ခါးနာရောဂါသည် အဆိုးရွားဆုံးသော နာတာရှည်ရောဂါ တစ်မျိုး ဖြစ်လာနိုင်
ခါးနာရောဂါကို ကာလရှည်ကြာ ခံစားနေရပါက ဒုက္ခိတ ဘဝ ရောက်သွား နိုင်ကြောင်း နိုင်ငံ တကာ လေ့လာမှု သုတေသန စစ်တမ်းကြီး က တွေ့ရှိခဲ့သည်။
ကမ္ဘာပေါ်ရှိ နိုင်ငံပေါင်း ၁၈၈ နိုင်ငံတို့တွင် လည်း ခါးနာရောဂါ မှာ နာတာရှည် ရောဂါတစ်မျိုး ဖြစ်နေပြီး နှလုံးရောဂါနှင့် ငှက်ဖျားရောဂါ တို့ကဲ့သို့ သက်တမ်း ရှည်ကြာစွာ လူကို ဒုက္ခပေး တတ်ကြောင်း သိရှိလာရသည်။
ထို့နည်းတူ လည်ပင်းကြီး နေပြီး စောင်းနေ တတ်သော လည်ပင်းနာ ရောဂါကိုလည်း ခါးနာရောဂါ ပြီးလျှင် ဒုတိယ အဆိုးရွားဆုံး ရောဂါကြီး အဖြစ် အင်္ဂလန်နှင့် စကော့တလန် တို့တွင် သတ်မှတ် ထားသည်။ အိုင်ယာလန်နှင့် ဝေလနယ် တို့တွင်မူ တတိယ အဆိုးရွားဆုံး ရောဂါဟု သတ်မှတ်ထား ကြသည်။
''လူရဲ့ ခန္ဓာကိုယ် ဆိုတာ လှုပ်လှုပ်ရှားရှား လုပ်လို့ရတဲ့ ဖွဲ့စည်းပုံနဲ့ တည်ဆောက် ထားတာပါ။ အခုလို မလှည့်နိုင် ၊ မရွှေ့နိုင်ဘဲ ငုတ်တုတ်ကြီး နေရအောင် ဖွဲ့စည်းထားတာ မဟုတ် ပါဘူး'' ဟု အရိုးအထူးကု ဆရာဝန်ကြီး စတီတိုလန်က ရှင်းပြသည်။
သို့ဖြစ်၍ အသက် ၁၂ နှစ်အရွယ် ကလေးငယ် များကို လက်ကိုင်ဖုန်းများ၊ Tablet များနှင့် အချိန်အကြာကြီး ဂိမ်းကစား နေခြင်းကို မပြုလုပ်ရန် သတိပေး ထားရှိသည်။ အသက် ၃ဝ နှစ် ဝန်းကျင်ရှိ လူရွယ်များ ကိုလည်း ထိုင်ခုံပေါ် ထိုင်၍ အချိန် ကြာမြင့်စွာ ကွန်ပျူတာ များနှင့် အလုပ်လုပ် နေခြင်းကိုပါ ရှောင်ရန် သတိပေး ထားရှိသည်။
ဗြိတန်နိုင်ငံတွင် အဆိုးရွားဆုံး ရောဂါကြီး ၁ဝ မျိုးတွင် သွေးပေါင်ကျခြင်း၊ ဆီးချို၊ နားလေးခြင်း၊ ခေါင်းတစ်ခြမ်း ကိုက်ခြင်းနှင့် လည်ချောင်းနာ ရောဂါ၊ စိတ်ကျရောဂါ နှင့် ခါးနာရောဂါ တို့ ပါဝင်ကြောင်း သိရသည်။
ကမ္ဘာ့လူဦးရေ၏ လေးပုံတစ်ပုံ (သို့မဟုတ်) ၁ ဒသမ ၆ ဘီလီယံ တို့တွင် ခေါင်းကိုက်ရောဂါ ခံစားနေကြ ရပြီး သန်းပေါင်း ၈၅ဝ တို့တွင်မူ ခေါင်းတစ်ခြမ်းကိုက် ရောဂါများ ခံစားနေရကြောင်း Lancet ဆေးပညာ ဂျာနယ်တွင် ရေးသား ဖော်ပြ ထားရှိသည်။
သို့ဖြစ်၍ ကမ္ဘာပေါ်ရှိ လူဦးရေ ၂ဝ တွင် တစ်ဦးသာ ကျန်းကျန်းမာမာ နေထိုင်နိုင်သူများ ဖြစ်သည်။ ကမ္ဘာပေါ်ရှိ နိုင်ငံပေါင်း ၁၈၈ နိုင်ငံတွင် လူဦးရေ ၄ ဒသမ ၃ ရာခိုင်နှုန်းသာ ကျန်းမာ သန်စွမ်းသူများ ဖြစ်နေကြောင်း သိရသည်။
PyiChitThar
http://www.pyichitthar.com
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး၊
Labels:
ကျန်းမာရေး
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
Tweets by @thithtoolwin