ဝက်ခြံကာကွယ်ဆေးကို စမ်းသပ်လျက်ရှိ
အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားတက္ကသိုလ်မှ သုတေသီများက ၀က်ခြံကာကွယ်ဆေးကို ထုတ်လုပ်နိုင်ရန်စမ်းသပ်လျက်ရှိကြောင်း သိရသည်။ လူငယ်လူရွယ်အများစုတွင် ကျား၊မ မရွေး ဒုက္ခပေးလေ့ရှိသည့် ၀က်ခြံကို ကြိုတင်ကာကွယ်နိုင်လျင် ဆယ်ကျော်သက်များအတွက် များစွာအကျိုးထူးနိုင်မည်ဟုယုံကြည်ရည်ရွယ်လျက် ၀က်ခြံကာကွယ်ဆေး ကို ထုတ်လုပ်နိုင်ရန် ကြိုးပမ်းဆောင်ရွက်နေခြင်းဖြစ်ကြောင်း သုတေသီတစ်ဦးဖြစ်သူ Eric C. Huang က ပြောပြသည်။
ဝက်ခြံပေါက်တယ်ဆိုတာ P.acnes ဗက်တီးရီးယားကြောင့်ဖြစ်ပါတယ်။ အဲဒီဗက်တီးရီးယားဟာ လူနဲ့  အတူ အမြဲရှိနေနိုင်ပါတယ်။ အဲဒီဗက်တီးရီးယားကို ကာကွယ်တဲ့ဆေးမရှိသေးဘူးဆိုတာ မထုတ်လို့ ပါ။ မထုတ်ဘူးဆိုတာကလည်း အဲဒီဗက်တီးရီးယားက တစ်ကယ်တမ်းမှာ လူကိုအကျိုးပြုတဲ့ ဗက်တီးရီးယား အမျိုးအစားဖြစ်နေလို့ ပါဟု Eric က ဆက်လက်ပြောပြသည်။ P.acnes ဗက်တီးရီးယားက အရေပြားပေါ် အညစ်အကြေးစွန့် ကြောင်း၊ ၄င်းအညစ်အကြေးတွင်ပါဝင် သည့် ပရိုတိန်းက အရေပြားကိုဖူးယောင်စေပြီး ၀က်ခြံဖြစ်ပေါ်လာစေခြင်းဖြစ်ကြောင်း၊ ၄င်းပရိုတိန်းကို တန်ပြန်နိုင်သည့် ပဋိပစ္စည်းကို သုတေသီများက တွေ့ ရှိထားခြင်းဖြစ်ပြီး ၄င်းပဋိပစ္စည်းကိုအသုံးပြုကာ ၀က်ခြံဖြစ်လာစေမည့် ပရိုတိန်းကို တိုက်ဖျက် သွားမည်ဖြစ်ကြောင်း၊ P.acnes ဗက်တီးရီးယားကိုမူ တိုက် ရိုက်သုတ်သင်မည် မဟုတ်ကြောင်း သိရသည်။
P.acnes ဗက်တီးရီးယားသည် အရေပြား၏ ရောဂါခုခံသည့်စနစ်ကို အားကောင်းစေကြောင်း၊ ထို့ ကြောင့် ၄င်းဗက်တီးရီးယားကို ရှင်းလင်းသုတ်သင်ခြင်းသည် ကောင်းကျိုးထက်ဆိုးကျိုးပိုများမည်ဖြစ်ကြောင်း၊ သို့  သော် ၄င်းကစွန့် ပစ်သည့်အညစ်အကြေးကြောင့် ၀က်ခြံဖြစ်ပေါ်သည့်အတွက် ၄င်းအညစ်အကြေးပါ ပရို တိန်းကို သတ္တိမဲ့အောင် ပြုလုပ်ခြင်းဖြင့် ၀က်ခြံကာကွယ်ဆေးကို ဖော်စပ်ထုတ်လုပ်နိုင်ရန် ကြိုးပမ်းနေခြင်း ဖြစ်ကြောင်း သိရသည်။
ရတနာပုံ သတင်းစာ
https://www.facebook.com/pg/yadanabonnewspaper
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
Sponsors
အနုပညာရှင်နှင့် လူသိများသူများ
အားကစား သတင်များ
နည်းပညာ သတင်းများ
Most Reading
အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ
သတင်းစာနှင့် ဂျာနယ်များ