Brain Tumor ဦးနှောက်အကျိတ်
၁။ ဆရာ မင်္ဂလာပါရှင့် သမီးရဲ့ အသိအကို တယောက် အသက်က ၂၁ နှစ်ပါဆရာ။ သူ့မှာ Benign Brain Tumor ဖြစ်နေတယ်လို့သိရပါတယ်ဆရာ။ ဆေးစစ်ချက်အရတော့ နောက်ဆုံးအဆင့်လို့ ပြောပါတယ်။ ဒါပေမဲ့ ဖြစ်နေတာကို သိရတာတော့ တလနှစ်လလောက်ပဲရှိပါသေးတယ်။ အဲဒါ ခွဲစိတ်မယ်ဆို အဆင်ပြေနိုင်ပါ့မလားရှင့်။ အခုလောလောဆယ်တော့ ခေါင်းကိုက်တာ တချက် တချက် မေ့မေ့သွားတာတွေ ဖြစ်နေပါတယ်။
၂။ ဆရာရှင့် အမေ့မှာ (မွေးမေမေမဟုတ်ပါ) ဦးနှောက်ကင်ဆာကျိတ်တွေ့ပါသတဲ့။ ၂ နှစ်ပဲလို့ ဆရာဝန်တွေက ခန့်မှန်းပါတယ်တဲ့။ ဘယ်လိုကုသမှုမျိုး ကျန်းမာရေးစောင့်ရှောက်မှုမျိုးတွေလုပ်ပေးသင့်ပါသလဲ။ အနေအထိုင် အစားအသောက် ဆောင်ရန်ရှောင်ရန်များ ပြောပြပေးပါ။ ဓာတ်ကင်ကုသနည်းနဲ့ကုသပါမယ်တဲ့။ ရိုသေစွာဖြင့်။
၃။ ဆရာ အခုတလော စင်္ကာပူမှာ brain tumor နဲ့ဖြစ်နေကြတာတွေ့တယ်။ လက်ရှိထိတော့ ကျွန်တော်သိတာ ၂ ယောက်ပါဆရာ။ အဲ့ဒာဘာကြောင့်ဖြစ်တာလဲ ဆိုတာရှင်းပြပေးစေချင်ပာတယ်ဆရာ။ public မှာဖြစ်ဖြစ် အဲ့ဒီလို မဖြစ်အောင် ဘယ်လို ကာကွယ်နေထိုင်ရမလဲဆရာ။ ကျေးဇူးတင်လျှက် ခေတ္တ စင်္ကာပူ။
၎။ ဆရာရှင့်ကျမအစ်ကိုက အသက် ၄၅ နှစ်ရှိပါပြီ။ လွန်ခဲ့သော ၁၅ နှစ်ခန့်က သဘောင်္နဲ့ ဘောတံတား ကြားမှာ ဦးခေါင်း ညှပ်ခဲ့ဖူးပါတယ်။ အဲလိုညှပ်ပြီးနောက်ပိုင်းမှာ ဘာမှမဖြစ်သေးဘူး သုံးလေးနှစ်ကြာတော့ ခေါင်းတအားကိုက်လာပါတယ်။ မခံမရပ်နိင်အောင်ကိုက်လာတယ်။ ဆေးရုံသွားပြတော့ ဆရာဝန်က ခေါင်းမှာ အကျိတ်ရှိတယ်။ ၆ လပဲခံမယ် သေမယ်လို့ ပြောပါတယ်။ အကိုကလဲ သေမယ့်အတူတူ မကုတော့ဘူးဆိုပြီး ဆေးစားပြီးနေပါတယ်။ ခေါင်းကိုက်တာဟာ အမြဲတန်း မကိုက်ပါဘူး။ တလကို သုံးခါလောက်ကိုက်တယ်။ အခုတလောတော့ နေအရမ်းပူလို့လားမသိဘူး တော်တော်ကိုက်ပြီး မနေနိင်လို့ ဆေးရုံတင်လိုက်ရတယ်။ ဆေးထိုးပေးတော့ နည်းနည်းသက်သာပါတယ်။ ကွန်ပြူတာ ဓာတ်မှန်ရိုက်မှ သေချာ သိရမယ်လို့ပြောပါတယ်။ သင်္ကြန်တွင်းဆိုတော့ ပိတ်လို့ ၁၉ ရက်နေ့မှ ရိုက်ရမယ်ဆိုပြီး ဆေးရုံက ဆင်းခိုင်းလိုက်ပါတယ်။ အခုလိုမျိုး ခေါင်းခဏခဏကိုက်နေတာဟာ စိုးရိမ်ရပါလားဆရာ။ ခွဲစိတ်ကုသဖို့ရော လိုအပ်ပါလားဆရာ သိချင်လို့ပါ။ ပြန်လည်ဖြေကြားပေးပါဆရာရှင့်။ ရိုသေစွာတောင်းခံပါတယ်။
၅။ မင်္ဂလာပါဆရာရှင့် ဦးနှောက်အကျိတ်ရောင်တာ ဘယ်လိုလက္ခဏာမျိုးဖြစ်တတ်ပါသလဲရှင့်။ ဒီရောဂါဟာ ကူးစက်တတ်ပါသလားရှင့်။ အကယ်၍ ဒီရောဂါရှိဖြစ်ခဲ့လျှင် ဘယ်လို ပြုမူနေထိုင်ရမလဲ။ ဘယ်လို ကုသရမလဲရှင့်။
၅။ မင်္ဂလာပါဆရာ။ ကျွန်မမောင်လေးက အသက် ၂၀ အိမ်ထောင်မရှိ လူပျိုပါ။ မျက်လုံးကြည့်မကောင်းလို့ ဆေးခန်းပြတော့ CT screan ရိုက်ခိုင်းပါတယ်ဆရာ။ အဖြေက ခေါင်းထဲမှာ အကျိတ်တည်နေပါတယ်တဲ့ဆရာ။ ဦးနှောက်နဲ့အာရုံကြောဌာနကို လွှဲပါတယ် ။ကျွန်မစိုးရိမ်တာက အကျိတ်ကို ခွဲစိတ်ရမယ်ဆိုရင် အသက်ရှင်ဖို့ရာခိုင်နှုန်းဘယ်လောက်ထိ မျှော်လင့်ခွင့်ရမလဲဆရာ။ ပြီးတော့ အကျိတ်ဖြစ်ခြင်းရဲ့ဆိုးကျိုးတွေလည်း သိပါရစေဆရာ။ ကျွန်မမောင်လေး အသက်ရော စိုးရိမ်နေရပြီလားဆရာ။ အခုဆို ညာဘက်မျက်လုံးက လုံးဝမမြင်ရတော့တဲ့အခြေအနေဖြစ်နေပါပြီ။ ဘယ်ဘက်မျက်လုံးလည်း သေချာသဲသဲကွဲကွဲ မမြင်ရတော့ဘူးဆရာ။ ညာဘက်တခြမ်းလည်း ခြေလက်တွေ လေးလံပြီး စာလည်းကောင်းကောင်းမရေးနိုင်ဘူးဆရာ။ ဆေးမှတ်တမ်းပုံတွေ ပို့လိုက်ပါတယ်။ အမှားပါရင်ခွင့်လွှတ်ပါ ဆရာ။
ဦးနှောက်အကျိတ်ဆိုတာ ဦးနှောက်မှာ ထူးပြီး (တရှူး) တွေပွါးများလာတာကိုခေါ်တယ်။ သူ့အလုပ်တွေကို ပျက်စေတယ်။ အမျိုးအစားတွေခွဲထားတယ်။ (ဆဲလ်) အမျိုးအစားနဲ့ခွဲသလို ကင်ဆာနဲ့ ကင်ဆာမဟုတ်တာလည်းခွဲတယ်။ အမျိုးအစားပေါင်း ၁၂ဝ ကျော်ရှိတယ်။
1. Benign ကင်ဆာမဟုတ်တာက ဖြစ်တာ ကြီးတာ မမြန်ဘူး။
2. Malignant ကင်ဆာဆိုရင် ကင်ဆာဆဲလ်တွေတွေ့မယ်။ မြန်တယ်။ အနားသတ်တိတိကျကျမရှိဘူး။ အသက်ကို ရန်ရှာမယ်။ ပြန့်နှံ့တယ်။
3. Primary ဦးနှောက် ဆဲလ်ကနေစတာမျိုးဖြစ်တယ်။
4. Metastatic ဆိုတာ တခြားနေရာကနေ ကင်ဆာပြန့်လာတာဖြစ်တယ်။ ဖြစ်တာပိုများတယ်။
ဦးနှောက်အကျိတ်ရှိနေရင် ခံစားရတာ စမ်းလို့တွေ့တာ မတူကြပါ။
• Recurrent headaches ခေါင်းခဏခဏကိုက်ခြင်း။
• Issues with vision မျက်စိအမြင်မကောင်းခြင်း။
• Seizures တက်ခြင်း။
• Changes in personality လူပုံစံမတူတော့ခြင်း။
• Short-term memory loss ရေတိုမှတ်ဉာဏ်နည်းခြင်း။
• Poor coordination ထိန်းညှိလုပ်ရတာတွေအားနည်းခြင်း။
• Difficulty speaking or comprehending စကားပြောတာနဲ့ နားလည်တာမကောင်းခြင်း။
ကင်ဆာဆဲလ်တွေမတွေ့တဲ့ Benign brain tumors ရိုးရိုးဦးနှောက်အကျိတ်နဲ့ ဦးနှောက်ကင်ဆာလို့ ၂ မျိုးရှိတယ်။ ကင်ဆာမဟုတ်တာကို ခွဲထုတ်လို့ရတယ်။ ပြန်ဖြစ်တာလည်းရှိတယ်။ ကင်ဆာမဟုတ်ပေမယ့် သက်ရောက်မှုတွေကြောင့် ဆိုးတာတွေခံစားရနိုင်တယ်။ အသက်ကိုပါရန်ရှာတတ်တယ်။ ကင်ဆာပြောင်းသွားတာလည်းရှိတတ်တယ်။ Malignant brain tumors ဦးနှောက်ကင်ဆာဆိုရင် အသက်ကိုရန်ရှာမယ်။ ကြီးလာတာမြန်တယ်။ ပြန့်နှံ့တယ်။
ဘာကြောင့်ဖြစ်သလည်း မသိပါ။ ဆောရီး။ ဖြစ်နိုင်ခြေများတာတွေတော့သိတယ်။ Ionizing radiation ဓါတ်ရောင်ခြည် သင့်ခြင်း။ Family history မိသားစရာဇဝင်လိုက်ခြင်း။ Age အသက်မရွေးဖြစ်တယ်။ Previous cancers အရင်က ကင်ဆာဖြစ်ဘူးသူ ကြီးလာရင်ဖြစ်တတ်တယ်။ ဥပမာ leukaemia or non Hodgkin lymphoma ရောဂါတွေ။ ကင်ဆာ မဟုတ်တာကနေ ကင်ဆာပြောင်းတာလည်းရှိတယ်။
ရောဂါကိုသိအောင်စမ်းနည်းတွေလုပ်ရမယ်။ MRI ကအရင်ဆုံးလုပ်ကြတာများတယ်။ Biopsy အသားစ ရယူ စစ်ဆေးတာလည်း လိုတတ်တယ်။
ကုသနည်းတွေရှိတယ်။ အသက်၊ ကျန်းမာရေးအခံ၊ နောက်ကြောင်းရာဇဝင်။ အမျိုးအစား၊ တည်နေရာ၊ အရွယ်အစား၊ ပြန့်နိုင်ချေနဲ့ ပြန်ဖြစ်နိုင်ချေ။ ဆေးကိုခံနိုင်ရည်ရှိမှု၊ နည်းလမ်းတွေအပေါ်မူတည်ပြီး ဘယ်နည်းရွေးမလည်း ဆုံးဖြတ်ရတယ်။ ပဌမမေးခွန်းပါလူနာအတွက် အပြင်းစား အကိုက်အခဲပျောက်ဆေးလိုမယ်။ သိပ်နာရင် အနာသက်သာတဲ့ ထိုးဆေးလိုမယ်။
1. Antiseizure/Antiepileptic Drugs (AEDs) အတက်သက်သာဆေး။
2. Steroids စတီရွိုက်ဆေး။
3. Surgery ခွဲစိတ်နည်းနည်းတွေဖြစ်တယ်။
အဲတာတွေအပြင်
1. Radiation therapy ဓါတ်ကင်နည်း။
2. Chemotherapy ကင်ဆာဆေးပေးနည်း။
3. Targeted therapy ပစ်မှတ်ထားကုသနည်း။
4. Tumor Treating Fields ဧရိယာအလိုက်ကုသနည်း။
နောက်ပြီး -
1. Long-Term Planning ရေရှည်အတွက်အစီအစဉ်တွေလည်းလိုတယ်။
2. Continuous follow-up care ပုံမှန်ပြန်လာပြနေရမယ်။
3. Rehabilitation နလံထူရေးလုပ်ပေးရမယ်။
4. Supportive care/ Palliative care အထောက်အကူနည်းတွေလိုမယ်။
နှစ်စဉ် ဇွန်လ (၈) ရက်နေ့ဟာ ကမ္ဘာ့ဦးနှောက်အကျိတ်ရောဂါနေ့ဖြစ်တယ်။ ကံတရား အားကိုးကြပါ။
ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe/
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး၊
Labels:
ကျန်းမာရေး
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
Tweets by @thithtoolwin