Cetrizine အလာဂျီဆေး


၁။ မင်္ဂလာပါဆရာ သမီးက ခုမှ Pharmacy ကျောင်းပြီးကာစ အလုပ်လုပ်နေတဲ့သူတယောက်ပါ။ Levocetrizine ကချောင်းခြောက်ဆိုးရင် သုံးလား။ သုံးရင်ဘယ်လို action ပေးလဲသိချင်လို့ပါ။

၂။ ဆရာရှင့် နှာမွှန် နှာခေါင်းယားတာနဲ့ ပက်သတ်ပြီး သိချင်ပါတယ်။ နှာခေါင်းယားတာက ဘာဖြစ်လို့လဲဆရာ။ နှာခေါင်းယားပြီး နှာစေးချင်သလိုပါဖြစ်လာတာပါဆရာ။ အဲ့ဒါ ရှူတဲ့လေနဲ့ဆိုင်လားဆရာ။ နောက် air con နဲ့ရော ဆိုင်လားဆရာ။ အခု ကလေးက အိပ်ပြီးပြန်နိုးလာရင် နှာခေါင်းပါပိတ်နေတာပါဆရာ။ တရှူရှူနဲ့ပိတ်နေတာပါဆရာ။ ဒီတိုင်းဆော့နေရင် နှာခေါင်းယားလို့ပွတ်ပါတယ်။ အိပ်ပြီးပြန်နိုးရင်တော့ နှာခေါင်းပိတ်ပါတယ်။ အဲ့ဒါ ဘာဖြစ်လို့လဲ air con နဲ့ရောဆိုင်လား။ air con နဲ့ရောအိပ်လို့ရလား ဖြေပေးပါအုံးနော်။ မဲ့ဒါ စီထရေဇင်းအရည်လေးတိုက်ထားလို့ ရလားဆရာ။ ကလေးက ၄ နှစ်ပါ။ တိုက်လို့ရရင် တနေ့ ဘယ်လောက်ဘယ်နှစ်ကြိမ်တိုက်ရမလဲဆရာ။

၃။ ဆရာရှင့် Allergy သို့မဟုတ် မတည့်အတူနေဆိုတဲ့ Post နဲ့ဆရာပြန်ကြားပေးချက်ကို ကျေးဇူးအထူးတင်ပါတယ်ရှင့်။ ကျွန်မ အခုသိချင်တာလေး တခုရှိနေလို့ပါ။ အဲဒီ Cetirizine ဆေးကို အမြဲတမ်း (နေ့စဉ်) သောက်သုံးနေရင် ဘေးထွက် ဆိုးကျိုး ဘာတွေဖြစ်လာနိုင်သလဲဆိုတာ သိချင်ပါတယ်ဆရာ။ ခုဆို သတိခဏခဏ မေ့တတ်နေတာ အဲဒါနဲ့ ဆိုင်ပါသလားဆရာ။ နောက်ပြီး ခုလိုအမြဲယားယံနေတာကို လုံးဝပျောက်သွားအောင် ကုသလို့ရပါသလားဆရာ။ ကုသလို့ ရနိုင်မယ့် နည်းလမ်းများ ရှိရင် ဆရာ့ အနေနဲ့ လမ်းညွှန်ပေးစေချင်ပါတယ်။ သူကတော့ ဆရာ့ post ကိုပေးဖတ်တော့ သန်ချကြည့်မယ်လို့ ပြောပါတယ်ဆရာ။ ကျေးဇူးပြုပြီး ဆရာပြန်ကြားပေးစေချင်ပါတယ်ရှင့်။

Levocetirizine ဆိုတာ အင်တီဟစ်စတမင်းဆေးဖြစ်တယ်။ အလာဂျီလက္ခဏာတွေဖြစ်တဲ့ မျက်ရည်ယို၊ နှာရည်ယို၊ မျက်စိ-နှာမွှန်၊ နှာချေ၊ အင်ပြင်ထွက်နဲ့ ယားယံတာတွေကို သက်သာစေမယ်။ ဟစ်စတမင်းဓါတ်ထွက်လာမှာကို တားပေးတယ်။ Allergic Conjunctivitis အလာဂျီကြောင့်မျက်စိနာတာ၊ Atopic Dermatitis အရေပြားနာနဲ့ Hives အင်ပြင် ထွက်တာတွေကိုလည်း ပေးနိုင်တယ်။

Cetirizine (HCl) ဆေးကို အလာဂျီအတွက်သုံးတယ်။ အအေးမိပျောက်ဆေး၊ ချောင်းဆိုးပျောက်ဆေး စတာတွေထဲမှာ ပါတယ်။ မသောက်ဘူးသူမရှိသလောက် အသုံးများလှတဲ့ဆေးဖြစ်တယ်။ အင်တီဟစ်တမင်းဆေးအုပ်စု၊ ဒုတိယမျိုးဆက် ဖြစ်တယ်။ အရင်ပေါ် ပဌမမျိုးဆက် ဥပမာ Burmeton လို မအိပ်ချင်ဘူးဆိုပေမဲ့ နည်းနည်းတော့ အိပ်ချင်တာပါဘဲ။ အင်းဆက်ကောင်တွေ ကိုက်တာအတွက်လည်းသုံးတယ်။ ဘယ်နေရာက ဘာလို့ယားယား ဒီဆေးပဲသုံးတာများတယ်။

ဘေးထွက်ဆိုးကျိုးတွေက မဆိုးပါ။ သာမန်လောက်သာဖြစ်တယ်။
လူကြီး (၁၂ နှစ်အထက်) = အိပ်ချင်၊ အားယုတ်၊ အာခေါင်ခြောက်၊ အိပ်မရ၊
ကလေး (၂ နှစ်မှ ၁၁ နှစ်) = ခေါင်းကိုက်၊ အာခေါင်ရောင်၊ ဗိုက်နာ၊
ကလေး (၆ လမှ ၂ နှစ်) = ငို၊ စိတ်ဆိုး၊ အိပ်မရ၊ အားနည်း၊ မအီမသာဖြစ်။

၆ နှစ်မှ ၁၁ နှစ်အရွယ် ကလေး ၉ဝဝ ကျော်ကို Cetirizine ၂ ပါတ်မှ ၆ ပါတ်ပေးပြီး၊ သုတေသနလုပ်ခြင်း ရလဒ်များ
- အများစုတွင် သာမန်မှ အသင့်အတင့် ဘေးထွက်ဆိုးကျိုးများတွေ့ရ။
- လက္ခဏာ = ၅ မီလီဂရမ်-၁ဝ မီလီဂရမ်
- ခေါင်းကိုက် = ၁၁-၁၄%
- လည်ချောင်းနာ = ၆့၂-၂့၈%
- ဗိုက်နာ = ၄့၎-၅့၆%
- ချောင်းဆိုး = ၄့၎-၂့၈%
- ဝမ်းပျက် = ၁့၉-၄့၂%
- နှာခေါင်းသွေးယို = ၃့၇-၁့၉%
- ပျို့ချင် = ၁့၉-၂့၈%
- အန် = ၂့၅-၂့၃%
- ရင်ကြပ် = ၃့၁-၁့၉%

အင်တီဟစ်တမင်း ခေါ် အလာဂျီဖြစ်ခြင်းအတွက်ဆေးများ = Cetirizine, Chlorpheniramine, Cinnarizine, Clemastine, Cyclizine, Desloratadine, Dexchlorpheniramine, Dimenhydrinate (most commonly used as an antiemetic), Dimetindene, Diphenhydramine (Benadryl), Doxylamine, Ebastine, Embramine, Fexofenadine, Levocetirizine, Loratadine, Meclozine Hydrochloride, Olopatadine, Pheniramine, Promethazine, Quetiapine

ဘယ်လောက်တိုက်ရမလဲ
၆ လမှ ၂ နှစ် = 2.5 mg တနေ့ ၁ ကြိမ်။ ၁၂ လအထက်ကိုလိုအပ်ရင် တနေ့ ၂ ကြိမ်။
၂ နှစ်မှာ ၅ နှစ် = 2.5 mg တနေ့ ၁ ကြိမ်။ ၁၂ လအထက်ကိုလိုအပ်ရင် 5 mg/day အထိတိုးနိုင်။
၆ နှစ်အထက် = 5 to 10 mg တနေ့ ၁ ကြိမ်။

ကိုယ်ဝန်ဆောင်နေရင် အင်တီဟစ်တမင်းဆေးသောက်တာ ရပါတယ်။ ဒါပေမယ့် ပဌမ ၃ လအတွင်းတော့ သတိထားသင့်တယ်။ အအေးမိတာ၊ တော်တော်တန်တန် နာတာကိုက်တာက ဆေးမလိုပါ။ ဆေးသောက်ရပြီဆိုရင်လည်း ဆေးထိရောက်မှုအတွက် အနည်းဆုံးလိုအပ်ချက်နဲ့ အတိုဆုံးရက်သာသုံးသင့်တယ်။ အစိုးရိမ်ကြီးစရာတော့ မဟုတ်ပါ။ အကျိုးနဲ့အပြစ် ချင့်ချိန်ရင် အကျိုးကပိုပါတယ်။

Dr. တင့်ဆွေ
https://www.facebook.com/drtintswe

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ