ချော့ကလက်စားခြင်းဖြင့် ပန်ကရိယ ရောဂါ ဖြစ်ပွားခြင်းမှ ကာကွယ်နိုင်




ချော့ကလက်တွေဟာ သေဆုံးနိုင်ချေ မြင့်မားတဲ့ ကင်ဆာရောဂါတစ်မျိုးဖြစ်တဲ့ ပန်ကရိယ ကင်ဆာ ရောဂါ ဖြစ်ပွားခြင်းမှာ ကာကွယ်ပေးနိုင်တယ်လို့ သိပ္ပံပညာရှင်တွေက ဆိုလိုက်ပါတယ်။ သူတို့ရဲ့ ရှာဖွေတွေ့ရှိချက်အရတော့ ချော့ကလက်မှာ ကြွယ်ဝစွာ ပါဝင်တဲ့ မဂ္ဂနီဆီယမ် ဓါတ်ဟာ ပန်ကရိယ ကင်ဆာ ကို ကာကွယ်ပေးနိုင်တာဖြစ်ပါတယ်။

သိပ္ပံပညာရှင်အဖွဲ့ဟာ VITamins နဲ့ Lifestyle study ဆိုတဲ့ စာစောင်တွေမှာ ပါဝင်တဲ့ ဒေတာ အချက်အလက်တွေကို စစ်ဆေးကြည့်ခဲ့ပါတယ်။ ထို အချက်အလက်တွေကတော့ အသက် ၅၀ နဲ့ ၇၆ နှစ်ကြားရှိတဲ့ အမျိုးသားနဲ့ အမျိုးသမီး ၆၆၀၀၀ ယောက်တို့ရဲ့ အချက်အလက်တွေပါ။ သုတေသီတွေဟာ မဂ္ဂနီဆီယမ် နဲ့ ပန်ကရိယ ကင်ဆာရောဂါ ကြားထဲက တိုက်ရိုက်ဆက်နွယ်နေမှုကို လေ့လာခဲ့ပါတယ်။

အဲဒီအခါမှာ သိပ္ပံပညာရှင်တွေ တွေ့ခဲ့ကြတာက တစ်နေ့ကို မဂ္ဂနီဆီယမ် မှီဝဲမှု ၁၀၀ မီလီဂရမ် ခန့် လျော့နည်းသွားခြင်းဟာ ပန်ကရိယ ကင်ဆာ ရောဂါ ဖြစ်လာဖို့ ၂၄ ရာခိုင်နှုန်း ဖြစ်နိုင်ချေများလာစေတယ်ဆိုတာပါပဲ။

ပန်ကရိယ ကင်ဆာရောဂါဟာ ၅ နှစ်သာ အများဆုံး ရှင်သန်ခွင့်ရတဲ့ရောဂါဖြစ်ပြီး လက်ရှိအခြေအနေတွေအရတော့  ရှင်သန်နိုင်နှုန်းဟာ တစ်ဖြည်းဖြည်း လျော့နည်းလာပါတယ်။ ဒါ့အပြင် ပန်ကရိယ ကင်ဆာ ဟာ အမေရိကန် နိုင်ငံမှာလည်း ကင်ဆာနဲ့ ပတ်သက်ပြီး သေဆုံးမှု ဖြစ်စေနိုင်တဲ့ ရောဂါစာရင်းထဲမှာ စတုထ္ထနေရာ မှာရပ်တည်နေပါတယ်။

ဆီးချို သွေးချို ရောဂါဟာ ပန်ကရိယ ကင်ဆာ ရောဂါ ရဲ့  လက္ခဏ တစ်ခုဖြစ်ပြီး မဂ္ဂနီဆီယမ် ဓါတ်ဟာ ဆီးချို သွေးချို ရောဂါ ဖြစ်ခြင်းမှလည်း ကာကွယ်ပေးနိုင်တယ်လို့ သိရပါတယ်။

( Mario )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Dailymail

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ