီး၊ သွေးပြန်ကြောထဲကသွေးက အနီရောင်ရင့်မှိုင်းနေမယ်။

သွေးနီဥမှာ ဟီမိုဂလိုဘင်ဆိုတာပါတယ်။ အဲတာကို သံဓါတ်နဲ့လုပ်ထားတယ်။ သံဓါတ်နဲ့ အောက်စီဂျင်ပေါင်းလိုက်ရင် သွေးဟာ အနီ + လိမ်မော်ရောင်၊ တနည်းအားဖြင့် အင်္ဂါဂြိုလ်အရောင်နဲ့ တူလာတယ်။ တချို့ တိရစ္ဆာန်တွေမှာ ကြေးနီဓါတ် ပါတယ်။ အောက်စီဂျင်နဲ့ပေါင်းရင် သွေးအရောင်က စိမ်းပြာပြာဖြစ်တယ်။ ရှေးဟောင်းအဆောက်အဦတွေအမိုးကို ကြေးနီနဲ့လုပ်ထားလို့ စိမ်းပြာပြာဖြစ်နေတာတွေ့ရမယ်။

သွေးဟာနီတယ်ဆိုတဲ့စာအုပ်ကို စကော့ ဆစ်ဂလာကရေးခဲ့တာ အရောင်းရအကောင်းဆုံးနံပါတ် (၁) ဖြစ်ခဲ့တယ်။

လူ့သွေးတိုင်းဟာ အမြဲနီပါတယ်။ အောက်စီဂျင်မရှိတော့လည်း အနီရင့် (နီညိုညို) သာဖြစ်မယ်။ မနီတော့တာမဟုတ်ပါ။ သွေးဟာ ကိုယ်ထဲမှာသာမက အပြင်ရောက်လည်းနီတာပါပဲ။ အဲတာ Iron oxide (rust) ကြောင့်ဖြစ်တယ်။ အောက်စီဂျင်မရှိလို့ သွေးဟာ ပြာသွားပေမဲ့ သေသွားတာမဟုတ်ပါ။

ရှေးဘုရင်တွေခေတ်တုံးက အသုံးတခုရှိတယ်။ အပြာရောင်သွေးဆိုတာ တော်ဝင်သွေး၊ နန်းသွေးကို ခေါ်တယ်။ ဘုရင့်အမျိုးအနွယ်တွေ၊ မူးကြီးမတ်ရာတွေ၊ ချမ်းသာကြွယ်ဝသူတွေကိုခေါ်တယ်။ သူတို့သွေးကသာ ပြာတယ်။ သာမန်လူတိုင်းသွေးဟာ နီတယ်ဆိုတဲ့သဘောဖြစ်တယ်။

အဲတာက အရောင်ကိုပြောတာဖြစ်တယ်။ အုပ်စုကိုတော့ နည်းနှစ်မျိုးနဲ့ခွဲထားလို့ လူ့သွေးဟာ ရှစ်အုပ်စုရှိတယ်။
O + = 39%
O - = 1%
A + = 27%
A - = 0.5%
B + = 25%
B - = 0.4%
AB + = 7%
AB - = 0.1%

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ