မာဂျရင်းအလွန်အကျွံစားသုံးခြင်းက အသက်အန္တရာယ်ထိခိုက်နိုင်




မာဂျရင်းနဲ့ သရေစာမုန့် တွေမှာ တွေ့ ရပြီး အပင်အဆီတွေကနေ စက်ပစ္စည်းနည်းနဲ့ ထုတ်လုပ်ထားတဲ့ ပြောင်းလဲဆီတွေဟာ ကျန်းမာရေးကောင်းကျိုး မပေးတဲ့အပြင် ဘေးထွက်ဆိုးကျိုးအနေနဲ့ အသက်အန္တရာယ်ပါ ထိခိုက်နိုင်ကြောင်း သိပ္ပွံပညာရှင်တွေက ပြောကြားခဲ့ပါတယ်။

ဒါပေမယ့် နွားနို့ နဲ့ အသားတွေအပါအ၀င် တိရစ္ဆာန်ထွက်ပစ္စည်းတွေကရတဲ့  ပြည့်ဝဆီဟာ အသက်အန္တရာယ်၊ နှလုံးရောဂါ၊ လေသင်တုန်းနဲ့ Type 2 ဆီးချိုရောဂါတွေ ပိုမို ဖြစ်နိုင်ခြေနဲ့ ဆက်စပ်မှုမရှိဘူးလို့ ဆိုပါတယ်။

UK အစိုးရအပါအ၀င် လူတော်တော်များများဟာ နှလုံးရောဂါရနိုင်တဲ့ပြည့်ဝဆီတွေကို ရှောင်ရမယ်လို့ သိပေမယ့် ဗြိတိန်ဆေးပညာဂျာနယ်မှာ ဖော်ပြခဲ့တဲ့ ဒီသုတေသနဟာ ပြည့်ဝဆီရဲ့ နှလုံးကျန်းမာရေးအပေါ်ဆိုးကျိုးကို အဖြေရှာခဲ့ပါတယ်။

လေ့လာမှုကိုဦးဆောင်ခဲ့သူ ကနေဒါနိုင်ငံ၊ မက်မာစတာတက္ကသိုလ် ကူးစက်ရောဂါ လက်တွေ့ ကုသထိန်းချုပ်မှု နဲ့ ဇီဝအချက်အလက် ဌာနက Russel de Souza က အခုလို ပြောပြခဲ့ပါတယ်။

“ နှစ်အတော်ကြာ အဆီတွေကို ရှော်ရမယ်လို့ လူတွေကို ပညာပေးခဲ့ကြတယ်။ ပြောင်းလဲဆီဟာ ကျန်းမာရေးကောင်းကျိုးဘာမှမရှိတဲ့အပြင် နှလုံးရောဂါအတွက် ထင်ရှားတဲ့အန္တရာယ်ဖြစ်နိုင်ချေပါ ရှိပါတယ်။ ဒါပေမယ့် ပြည့်ဝဆီမှာတော့ သိပ်မရှိပါဘူး။”

လေ့လာသူတွေဟာ အဆီနှစ်မျိုးနဲ့ လူငယ်တွေရဲ့ကျန်းမာရေး ဆက်စပ်ပုံကို စူးစမ်းတဲ့ လေ့လာမှုပေါင်း ငါးဆယ်ကို စိစစ်ကြည့်ခဲ့ရာမှာ ပြည့်ဝဆီအများအပြား စားသုံးခြင်းနဲ့ လေသင်တုန်း၊နှလုံးရောဂါနဲ့ အသက်အန္တရာယ် ပိုမိုထိခိုက်နိုင်ခြေတို့ က ဘာမှမဆိုင်ဘူးလို့ တွေ့ ရှိခဲ့ရပါတယ်။

ဒါပေမယ့် ပြောင်းလဲဆီတွေဟာ အသက်အန္တရာယ်ထိခိုက်နိုင်ခြေ ၃၄ ရာခိုင်နှုန်း ပိုများပြီး နှလုံးသွေးလွှတ်ကြောယိုယွင်းမှုကြောင့်ဖြစ်တဲ့ရောဂါကြောင့် သေဆုံးမှုဟာ ၂၈ ရာခိုင်နှုန်းပိုများကြောင့် တွေ့ ရှိခဲ့ရပါတယ်။

နှလုံးသွေးကြောဆိုင်ရာရောဂါတွေကြောင့် သေဆုံးမှုဟာ UK က လူသေဆုံးမှုတွေရဲ့ လေးပုံတစ်ပုံရှိပြီး  လက်ရှိမှာ ကျန်းမာရေးအသိပေးချက်အနေနဲ့ တစ်နေ့ ကို ပြည့်ဝဆီ ၃၀ ဂရမ်ထက် ပိုမစားသင့်ကြောင့် အမျိုးသမီးဖြစ်ပါက ၂၀ ဂရမ်ထက် မပိုသင့်ကြောင်း လမ်းညွှန်ထားပါတယ်။

( Ye Wint )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Independent


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ