အတူနေအမျိုးသမီးများ ဓမ္မတာသွေးပေါ်ချိန် တူညီသည်ဟူသည်မှာ မမှန်


လိင်တူချစ်သူအမျိုးသမီးများဖြစ်စေ၊ အဆောင်တွင်အတူနေအမျိုးသမီးများဖြစ်စေတို့ သည် တစ်ဦးနှင့် တစ်ဦး၌ဓမ္မတာသွေးပေါ်ချိန်စတင်ရန်အရေးပါသည့်ဖယ်ရိုမုန်းဟိုမုန်းအပေါ် အကျိုးသက်ရောက်မှုရှိစေ သည့်အတွက် ၄င်းတို့ တွင် သွေးပေါ်ချိန်သည်လည်း တဖြည်းဖြည်းနှင့် နီးစပ်တူညီလာလေ့ရှိသည်ဟု မူလကလက်ခံထားသည့်အဆိုမှာ မမှန်ကန်ကြောင်း အမေရိကန်ပြည်ထောင်စု၊ Oxford University
မှ သုတေသီများက ပြောသည်။သုတေသီများက ဓမ္မတာသွေးပေါ်ချိန်ကို ခြေရာ ခံစောင့်ကြည့် မှတ်တမ်းတင်ပေးသည့် အပလီကေးရှင်း Clue ကို အသုံးပြုသည့်အမျိုးသမီးများ၏ ဓမ္မတာသွေးပေါ်ချိန် နှင့်ပြီးဆုံးချိန်တို့ ကို လေ့လာဆန်း စစ်ခဲ့ခြင်းဖြစ်ကြောင်း၊ အတူနေအမျိုးသမီးများတွင် သွေးပေါ်ချိန်လည်း တူစေသည်ဟူသည့်အချက်ကို ၁၉၇၂ ခန့် က စတင်လက်ခံခဲ့ခြင်းဖြစ်ကြောင်း၊ အထူးသဖြင့် လက်ပွန်းတသီးနေလေ့ရှိသည့် အမျိုးသမီး များတွင် သွေးပေါ်ချိန်သည်လည်း တူညီလာခြင်းဖြစ်သည်ဟု ဆိုကြောင်း၊ သို့ သော် ၄င်းအယူအဆတွင် အားနည်းချက်များစွာရှိနေပြီး ပုံစံတူပြန်လည်တည်ဆောက်ကာ နောက်ကြောင်းပြန်လေ့လာခြင်းများအရ ၄င်းအဆိုသည် မှန်ကန်မှုမရှိဘဲ လိင်တူဖြစ်စေ၊ အတူနေဖြစ်စေ၊ တစ်ဦးနှင့်တစ်ဦး၏ ဓမ္မတာသွေးပေါ်ချိန် ကို အပြန်အလှန်အကျိုးသက်ရောက်မှုရှိစေသည်ဟူသည့်အဆိုမှာ မမှန်ကန်ကြောင်း Oxford University မှ သိပ္ပံပညာရှင်များအဖွဲ့ က ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။


အတူနေအမျိုးသမီးများဟုဆိုရာတွင်လိင်တူချစ်သူအမျိုးသမီးများအပါအ၀င် သူငယ်ချင်းများ၊ ညီအစ်မများ အခန်းဖော်များ၊ လုပ်ဖော်ကိုင်ဖက်များ၊ မိခင်နှင့်သမီးများ အစရှိသူတို့ လည်း ပါဝင်ကြောင်း၊ ၄င်းတို့ သည် ကိုယ်ဝန်တားဆေးတစ်မျိုးမျိုးကိုသုံးစွဲထားခြင်းမရှိလျင် တစ်ဦးနှင့်တစ်ဦး၏ အပြန်အလှန်အကျိုး သက်ရောက်မှုကြောင့် ဓမ္မတာသွေးပေါ်ချိန်ခြင်းလည်း နီးစပ်တူညီလာသည်ဟူသည့်အဆိုသည် မှန်ကန် ခြင်း ရှိ၊မရှိ ပြန်လည်ဆန်းစစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။အတူနေအမျိုးသမီးတွေမှာ ဓမ္မတာသွေးပေါ်ချိန် တူလာတတ်တယ်ဆိုတဲ့အဆိုကို ပြန်လည်ဆန်းစစ်တာ ၁၉၉၃ မှာလည်း New Mexico State University က တစ်ကြိမ်လုပ်ခဲ့ဖူးပါတယ်။ အဲဒီတုန်းက လိင်တူ ချစ်သူ မိန်းလေးအတွဲပေါင်း ၃၀ ကျော်ကိုပါ ထည့်သွင်းဆန်းစစ်ခဲ့တာပါ။

၁၉၉၁ တုန်းကလည်း University of Missouri က အလားတူဆန်းစစ်မှုမျိုး ပြုလုပ်ခဲ့ဖူးပါတယ်။ အဆောင်နေတက္ကသိုလ်ကျောင်းသူ ၁၃၂ တွဲ ထက်မနည်းကို လေ့လာဆန်းစစ်ခဲ့တာပါ။ ၁၉၉၄ တုန်းကလည်း အစ္စရေးနိုင်ငံမှာ အမျိုးသမီးဘတ်စကက် ဘော အသင်းတွေကို အလားတူ စမ်းသပ်မှုမျိုး ပြုလုပ်ခဲ့ပါတယ်။ အဲဒီစမ်းသပ်မှုတွေအားလုံးရဲ့ ရလာဒ်က တူညီနေပါတယ်။ အဲဒါကတော့ အတူနေရုံနဲ့  မိန်းကလေးတွေရဲ့  ဓမ္မတာသွေးပေါ်ချိန်တွေ နီးစပ်တူညီ လာတယ်ဆိုတာ မမှန်ဘူးဆိုတာပါပဲ ဟု သုတေသီတစ်ဥိးက ပြောပြသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/pg/yadanabonnewspaper

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ