နကျယ်ကောင်ရဲ့ အဆိပ်ဟာ ကင်ဆာဆဲလ်တွေကို သတ်ပစ်နိုင်စွမ်းရှိ




ဘရာဇီးလ် နိုင်ငံမှာ ရှိတဲ့ နကျယ်ကောင်ရဲ့ အဆိပ်ဟာ ကင်ဆာဆဲလ်တွေကို သတ်ပစ်နိုင်စွမ်းရှိတယ်လို့ သိပ္ပံပညာ ရှင်တွေ က ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ ထို အဆိပ်ဟာ အခြား ကျန်းမာစေတဲ့ ဆဲလ်တွေကိုတော့ ထိခိုက်ခြင်းမရှိတဲ့အတွက် သုတေသီတွေဟာ ထို အဆိပ်ကိုဘယ်လို အသုံးပြုရမယ် ဆိုတာကို ရှာဖွေဖို့ ရှိပါတော့တယ်။

ထို အဆိပ်ဟာ ကင်ဆာဆဲလ်တွေ ကို ဘယ်လိုနည်းလမ်းနဲ့ သတ်ပစ်နိုင်စွမ်းရှိတာလဲဆိုတာကိုလေ့လာရင်းနဲ့ သုတေသီတွေဟာ MP1 လို့ခေါ်တဲ့ နကျယ်ကောင်ရဲ့ အဆိပ်ဟာ ကင်ဆာရောဂါ ကို တိုက်ခိုက်ဖို့အတွက် ဆေးဝါးတစ်မျိုး ဖြစ်နိုင်တယ်ဆိုတာကို ယုံကြည်လာကြပါတယ်။ ထို အဆိပ်က သတ်ပစ်နိုင်တဲ့ ကင်ဆာဆဲလ် တွေကတော့ ဆီးအိမ် ၊ ပရောစတိတ် နဲ့ လူကေးမီးယား ကင်ဆာဆဲလ် တို့ပဲ ဖြစ်ပါတယ်။

"ဆဲလ်တွေရဲ့ အမြှေးပါးမှာ ရှိတဲ့ အဆီ ပေါင်းစည်းမှုကို တိုက်ခိုက်နိုင်တဲ့ ကင်ဆာရောဂါ ကုထုံး ကတော့ ကင်ဆာတိုက်ဖျက်ရေးဆေးဝါး တစ်ခုပဲ ဖြစ်ပါတယ်။ " လို့ လိဒ် တက္ကသိုလ်က ပါမောက္ခ Paul Beales က ဆိုပါတယ်။

တိကျတဲ့ ဇီဝ ရုပဗေဒ နည်းလမ်းပေါင်းများစွာ ကို အသုံးပြုပြီး သုတေသီတွေဟာ ဆဲလ်တွေရဲ့ အမြှေးပါးထဲမှာ တွေ့ရတတ်တဲ့ Phosphatidylserine ဟာ MP1 အဆိပ်ရဲ့ ကင်ဆာဆဲလ်တွေကို သတ်ပစ်နိုင်စွမ်းကို ၇ ဆ ခန့် ပိုမို အားကောင်းလာစေပါတယ်။ ဒါ့အပြင် Phosphatidylethanolamine လို့ခေါ်တဲ့ အဆီ တစ်မျိုးကတော့ အဆိပ်ရဲ့ ဆဲ့လ် အမြှေးပါးတွေကို ဖောက်ထွင်းနိုင်စွမ်းကို အားကောင်းစေပါတယ်။ထိုအဆိပ်ဟာ ဆဲလ်အမြှေးပါးမှာ အပေါက်တွေဖြစ်ပေါ်စေပြီး ကင်ဆာဆဲလ်တွေကို အပြင်ကိုထွက်လာစေကာ သတ်ပစ်လိုက်တာပဲ ဖြစ်ပါတယ်။

သုတေသီတွေကတော့ ထို ဖြစ်စဉ် ရဲ့ အလုပ်လုပ်ပုံတွေကို တိတိကျကျ လေ့လာပြီး ကင်ဆာဆဲလ်တွေကို တိုက်ဖျက်နိုင်မယ့် ဆေးဝါးတစ်ခုဖြစ်လာဖို့ နကျယ်ကောင်ရဲ့ အဆိပ် ကို ဘယ်လိုပုံစံ နဲ့ အသုံးပြုရမယ်ဆိုတာကို ဆက်လက် လေ့လာနေကြပါတယ်။

ထိုလေ့လာမှုကိုတော့ Biophysical ဂျာနယ်မှာ ပုံနှိပ်ဖော်ပြခဲ့ပါတယ်။

( Mario )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Upi

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ