အဆုပ်ရောဂါအတွက် ပဋိဇီဝဆေးများ မှန်ကန်စွာသုံးစွဲနိုင်မည့် စမ်းသပ်နည်း ထွက်ပေါ်


ပြင်းထန်အဆုပ်ရောဂါဝေဒနာရှင်များကို အထူးကြပ်မတ်ကုသဆောင်များ၌ အနီးကပ်စောင့်ကြည့်ကုသရာ ၀ယ် ပဋိဇီဝဆေးများ ကျွေးခြင်း၊ထိုးပေးခြင်းတို့ ကို မှားယွင်းစွာပြုလုပ်မိခြင်းအား ရှောင်ရှားနိုင်မည့် စမ်းသပ်နည်းအသစ်တစ်မျိုးကို UK ရှိ Edinburgh, Heriot-Watt နှင့် Bath တက္ကသိုလ်တို့ မှ ကျန်းမာရေးသုတေ သီများက ပူးပေါင်းဖန်တီးစမ်းသပ်လျက်ရှိကြောင်း သိရသည်။


အဆုပ်ရောဂါတိုက်ခိုက်မှုပြင်းထန်လာချိန်တွင် စိုးရိမ်မှုလွန်ကဲ၍သော်လည်းကောင်း၊ အလွယ်လိုက်လို၍ သော်လည်းကောင်း၊ ပဋိဇီဝဆေးများကို တိုက်ကျွေးခြင်း၊ထိုးပေးခြင်း ပြုလုပ်တတ်ကြကြောင်း၊ သို့ သော် ဗက်တီးရီးယားနှင့် ဆေးဝါး မကိုက်လျင် ၄င်းအပြု အမူကြောင့် ဆေးယဉ်ပါးစူပါဗက်တီးရီးယား ပြဿနာ များ ဖြစ်လာကြောင်း၊ ယခု သုတေသီများတွေ့ ရှိ ထားသည့် စမ်းသပ်နည်းအသစ်ဖြင့် ကူးစက်ခံထားရ သည့် ဗက်တီးရီးယားကို တိကျစွာဖော်ထုတ်ပြီး ပဋိဇီဝဆေးကိုလည်း မှန်ကန်စွာပေးနိုင်မည့်နည်း ဖြစ်ကြောင်း သိရသည်။ကျွန်တော်တို့ ရဲ့ ဗက်တီးရီးယားစမ်းသပ်နည်းကို Proteus လို့ အမည်ပေးထားပါတယ်။

သတ်မှတ်ထားတဲ့ ဗက်တီးရီးယားတွေကိုတွေ့ ရင် အလင်းထွက်တဲ့ဓါတုပစ္စည်းတွေကို အသုံးပြုပါတယ်။ အဲဒီအလင်းထွက် တာကို ဖိုင်ဘာအော့တစ်ဖန်ပြွန်တွေနဲ့  ဖမ်းယူပါတယ်။ ဒီဖန်ပြွန်တွေက လူနာရဲ့ အဆုပ်ထဲ သွင်းပြီးကြည့် လို့ ရတဲ့အထိ အရွယ်သေးငယ်ပါတယ်။ ဒီတော့ လူနာတစ်ယောက်အတွက် ဘယ်လိုပဋိဇီဝဆေးဝါးတွေ သုံးသင့်တယ်၊ ဒါမှမဟုတ် မသုံးသင့်ဘူး ဆိုတာကို တိတိကျကျ ရှာဖွေနိုင်မှာဖြစ်ပါတယ်ဟု သုတေသီ တစ်ဦးက ပြောပြသည်။

ကူးစက်ခံထားရသော ဗက်တီးရီးယားအမျိုးအစားကို ဖိုင်ဘာအော့တစ်ဖန်ပြွန်ဖြင့် စစ်ဆေးခြင်းဖြစ်ပြီး လူနာအတွက် လိုအပ်မည့် ပဋိဇီဝ ဆေးဝါးအမျိုးအစားကို စက္ကန့်  ၆၀ အတွင်း သိရှိနိုင်မည်ဖြစ်ကြောင်း၊ အထိုက်အလျောက်အောင်မြင် မှု ရရှိနေပြီဖြစ်သည့်အတွက် ဤစမ်းသပ်နည်းကို ရှေ့ ဆက်တိုး ဆောင်ရွက်နိုင်ရန် Wellcome Trust ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီက သုတေသီများအတွက် စတာလင်ပေါင် ၂ သန်း ထောက်ပံ့ပေးအပ်ထား ပြီး ဆေးယဉ်ပါးစူပါဗက်တီးရီးယားတိုက်ဖျက်ရေး ပရောဂျက်တစ်ခုဖြစ်သော Carb-X ကလည်း စတင်လင် ပေါင် ၁ သန်း ထောက်ပံ့ဦးမည်ဖြစ်ရာ ဤစမ်းသပ်နည်းကို ရှေ့ ဆက်ဆောင်ရွက်သွားနိုင်တော့မည် ဖြစ်ကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/pg/yadanabonnewspaper

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ