နှောင့်နှေးမှုများကြောင့် အရေးပေါ်ခွဲစိပ်ကုသမှုခံယူရမည့်ကလေး သေဆုံးမှုမြင့်မား


UK တွင် ဆေးရုံများ၌ နှောင့်နှေးကြန့် ကြာမှုများကြောင့် အရေးပေါ်ခွဲစိပ်ကုသမှုခံယူရမည့်ကလေး သေဆုံးမှု မြင့်မားလျက်ရှိကြောင်း Royal Manchester ကလေးဆေးရုံကြီးမှ ခွဲစိပ်ဆရာဝန်ကြီးများက သတိပေးပြောကြားထားကြောင်း သိရသည် ။

ကျန်းမာရေးစောင့်ရှောက်မှုလောကတွင် Routine, Elective နှင့် Urgent ဟူ၍ အခြေအနေ ၃ မျိုးရှိ ကြောင်း၊ လစဉ်၊နှစ်စဉ် ပုံမှန်စစ်ဆေးရသည့်ကိစ္စများကို routine အခြေအနေဟု သတ်မှတ်ကြောင်း၊ ရက်နှင့်အချိန်ကို အဆင်ပြေသလို ရွှေ့ ပြောင်းစမ်းသပ် ကုသ နိုင်ကြောင်း  ၊ ခွဲမွေးမည့်လူနာ၊ အသားပို ဖယ်ထုတ်မည့်လူနာ အစရှိသည်ကဲ့သို့ လူနာများကို Elective ဟု သတ်မှတ်ကြောင်း၊ အချိန်အတိုင်း အတာတစ်ခုအတွင်း နေ့ ရက်နှင့်အချိန် စိတ်ကြိုက်ရွေးချယ်ကာ ပြုလုပ်နိုင်သော ခွဲစိပ်ကုသမှုမျိုး ဖြစ်ကြောင်း၊ အသက်ရှူကြပ်ခြင်း၊ မတော်တဆထိခိုက်မိခြင်း ကဲ့သို့ ဝေဒနာများမှာ ချက်ခြင်းခွဲစိပ်ကုသ ပေးရမည့် Urgent အခြေအနေဖြစ်ကြောင်း၊ ယခုအခါ UK ဆေးရုံများတွင် routine နှင့် elective များ အတွက် ကြန့် ကြာမှုများဖြစ်နေသည့်အပြင် urgent အခြေအနေတွင်လည်း မလိုလားအပ်သည့် ကြာမြင့် စွာ စောင့်ဆိုင်းရခြင်းတို့ ဖြစ်နေသည့်အတွက် ကလေးသူငယ်များ မသေသင့်ဘဲသေဆုံးနေရခြင်း ဖြစ်ကြောင်း ခွဲစိပ်ဆရာဝန်တစ်ဦးဖြစ်သူ Basem Khalil က ပြောပြသည်။ဆေးရုံတွေမှာ လူနာကို အခန်းထဲထည့်ပြီး ပစ်ထားတဲ့ဓလေ့က ကျယ်ပြန့် လာနေပါတယ်။

အသက် ၂၀လ ရှိတဲ့ကလေးတစ်ယောက်ဟာ နို့ ဗူးနဲ့ နို့ စို့ နေတုန်း လိမ့်ကျခဲ့ပြီး ပုလင်းကြောင့် ပါးစပ်မှာ ဒဏ်ရာရခဲ့ ပါတယ်။ ခွဲစိပ်ကုသမှုလိုအပ်ခဲ့ပါတယ်။ သူ့ ကို အခန်းတစ်ခန်းထဲထည့်ထားပြီး ဆရာဝန် တွေက ဒီနေ့ မခွဲနိုင်သေးဘူး၊ကုတင်မရှိသေးဘူး၊ကားတိုက်လူနာရောက်လာလို့  အစရှိသည်ဖြင့် အကြောင်း ပြချက်တွေပေးနေလိုက်တာ ၅ ရက်ကြာတော့ ကလေးဟာ မသေသင့်ဘဲ သေဆုံးခဲ့ပါတယ်ဟု Khalil က ၄င်း၏အတွေ့ အကြုံကို ပြောပြသည်။ထို့ ကြောင့် UK တွင် urgent case များကို ချက်ခြင်းခွဲစိပ်ကုသပေးနိုင်ရန် အမျိုးသားကျန်းမာရေးဌာန က ရည်ရွယ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ