အစားအစာများကို စွဲလန်းစွာ စားသုံးခြင်းဖြင့် အ၀လွန်ခြင်းများ ဖြစ်ပွားလျက်ရှိ




အ၀လွန်နေသူများနဲ့ ပုံမှန်အလေးချိန်ရှိ လူနာများတွင် အစားအစာများကို စွဲလန်းစွာစားသောက်ခြင်းဟာ ဦးနှောက်အတွင်းရှိ အစိတ်အပိုင်းများစွာအပေါ် သက်ရောက်မှုများရှိကြောင်း မကြာခင်ကပဲ လေ့လာတွေ့ရှိခဲ့ပြီး ဦးနှောက်အစိတ်အပိုင်းများနဲ့ အရာဝတ္ထုများအပေါ် စွဲလမ်းခြင်းများဟာ အ၀လွန်ခြင်းကို ဖြစ်စေနိုင်ပါသတဲ့။

University of Grenada မှ သုတေသနပညာရှင် Oren Contreras-Rodriguez က “ အ၀လွန်ခြင်းနဲ့ အစားအစာများကို စွဲလမ်းစွာစားသောက်ခြင်းဟာ အခြားအရာများကို စွဲလမ်းခြင်းသလိုပဲ ဦးနှောက်နဲ့အာရုံကြောဆိုင်ရာ ပြောင်းလဲမှုတွေကို နှိုးဆွပေးနိုင်တာကို တွေ့ရှိခဲ့ရပါတယ်” လို့ ထုတ်ဖော်ရှင်းလင်းပြထားပါတယ်။

လေ့လာသူတွေဟာ ပျမ်းမျှ အသက် ၃၃ နှစ်ရှိပြီး အ၀လွန်နေသူ ၃၉ ယောက်နဲ့ ပုံမှန်အလေးချိန်ရှိသူ ၄၂ ယောက်ကို လေ့လာခဲ့တာဖြစ်ပါတယ်။ စမ်းသပ်ခံသူများကို ဘူဖေးစတိုင် အစားအသောက်များ ကျွေးမွေးပြီးနောက် ၄င်းတို့ဦးနှောက်အတွင်းရှိ MRIs ကို လေ့လာခဲ့တာဖြစ်ပါတယ်။ MRI ပြုလုပ်နေစဉ်အတွင်း စွဲလမ်းမှုပြင်းထန်ပုံကို သိရှိစေဖို့ ဘူဖေးစနစ်မှ အစားအသောက်ပုံများကို ပြသထားခဲ့တာဖြစ်ပါတယ်။

လေ့လာသူတွေဟာ အစာစားပြီးချိန်နဲ့ မစားခင်အချိန်ရှိ MRIs များကို လေ့လာခဲ့ရာ သာမန်လူများ၏ ဦးနှောက်မှာ အစားအသောက်ရုပ်ပုံများပေါ် တုံ့ပြန်ချက်မှာ ပုံမှန်အတိုင်းပြောင်းလဲခြင်း မရှိတာကို တွေ့ရပါတယ်။ အ၀လွန်လူနာတွေမှာတော့ ကျောရိုးမကြီးနဲ့ ဦးနှောက်တို့မှာ ပိုမိုဆက်စပ်မှုများ ရှိနေတာကို လေ့လာတွေ့ရှိခဲ့ပါသတဲ့။

လေ့လာသူတွေဟာ ၃ လကြာ စမ်းသပ်လေ့လာမှုများ ပြုလုပ်ပြီးနောက် တစ်ဦးချင်းစီရဲ့ ကိုယ်အလေးချိန်တိုးတက်လာမှု ၁၁ ရာခိုင်နှုန်းဟာ ဦးနှောက်အတွင်း လုပ်ဆောင်ချက်များ တိုးတက်လာမှုအပေါ် ခန့်မှန်းတိုင်းတာနိုင်တာကို သိရှိခဲ့ကြပါတယ်။

( Michelle )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Dailymail

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ