သုံးနာရီကြာထိုင်ခြင်းကြောင့် ဖြစ်ပေါ်သည့်ခန္ဓာဒဏ်ကို လမ်းလျှောက်နည်းသုံးနည်းဖြင့် ကုစားနိုင်မည်


အချိန်ကြာမြှင့်စွာထိုင်ကာ အလုပ်လုပ်ရသူများအတွက် သုံးနာရီကြာထိုင်ခြင်းကြောင့် ဖြစ်ပေါ်လာသည့် ခန္ဓာဒဏ်ကို လမ်းလျှောက်နည်းသုံးမျိုးဖြင့် ငါးမိနစ်မျှလျှောက်ပေးလိုက်ရုံနှင့် သက်သာပျောက်ကင်းစေမည်ဖြစ်ကြောင်း သုတေ သနပညာရှင်များက တွေ့ ရှိကြေငြာသည်။

အထိုင်များသူတို့ တွင် ခြေထောက်သွေးကြောများတွင် ဒဏ်ဖြစ်တတ်ပြီး ကိုလက်စထရောပမာဏမြင့်တက်လာခြင်း၊ အ၀လွန်ခြင်း၊ နှလုံးသွေးကြောကျဉ်းခြင်း အစရှိသည့်ပြဿနာများနှင့် ကြုံတွေ့ ရနိုင်သည်။ အထိုင်များခြင်းကြောင့် ခန္ဓာကိုယ်ကြွက်သားများ ပျင်းရိလေးတွဲ့ လာပြီး မကျုံ့ တော့သည့်အတွက် ခြေထောက်သွေးကြောမှသွေးများကို နှလုံးသို့ ပြန်မပို့ ပေးတော့ပဲ ခြေထောက်တွင်သွေးဆင်းနေတတ်လေရာ သွေးကြောအတွင်းလွှာများပျက်စီးသွား နိုင်ပြီး သွေးကြောများကလည်း သွေးကိုကျဲအောင်ပြုလုပ်ခြင်း၊ သွေးကြောညှစ်ခြင်းတို့ ကို မပြုလုပ်နိုင်တော့ကြောင်း သိရသည်။

ဖော်ပြပါကျန်းမာရေးပြဿနာများကို ရှောင်ကြဉ်နိုင်ရန် ထိုင်ပြီးမိနစ် ၃၀ တွင်တစ်ကြိမ်၊ မိနစ် ၉၀ တွင်တစ်ကြိမ်၊ ၂နာရီခွဲတွင်တစ်ကြိမ် တစ်နာရီလျင် ၂ မိုင်နှူန်း အနှေးလျှောက် လျှောက်ပေးရမည်ဖြစ်သည်။

ထိုမျှသာလုပ်ပေး ခြင်းဖြင့် ခြေထောက်သွေးကြောနံရံများ မပျက်စီးတော့ဘဲ သွေးကြောညှစ်အားလည်း ကောင်းမွန်နေမည်ဖြစ်ကာ နှလုံးကလည်း သွေးကိုပုံမှန်ရရှိနေမည်ဖြစ်ပြီး ခြေထောက်သွေးဆင်းခြင်းလည်း မဖြစ်နိုင်တော့ကြောင်း သိရသည်။

ထိုင်ရာမထ အလုပ်လုပ်တာဟာ ကိုယ့်ကိုယ်ကိုယ် ဖြည်းဖြည်းခြင်း မျဉ်းပြီးသတ်နေတာနဲ့ အတူတူပါပဲ။ တိုတိုပြောရ မယ်ဆိုရင် အထိုင်များတဲ့လူတွေဟာ နှလုံးရောဂါရနိုင်ခြေ မြင့်မားပါတယ်။ ကိုယ့်အသက်အတွက်၊ ကိုယ့်နှလုံး အတွက် ၃ နာရီအတွင်းမှာ မိနစ် ၃၀၊ မိနစ် ၉၀ နဲ့  နှစ်နာရီခွဲကြာချိန်တွေမှာ ငါးမိနစ်လောက် အနှေးလျှောက် လျှောက်ပေးလိုက်ရင်ကို အင်မတန်အကျိုးထူးမှာပါဟု သုတေသီတစ်ဦးက ပြောပြသည်။

လူအများစုသည် လုပ်ငန်းခွင်တွင်အထိုင်များပြီး အချို့ ကလည်း ရထား၊ ကားပေါ်တွင် အထိုင်များလေ့ရှိသည်။ ၀န်ထမ်းများမဟုတ်သည့်တိုင် ရုပ်သံ၊ဂိမ်းစက်၊ကွန်ပျူတာ၊ကျောင်းစာသင်ခန်းများတွင် အထိုင်များခြင်းကြောင့် လည်း ခြေထောက်သွေးဆင်းကာနှလုံးကိုထိခိုက်စေနိုင်သော ကျန်းမာရေးပြဿနာနှင့် ကြုံတွေ့ ရနိုင်သေးသည့် အတွက် မည်သူမဆို အထိုင်များလျင် ဖော်ပြပါအတိုင်း လမ်းလျှောက်ပေးခြင်းဖြင့် သက်ရှည်ကျန်းမာသန်စွမ်းစွာ နေထိုင်လုပ်ကိုင်စားသောက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

Lashio News Diary
https://www.facebook.com/lashio.news.city

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ